ကျိုက်ထီးရိုး-မုဆိုးတောင်ဘက်သို့ ခရီးသည်အထုပ်ထမ်း၍ မဆင်းရန် အထမ်းသမားများကို ကန့်သတ်ထား

ကျိုက်ထီးရိုး-မုဆိုးတောင်ဘက်သို့ ခရီးသည်အထုပ်ထမ်း၍ မဆင်းရန် အထမ်းသမားများကို ကန့်သတ်ထား

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မှာ လုပ်ကိုင်နေကြတဲ့ အထမ်းသမားတွေအနေနဲ့ ခရီးသွားဧည့်သည်တွေရဲ့ အထုပ်ကိုထမ်းကာ မုတ်ဆိုးတောင် ဈေးဆိုင်တန်းဘက်ကို မသွားဖို့ ဂေါပကအဖွဲ့ကနေ ကန့်သတ်ထားတယ်လို့ အထမ်းသမားတွေဆီက သိရပါတယ်။

အဲ့ဒီလို ကန့်သတ်ထားတာဟာ ခရီးသွားဧည့်သည်တွေကို အပြိုင်အဆိုင်လုခေါ်ရင်းကနေ အထမ်းသမားတွေနဲ့ စားသောက်ဆိုင်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးထွန်းမြင့် က ပြောပြပါတယ်။

“သူတို့က ခရီးသည်ကို သူတို့အတွက် ကော်မရှင်ရတဲ့ ဆိုင်တွေကို တည်းဖို့ခေါ်သွားကြတော့ တခြားဆိုင်တွေက တိုင်ကြပါတယ်၊ ဒါကြောင့်လည်း မုတ်ဆိုးတောင်ဘက်အဆင်း မုခ်ဦးဝကနေ ခရီးသည်အထုပ်တွေကိုထမ်းပြီး မကျော်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ထို ကျိုက်ထီးရိုးစေတီတော်တစ်ဝိုက်မှာ တည်းခိုခန်းနဲ့ ဟိုတယ်တွေ ရှိနေပြီး ခရီးသွားများပြားတဲ့ အခုလိုကာလတွေမှာဆိုရင် အခါကြီးရက်ကြီးမဟုတ်တဲ့ ကြားရက်တွေမှာတောင် လာရောက်သူတွေ အများအပြား ရှိနေပါတယ်။အခါကြီးရက်ကြီးတွေမှာတော့ တည်းခိုခန်းတွေနဲ့ ဟိုတယ်တွေမှာ အခန်းပြည့်ပြီလို့ စာဖြင့်ချိတ်ဆွဲလာတဲ့အထိ လုပ်ဆောင်လာကြပေမယ့် အထမ်းသမားတွေနဲ့တစ်ဆင့် ရှာဖွေတဲ့အခါ တည်းခိုဖို့ အခန်းလွတ်များစွာလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

“ခရီးသည်ပို့ပေးရင် ဆိုင်ရှင်တွေကတော့ မုန့်ဖိုးပြန်ပေးတာပေါ့၊ တစ်ချို့လည်း လေး၊ ငါးထောင် ပေးတဲ့ ဆိုင်တွေရှိသလို တစ်ချို့လည်း တစ်သောင်းလောက်ပေးတဲ့ ဆိုင်တွေလည်း ရှိပါတယ်” လို့ အထမ်းလုပ်သားတစ်ဦးက ပြောပြပါတယ်။

တည်းခိုခတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ နှုန်းတွေအတိုင်းသာ ကောက်ခံဖို့ သတ်မှတ်ထားပေမယ့် စတင်သတ်မှတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ လိုက်နာကြတာကို တွေ့ရပြီး အခု ၂၀၁၈ ခုနှစ်ရဲ့ ခရီးသွားရာ သီကာလမှာတော့ တရားဝင် သတ်မှတ်ထားတဲ့ နှုန်းထားခတွေနဲ့ ငှားတဲ့အခန်းတွေဟာ ကုန်ပြီလို့ဆိုကာ ပါးစပ်ဈေးနဲ့ ငှားရမ်းနေရတဲ့ အခြေအနေတွေလည်း ရှိလာပါတယ်။

