ကျောက်စိမ်းတစ်ပိဿာအပေါ် အခွန်ငွေရရှိမှု ကန်ဇွန်းရွက်(၃)စီးတန်ဖိုးသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ကျောက်စိမ်းတစ်ပိဿာအပေါ် အခွန်ငွေရရှိမှု  ကန်ဇွန်းရွက်(၃)စီးတန်ဖိုးသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ကျောက်စိမ်းတစ်ပိဿာအပေါ်နိုင်ငံတော်မှအခွန်ငွေရရှိမှုမှာ ကြက်သားတစ်ပိဿာထက် ဈေးနည်းနေပြီး ကန်ဇွန်းရွက်(၃)စီး စာသာ ရှိကြောင်း မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။ယနေ့ ကျင်းပ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက်ပုံမှန်အ စည်းအဝေး ၁၃ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ မှပေးပို့သော ၂၀၁၈- ၁၉ခု ဘဏ္ဍာရေး နှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ဒုတိယ၆လပတ်အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ၂/၂၀၂၀တို့နှင့်စပ်လျဉ်း၍ ဆွေး နွေးရာတွင် ဦးစိုင်းထွန်းအေး ကအထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

"ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍမှာစုစုပေါင်း ကောက်ခံရရှိငွေဟာ ကျပ်(၁၅.၆၀၈)ဘီလီယံ ဖြစ်ပြီးတော့ အဲ့ဒီနှစ် အတွင်းမှာ တူးဖော် ထုတ်လုပ်ခဲ့တဲ့ကျောက်စိမ်းတန်ချိန်ဟာ(၃၅၁၄၃)တန်ဖြစ်ပါတယ်။ဒီအတွက် ကျောက်စိမ်း တစ်ကီလိုဂရမ် အပေါ်ရရှိတဲ့ ရတနာခွန် ဟာမြန်မာကျပ်ငွေ၄၄၄ကျပ်ဖြစ်ပြီးလက်ဖက်ရည်တစ်ခွက် တန်ဖိုး လောက်ပဲ ရရှိနေတာဖြစ်ပါတယ်။ပိဿာအနေနဲ့တွက်မယ် ဆိုရင်တော့ တစ်ပိဿာကို ၇၂၅ကျပ် လောက်သာရရှိတဲ့ အနေအထားကို တွေ့ရမှာဖြစ်လို့ ကျောက်စိမ်းတစ်ပိဿာကို ရရှိတဲ့ အခွန်နှုန်း ထားဟာကြက်သား တစ်ပိဿာ ထက်ဈေးနည်းနေပြီးတော့ ကန်စွန်းရွက်သုံးစီးစာလောက်သာဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် လွန်ခဲ့တဲ့ဘဏ္ဍာရေးနှစ်နဲ့နှိုင်းယှဉ်ပါကကျောက်စိမ်းအပေါ်အခွန်ငွေရရှိမှုဟာလျော့နည်းသွားတာတွေ့ရပါတယ်"ဟု ဦးစိုင်းထွန်းအေး ထောက်ပြ ဆွေးနွေးသွား ခဲ့ပါတယ်။

