ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ် ရပ်ဆိုင်းထားဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်က စာပေးပို့

ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ် ရပ်ဆိုင်းထားဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်က စာပေးပို့

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် စိုးရိမ်ရတဲ့အနေအထားကြောင့် ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်တွေကို ရပ်ဆိုင်းထား ဖို့အတွက် မွန်ပြည်နယ် အစိုးရကို ပြည်နယ်လွှတ်တော်က  မတ်လ ၁၆ ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်တွေကို ပိတ်ဖို့အစီအစဉ်မရှိကြောင်း ၊ ဘုရားဖူးလာရောက်တဲ့ သူတွေကို ကိုယ်အပူချိန် တိုင်းကရိယာနဲ့ တိုင်းတာပြီး ခွင့်ပြုမယ်လို့ ကြားသိခဲ့ရတယ် ပြည်နယ်လွှတ်တော်က ပေးပို့တဲ့စာထဲမှာ ရေးသားထား ပါတယ်။

ဒါအပြင် တချို့မြို့နယ်တွေမှာ ဘာသာ ၊ သာသနာအခြေပြုပွဲတော်တွေ ဆက်လက်ကျင်းပမယ့် အခြေအနေတွေကို ကြားသိရ တာကြောင့် COVID- 19 ကူးစက်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတယ်လို့ ပြည်နယ်လွှတ်တော်ကနေ အစိုးရအဖွဲ့ကို ပေးပို့တဲ့ ညှိနှိုင်းအကြောင်းကြားစာမှာ ပါရှိပါတယ်။

မွန်ပြည်နယ်လွှတ်တော်အနေနဲ့ မတ်လ ၁၆ ရက်နေ့က လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်ကို ဆိုင်းငံ့ခြင်းမပြုဘဲ ဆောင်ရွက်တာဟာ COVID- 19 ကို ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်နဲ့ ဆန့်ကျင် နေကြောင်း၊ ပေါင်မြို့နယ် ဇင်းကျိုက်ဘုရားပွဲတော်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာမှာ ပြုလုပ်မယ့် ဘုန်းကြီးပျံပွဲတော်နဲ့ ဆက်စပ်ပြီး ဇာတ်ပွဲကပြမှုများ ကျင်းပမယ်လို့ ကြားသိရတာကြောင့် အဲ့ဒီပွဲတော်တွေကို ဆိုင်းငံ့ထားစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီအတွက်ကြောင့် ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်အပါအဝင် ဘုရားပွဲတွေ ၊ ဘုန်းကြီးပျံပွဲတွေ ၊ ရိုးရာလက်ဝှေ့ပွဲတွေနဲ့ ဆက်စပ်နေတဲ့ ဇာတ်ပွဲတွေကို နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်နဲ့အညီ ရပ်ဆိုင်းထားသင့်တယ်လို့ ပြည်နယ်လွှတ်တော်က မွန်ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်ကို နေ့စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားတွေဟာ ၄၀၀၀ ကျော်ခန့် လာရောက်လေ့ ရှိပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ မတ် ၁၇

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ စိုးရိမ္ရတဲ့အေနအထားေၾကာင့္ က်ိဳက္ထီး႐ိုးဘုရားဖူးအစီအစဥ္ေတြကို ရပ္ဆိုင္းထား ဖို႔အတြက္ မြန္ျပည္နယ္ အစိုးရကို ျပည္နယ္လႊတ္ေတာ္က  မတ္လ ၁၆ ရက္ေန႔မွာ အေၾကာင္းၾကားစာ ေပးပို႔ခဲ့ပါတယ္။ မြန္ျပည္နယ္ အစိုးရအဖြဲ႕အေနနဲ႔ က်ိဳက္ထီး႐ိုးဘုရားဖူးအစီအစဥ္ေတြကို ပိတ္ဖို႔အစီအစဥ္မရွိေၾကာင္း ၊ ဘုရားဖူးလာေရာက္တဲ့ သူေတြကို ကိုယ္အပူခ်ိန္ တိုင္းကရိယာနဲ႔ တိုင္းတာၿပီး ခြင့္ျပဳမယ္လို႔ ၾကားသိခဲ့ရတယ္ ျပည္နယ္လႊတ္ေတာ္က ေပးပို႔တဲ့စာထဲမွာ ေရးသားထား ပါတယ္။

ဒါအျပင္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဘာသာ ၊ သာသနာအေျချပဳပြဲေတာ္ေတြ ဆက္လက္က်င္းပမယ့္ အေျခအေနေတြကို ၾကားသိရ တာေၾကာင့္ COVID- 19 ကူးစက္ေရာဂါအေျခအေနနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္ေနၾကတယ္လို႔ ျပည္နယ္လႊတ္ေတာ္ကေန အစိုးရအဖြဲ႕ကို ေပးပို႔တဲ့ ညႇိႏႈိင္းအေၾကာင္းၾကားစာမွာ ပါရွိပါတယ္။

မြန္ျပည္နယ္လႊတ္ေတာ္အေနနဲ႔ မတ္လ ၁၆ ရက္ေန႔က လႊတ္ေတာ္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးက်င္းပခဲ့ၿပီး အဲ့ဒီအစည္းအေဝးမွာ က်ိဳက္ထီး႐ိုးဘုရားဖူးအစီအစဥ္ကို ဆိုင္းငံ့ျခင္းမျပဳဘဲ ေဆာင္႐ြက္တာဟာ COVID- 19 ကို ကာကြယ္ထိန္းခ်ဳပ္မႈလုပ္ငန္းစဥ္နဲ႔ ဆန႔္က်င္ ေနေၾကာင္း၊ ေပါင္ၿမိဳ႕နယ္ ဇင္းက်ိဳက္ဘုရားပြဲေတာ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ အနင္းေက်း႐ြာမွာ ျပဳလုပ္မယ့္ ဘုန္းႀကီးပ်ံပြဲေတာ္နဲ႔ ဆက္စပ္ၿပီး ဇာတ္ပြဲကျပမႈမ်ား က်င္းပမယ္လို႔ ၾကားသိရတာေၾကာင့္ အဲ့ဒီပြဲေတာ္ေတြကို ဆိုင္းငံ့ထားေစလိုေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးခဲ့ၾကပါတယ္။

အဲ့ဒီအတြက္ေၾကာင့္ က်ိဳက္ထီး႐ိုးဘုရားဖူးအစီအစဥ္အပါအဝင္ ဘုရားပြဲေတြ ၊ ဘုန္းႀကီးပ်ံပြဲေတြ ၊ ႐ိုးရာလက္ေဝွ႔ပြဲေတြနဲ႔ ဆက္စပ္ေနတဲ့ ဇာတ္ပြဲေတြကို ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ေၾကညာခ်က္နဲ႔အညီ ရပ္ဆိုင္းထားသင့္တယ္လို႔ ျပည္နယ္လႊတ္ေတာ္က မြန္ျပည္နယ္အစိုးရအဖြဲ႕ကို အေၾကာင္းၾကားစာေပးပို႔ခဲ့တာျဖစ္ပါတယ္။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္က က်ိဳက္ထီး႐ိုးေစတီေတာ္ကို ေန႔စဥ္ ျပည္တြင္းျပည္ပ ဘုရားဖူး ခရီးသြားေတြဟာ ၄၀၀၀ ေက်ာ္ခန႔္ လာေရာက္ေလ့ ရွိပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ မတ္ ၁၇