ဂေါပကအဖွဲ့က သတ်မှတ်ပေးထားတဲ့ အခန်းတွေဟာ တည်းခိုဆောင်တွေအလိုက် သန့်ရှင်းရေး ဆောင်ရွက်ခအတွက်သာ ကာမိတဲ့ နှုန်းထားဖြစ်သော တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ မှ ၁၂၀၀၀ ကျပ်ကြား ဖြစ်ပေမယ့် အခုလိုရာသီမှာ အဲ့ဒီလို အခန်းတွေဟာ ရှာမရဖြစ်ကြတာကြောင့် အထမ်းသမားတွေကို အကူအညီတောင်းကာ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

“ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့ အခန်းတွေက ကုန်ပါပြီ၊ လိုချင်ရင်တော့ တခြားအခန်းတွေရှိတယ်၊ နှစ်ယောက်အိပ် ရေချိုးခန်း အိမ်သာမပါ၊ ငါးသောင်း၊ ငါးသောင်းခွဲ ရမယ်” လို့လည်း ရင်ပြင်တော်အနီးက တည်းခိုခန်းမန်နေဂျာက ဆိုပါတယ်။

အဲ့ဒီလို အခန်းခတွေ မြင့်မားတာကြောင့် ရင်ပြင်တော်ပေါ်မှာ အိပ်စက်သူတွေ အများအပြားရှိလာပြီး မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေ မဖြစ်စေဖို့ ဂေါပကအဖွဲ့ကလည်း နှိုးဆော်တာတွေကို လုပ်ဆောင်လေ့ ရှိပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီေတာ္မွာ လုပ္ကိုင္ေနၾကတဲ့ အထမ္းသမားေတြအေနနဲ႔ ခရီးသြားဧည့္သည္ေတြရဲ႕ အထုပ္ကိုထမ္းကာ မုတ္ဆိုးေတာင္ ေဈးဆိုင္တန္းဘက္ကို မသြားဖို႔ ေဂါပကအဖြဲ႕ကေန ကန႔္သတ္ထားတယ္လို႔ အထမ္းသမားေတြဆီက သိရပါတယ္။

အဲ့ဒီလို ကန႔္သတ္ထားတာဟာ ခရီးသြားဧည့္သည္ေတြကို အၿပိဳင္အဆိုင္လုေခၚရင္းကေန အထမ္းသမားေတြနဲ႔ စားေသာက္ဆိုင္ေတြ ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္လည္း ျဖစ္တယ္လို႔ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ ဦးထြန္းျမင့္ က ေျပာျပပါတယ္။

“သူတို႔က ခရီးသည္ကို သူတို႔အတြက္ ေကာ္မရွင္ရတဲ့ ဆိုင္ေတြကို တည္းဖို႔ေခၚသြားၾကေတာ့ တျခားဆိုင္ေတြက တိုင္ၾကပါတယ္၊ ဒါေၾကာင့္လည္း မုတ္ဆိုးေတာင္ဘက္အဆင္း မုခ္ဦးဝကေန ခရီးသည္အထုပ္ေတြကိုထမ္းၿပီး မေက်ာ္ဖို႔ ကန႔္သတ္ထားတာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ထို က်ိဳက္ထီး႐ိုးေစတီေတာ္တစ္ဝိုက္မွာ တည္းခိုခန္းနဲ႔ ဟိုတယ္ေတြ ရွိေနၿပီး ခရီးသြားမ်ားျပားတဲ့ အခုလိုကာလေတြမွာဆိုရင္ အခါႀကီးရက္ႀကီးမဟုတ္တဲ့ ၾကားရက္ေတြမွာေတာင္ လာေရာက္သူေတြ အမ်ားအျပား ရွိေနပါတယ္။အခါႀကီးရက္ႀကီးေတြမွာေတာ့ တည္းခိုခန္းေတြနဲ႔ ဟိုတယ္ေတြမွာ အခန္းျပည့္ၿပီလို႔ စာျဖင့္ခ်ိတ္ဆြဲလာတဲ့အထိ လုပ္ေဆာင္လာၾကေပမယ့္ အထမ္းသမားေတြနဲ႔တစ္ဆင့္ ရွာေဖြတဲ့အခါ တည္းခိုဖို႔ အခန္းလြတ္မ်ားစြာလည္း ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