 ယင်းအပြင်သဘာဝသယံဇာတ နှင့်ပတ်သက်သည့်အခွန်တွေ တိုးတက်၍ရရှိလာနေခြင်းဟာ သယံဇာ တတွေကို ပိုမိုထုတ်ယူနေသည့် သဘော သက်ရောက်တာကြောင့် အဖိုးတန်သဘာဝသယံဇာတအရင်းအမြစ် များအ ချိန်တိုအတွင်းမှာ ကုန်ခမ်းသွားခြင်းမျိုး မဖြစ်ပေါ် စေဖို့အတွက် ထုတ်လုပ်မှု များပြားမလာအောင် ထိန်းချုပ်သင့်ပါကြောင်း၊ ထုတ်လုပ်တိုးတက်လာ၍ သယံဇာတ အခွန်တွေ တိုးတက် ရရှိနေခြင်းဟာ မဖြစ်သင့်ပါကြောင်း၊ ရတနာခွန်ကောက်ခံရာမှာလည်း အလေးချိန်အပေါ်မှာ သာ ကောက်ခံနေပြီး အရည်အသွေး အပေါ်တွက်ချက် ကောက်ခံ မှုမရှိခြင်းကြောင့်ထုတ်လုပ်မှုများ နေပေမယ့်လည်း အခွန်ရရှိမှုနှုန်း ကလျော့နည်းနေတာကို လေ့လာ တွေ့ရှိရပါကြောင်း၊၂၀၁၈ ၂၀၁၉ဘဏ္ဍာနှစ်မှာ ကျောက်မျက်ရတနာစုစုပေါင်း ကာရက်၁.၈၅၂တန် ထုတ်လုပ်ခဲ့ တယ်လို့ဖော်ပြထားပြီး ကောက်ခံရရှိတဲ့ရတနာခွန် ကတော့ ကျပ်သိန်း၈၂၀သာစာရင်းဝင်ထားပါ ကြောင်း၊ ဒီအတွက်နိုင်ငံတော်အနေနဲ့ ကျောက်မျက် ကဏ္ဍ ရတနာအခွန်ကနေ တစ်ကာရက် အတွက်၄၄ကျပ်သာရရှိတဲ့ အနေအထား ဖြစ်နေပါကြောင်း၊ ရတနာခွန်ရရှိမှုနှုန်းထား နည်းပါးနေပြီး ထုတ်လုပ်မှု များပြားနေခြင်းသည် တိုင်းပြည်အတွက် ပို၍ ဆုံးရှုံးနစ်နာစေသည့် အတွက်ကြောင့် သယံဇာတ အခွန်များအပေါ်မှ အခွန်ငွေတိုးတက်ရရှိ လာခြင်းကို အားမပေးလိုကြောင်း ဦးစိုင်းထွန်းအေးမှ ထည့်သွင်းပြောကြားခဲ့ပါတယ်။

KO
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၆

(  Zawgyi  )

 ေက်ာက္စိမ္းတစ္ပိႆာအေပၚႏိုင္ငံေတာ္မွအခြန္ေငြရရွိမႈမွာ ၾကက္သားတစ္ပိႆာထက္ ေဈးနည္းေနၿပီး ကန္ဇြန္း႐ြက္(၃)စီး စာသာ ရွိေၾကာင္း မိုင္းရႉးမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအး ေထာက္ျပေဆြးေႏြးသြားခဲ့ပါတယ္။ယေန႔ က်င္းပ ျပဳလုပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ ၁၅ႀကိမ္ေျမာက္ပုံမွန္အ စည္းအေဝး ၁၃ရက္ေျမာက္ေန႔ အစီအစဥ္တြင္ ျပည္ေထာင္စု အစိုးရအဖြဲ႕ မွေပးပို႔ေသာ ၂၀၁၈- ၁၉ခု ဘ႑ာေရး ႏွစ္ ျပည္ေထာင္စုဝန္ႀကီးဌာန အဖြဲ႕အစည္းမ်ား၏ ဒုတိယ၆လပတ္အခြန္ရေငြမ်ားႏွင့္ ၎အေပၚ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာ ၂/၂၀၂၀တို႔ႏွင့္စပ္လ်ဥ္း၍ ေဆြး ေႏြးရာတြင္ ဦးစိုင္းထြန္းေအး ကအထက္ပါအတိုင္း ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္ပါတယ္။

