ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တရုတ်နိုင်ငံ CITIC Consortium မှ ၇၀ ရာခိုင်နူန်း၊ မြန်မာဘက်မှ ၃၀ ရာခိုင်နူန်း၊ ရှယ်ယာ အချိုးဖြင့်အဆင့်လိုက် ဆောင်ရွက်သွားမည်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တရုတ်နိုင်ငံ CITIC Consortium မှ ၇၀ ရာခိုင်နူန်း၊ မြန်မာဘက်မှ ၃၀  ရာခိုင်နူန်း၊ ရှယ်ယာ အချိုးဖြင့်အဆင့်လိုက် ဆောင်ရွက်သွားမည်

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံCITIC Consortiumမှ ရှယ်ယာ အချိုး(၇၀) ရာခိုင်နူန်း၊ မြန်မာဖက်မှ (၃၀)ရာခိုင်နူန်း ဖြင့်အဆင့်လိုက် ရင်းနှီးမြုပ်နှံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးမှပြောပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် လှိုင်းဘွဲ့ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးခင်ချိုမှ နိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုံ၊ ထားဝယ်စီးပွားရေးဇုံနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုံတို့ အခြေအနေများနှင့် ပတ်သက်ပြီး သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက် ကို ၂၀၁၈ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် နေပြည်တော်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consorti um တို့ နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျောက်ဖြူအထူး စီးပွားရေးဇုံ ရေနက် ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူ စာချုပ်တို့ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး စာချွန်လွှာများကို (၂၀၂၀ခုနှစ်၊ဇန်နဝါရီလ (၁၈)ရက် နေ့ မှာ လဲလှယ်ခဲ့ကြပါတယ်။ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consortium နှင့် မြန်မာဖက်မှ   ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ (၄၂)ခု ပါဝင်သော မြန်မာကျောက်ဖြူ အထူးစီးပွားရေး ဇုံဟိုး(လ်)ဒင်း ကုမ္ပဏီ အုပ်စုများ နှင့် သက်ဆိုင်သော ကုမ္ပဏီတို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်တယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consortium မှ ရှယ်ယာအချိုး (၇၀%) ဖြင့်လည်းကောင်း၊မြန်မာဖက်မှ (၃၀%)ဖြင့်လည်းကောင်း အဆင့်အလိုက် ရင်းနှီးမြုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံဖြင့် စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိ့နှိုင်းနေပါတယ်၊ စက်မှုစီမံကိန်းကိုလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC Consortium ဘက်မှ ရှယ်ယာအချိုး (၅၁%) ဖြင့် လည်း ကောင်း၊ မြန်မာဘက်မှ(၄၉%)ဖြင့် လည်းကောင်း ရင်းနှီးမြုပ်နှံမှု ငွေ အမေရိကန်ဒေါ်လာ (၃၀)သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါတယ် “ဟုစီးပွားကူးသန်း ဒုတိယဝန်ကြီး ဦးအောင်ထူးမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၁၄။

 

(  Zawgyi   )

 ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံCITIC Consortiumမွ ရွယ္ယာ အခ်ိဳး(၇၀) ရာခိုင္ႏူန္း၊ ျမန္မာဖက္မွ (၃၀)ရာခိုင္ႏူန္း ျဖင့္အဆင့္လိုက္ ရင္းႏွီးျမဳပ္ႏွံ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးဦးေအာင္ထူးမွေျပာပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၅)ႀကိမ္ ေျမာက္ ပုံမွန္အစည္းအေဝး သတၱမေန႔အစီအစဥ္တြင္ လႈိင္းဘြဲ႕ မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးခင္ခ်ိဳမွ ႏိုင္ငံအတြင္း ေဆာင္႐ြက္လ်က္ရွိေသာ သီလဝါ အထူးစီးပြားေရးဇုံ၊ ထားဝယ္စီးပြားေရးဇုံႏွင့္ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုံတို႔ အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး သိလိုျခင္းႏွင့္ စပ္လ်ဥ္းသည့္ ေမးျမန္းမႈ အေပၚ ျပန္လည္ ေျဖၾကားရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္း မူေဘာင္ သေဘာတူညီခ်က္ ကို ၂၀၁၈ခုႏွစ္၊ႏိုဝင္ဘာလ(၈)ရက္ေန႔တြင္ ေနျပည္ေတာ္တြင္ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုံ စီမံခန႔္ခြဲမႈ ေကာ္မတီႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ CITIC Consorti um တို႔ ႏွစ္ဖက္အျပန္အလွန္ လက္မွတ္ေရးထိုးေဆာင္႐ြက္ၿပီးျဖစ္ပါတယ္။ ေက်ာက္ျဖဴအထူး စီးပြားေရးဇုံ ေရနက္ ဆိပ္ကမ္း စီမံကိန္း ဆိုင္ရာ သေဘာတူစာခ်ဳပ္ႏွင့္ အစုရွယ္ယာမ်ားႏွင့္ သက္ဆိုင္ေသာ သေဘာတူ စာခ်ဳပ္တို႔ကို လက္မွတ္ေရးထိုး ႏိုင္ခဲ့ၿပီး စာခြၽန္လႊာမ်ားကို (၂၀၂၀ခုႏွစ္၊ဇန္နဝါရီလ (၁၈)ရက္ ေန႔ မွာ လဲလွယ္ခဲ့ၾကပါတယ္။ ေရနက္ဆိပ္ကမ္းႏွင့္ စက္မႈဇုံစီမံကိန္းကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ CITIC Consortium ႏွင့္ ျမန္မာဖက္မွ   ပုဂၢလိက ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီ (၄၂)ခု ပါဝင္ေသာ ျမန္မာေက်ာက္ျဖဴ အထူးစီးပြားေရး ဇုံဟိုး(လ္)ဒင္း ကုမၸဏီ အုပ္စုမ်ား ႏွင့္ သက္ဆိုင္ေသာ ကုမၸဏီတို႔ ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္တယ္။

ေရနက္ဆိပ္ကမ္းစီမံကိန္းကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ CITIC Consortium မွ ရွယ္ယာအခ်ိဳး (၇၀%) ျဖင့္လည္းေကာင္း၊ျမန္မာဖက္မွ (၃၀%)ျဖင့္လည္းေကာင္း အဆင့္အလိုက္ ရင္းႏွီးျမဳပ္ႏွံမႈျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး၊ ပထမအဆင့္အေနျဖင့္ အေမရိကန္ေဒၚလာ (၁.၃)ဘီလီယံျဖင့္ စတင္အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ညႇိ႔ႏႈိင္းေနပါတယ္၊ စက္မႈစီမံကိန္းကိုလည္း တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ CITIC Consortium ဘက္မွ ရွယ္ယာအခ်ိဳး (၅၁%) ျဖင့္ လည္း ေကာင္း၊ ျမန္မာဘက္မွ(၄၉%)ျဖင့္ လည္းေကာင္း ရင္းႏွီးျမဳပ္ႏွံမႈ ေငြ အေမရိကန္ေဒၚလာ (၃၀)သန္း ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ပါတယ္ “ဟုစီးပြားကူးသန္း ဒုတိယဝန္ႀကီး ဦးေအာင္ထူးမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၁၄။