“ခရီးသည္ပို႔ေပးရင္ ဆိုင္ရွင္ေတြကေတာ့ မုန႔္ဖိုးျပန္ေပးတာေပါ့၊ တစ္ခ်ိဳ႕လည္း ေလး၊ ငါးေထာင္ ေပးတဲ့ ဆိုင္ေတြရွိသလို တစ္ခ်ိဳ႕လည္း တစ္ေသာင္းေလာက္ေပးတဲ့ ဆိုင္ေတြလည္း ရွိပါတယ္” လို႔ အထမ္းလုပ္သားတစ္ဦးက ေျပာျပပါတယ္။

တည္းခိုခေတြနဲ႔ ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ ႏႈန္းေတြအတိုင္းသာ ေကာက္ခံဖို႔ သတ္မွတ္ထားေပမယ့္ စတင္သတ္မွတ္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ထဲမွာ လိုက္နာၾကတာကို ေတြ႕ရၿပီး အခု ၂၀၁၈ ခုႏွစ္ရဲ႕ ခရီးသြားရာ သီကာလမွာေတာ့ တရားဝင္ သတ္မွတ္ထားတဲ့ ႏႈန္းထားခေတြနဲ႔ ငွားတဲ့အခန္းေတြဟာ ကုန္ၿပီလို႔ဆိုကာ ပါးစပ္ေဈးနဲ႔ ငွားရမ္းေနရတဲ့ အေျခအေနေတြလည္း ရွိလာပါတယ္။

ေဂါပကအဖြဲ႕က သတ္မွတ္ေပးထားတဲ့ အခန္းေတြဟာ တည္းခိုေဆာင္ေတြအလိုက္ သန႔္ရွင္းေရး ေဆာင္႐ြက္ခအတြက္သာ ကာမိတဲ့ ႏႈန္းထားျဖစ္ေသာ တစ္ဦးလွ်င္ ေငြက်ပ္ ၅၀၀၀ မွ ၁၂၀၀၀ က်ပ္ၾကား ျဖစ္ေပမယ့္ အခုလိုရာသီမွာ အဲ့ဒီလို အခန္းေတြဟာ ရွာမရျဖစ္ၾကတာေၾကာင့္ အထမ္းသမားေတြကို အကူအညီေတာင္းကာ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။

“ေဂါပကအဖြဲ႕က သတ္မွတ္ထားတဲ့ အခန္းေတြက ကုန္ပါၿပီ၊ လိုခ်င္ရင္ေတာ့ တျခားအခန္းေတြရွိတယ္၊ ႏွစ္ေယာက္အိပ္ ေရခ်ိဳးခန္း အိမ္သာမပါ၊ ငါးေသာင္း၊ ငါးေသာင္းခြဲ ရမယ္” လို႔လည္း ရင္ျပင္ေတာ္အနီးက တည္းခိုခန္းမန္ေနဂ်ာက ဆိုပါတယ္။

အဲ့ဒီလို အခန္းခေတြ ျမင့္မားတာေၾကာင့္ ရင္ျပင္ေတာ္ေပၚမွာ အိပ္စက္သူေတြ အမ်ားအျပားရွိလာၿပီး မလိုလားအပ္တဲ့ က်န္းမာေရးထိခိုက္မႈေတြ မျဖစ္ေစဖို႔ ေဂါပကအဖြဲ႕ကလည္း ႏႈိးေဆာ္တာေတြကို လုပ္ေဆာင္ေလ့ ရွိပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