"ေက်ာက္စိမ္းထုတ္လုပ္မႈက႑မွာစုစုေပါင္း ေကာက္ခံရရွိေငြဟာ က်ပ္(၁၅.၆၀၈)ဘီလီယံ ျဖစ္ၿပီးေတာ့ အဲ့ဒီႏွစ္ အတြင္းမွာ တူးေဖာ္ ထုတ္လုပ္ခဲ့တဲ့ေက်ာက္စိမ္းတန္ခ်ိန္ဟာ(၃၅၁၄၃)တန္ျဖစ္ပါတယ္။ဒီအတြက္ ေက်ာက္စိမ္း တစ္ကီလိုဂရမ္ အေပၚရရွိတဲ့ ရတနာခြန္ ဟာျမန္မာက်ပ္ေငြ၄၄၄က်ပ္ျဖစ္ၿပီးလက္ဖက္ရည္တစ္ခြက္ တန္ဖိုး ေလာက္ပဲ ရရွိေနတာျဖစ္ပါတယ္။ပိႆာအေနနဲ႔တြက္မယ္ ဆိုရင္ေတာ့ တစ္ပိႆာကို ၇၂၅က်ပ္ ေလာက္သာရရွိတဲ့ အေနအထားကို ေတြ႕ရမွာျဖစ္လို႔ ေက်ာက္စိမ္းတစ္ပိႆာကို ရရွိတဲ့ အခြန္ႏႈန္း ထားဟာၾကက္သား တစ္ပိႆာ ထက္ေဈးနည္းေနၿပီးေတာ့ ကန္စြန္း႐ြက္သုံးစီးစာေလာက္သာျဖစ္ေနတာကိုေတြ႕ရမွာျဖစ္ပါတယ္။ဒါေၾကာင့္ လြန္ခဲ့တဲ့ဘ႑ာေရးႏွစ္နဲ႔ႏႈိင္းယွဥ္ပါကေက်ာက္စိမ္းအေပၚအခြန္ေငြရရွိမႈဟာေလ်ာ့နည္းသြားတာေတြ႕ရပါတယ္"ဟု ဦးစိုင္းထြန္းေအး ေထာက္ျပ ေဆြးေႏြးသြား ခဲ့ပါတယ္။

 ယင္းအျပင္သဘာဝသယံဇာတ ႏွင့္ပတ္သက္သည့္အခြန္ေတြ တိုးတက္၍ရရွိလာေနျခင္းဟာ သယံဇာ တေတြကို ပိုမိုထုတ္ယူေနသည့္ သေဘာ သက္ေရာက္တာေၾကာင့္ အဖိုးတန္သဘာဝသယံဇာတအရင္းအျမစ္ မ်ားအ ခ်ိန္တိုအတြင္းမွာ ကုန္ခမ္းသြားျခင္းမ်ိဳး မျဖစ္ေပၚ ေစဖို႔အတြက္ ထုတ္လုပ္မႈ မ်ားျပားမလာေအာင္ ထိန္းခ်ဳပ္သင့္ပါေၾကာင္း၊ ထုတ္လုပ္တိုးတက္လာ၍ သယံဇာတ အခြန္ေတြ တိုးတက္ ရရွိေနျခင္းဟာ မျဖစ္သင့္ပါေၾကာင္း၊ ရတနာခြန္ေကာက္ခံရာမွာလည္း အေလးခ်ိန္အေပၚမွာ သာ ေကာက္ခံေနၿပီး အရည္အေသြး အေပၚတြက္ခ်က္ ေကာက္ခံ မႈမရွိျခင္းေၾကာင့္ထုတ္လုပ္မႈမ်ား ေနေပမယ့္လည္း အခြန္ရရွိမႈႏႈန္း ကေလ်ာ့နည္းေနတာကို ေလ့လာ ေတြ႕ရွိရပါေၾကာင္း၊၂၀၁၈ ၂၀၁၉ဘ႑ာႏွစ္မွာ ေက်ာက္မ်က္ရတနာစုစုေပါင္း ကာရက္၁.၈၅၂တန္ ထုတ္လုပ္ခဲ့ တယ္လို႔ေဖာ္ျပထားၿပီး ေကာက္ခံရရွိတဲ့ရတနာခြန္ ကေတာ့ က်ပ္သိန္း၈၂၀သာစာရင္းဝင္ထားပါ ေၾကာင္း၊ ဒီအတြက္ႏိုင္ငံေတာ္အေနနဲ႔ ေက်ာက္မ်က္ က႑ ရတနာအခြန္ကေန တစ္ကာရက္ အတြက္၄၄က်ပ္သာရရွိတဲ့ အေနအထား ျဖစ္ေနပါေၾကာင္း၊ ရတနာခြန္ရရွိမႈႏႈန္းထား နည္းပါးေနၿပီး ထုတ္လုပ္မႈ မ်ားျပားေနျခင္းသည္ တိုင္းျပည္အတြက္ ပို၍ ဆုံးရႈံးနစ္နာေစသည့္ အတြက္ေၾကာင့္ သယံဇာတ အခြန္မ်ားအေပၚမွ အခြန္ေငြတိုးတက္ရရွိ လာျခင္းကို အားမေပးလိုေၾကာင္း ဦးစိုင္းထြန္းေအးမွ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္ ၊ ေဖေဖာ္ဝါရီ ၂၆