ကျောင်းဖွင့်ရာသီအမီ ရန်ကုန်ကားဈေးကွက် အနည်းငယ် အရောင်းအဝယ်ပြန်ဖြစ်လာဟုဆို

ကျောင်းဖွင့်ရာသီအမီ ရန်ကုန်ကားဈေးကွက်  အနည်းငယ် အရောင်းအဝယ်ပြန်ဖြစ်လာဟုဆို

အရောင်း၊အဝယ်အေးစက်နေတဲ့ရန်ကုန်ကားဈေးကွက်ဟာအခုလပိုင်းအတွင်းမှာတော့ အရောင်း၊အဝယ်အနည်းငယ်ပြန်လိုက်လာပြီး ဒါဟာမကြာမီရောက်ရှိတော့မယ့်ကျောင်းဖွင့်ရာသီကြောင့် လုပ်ငန်းသုံးနှင့်အိမ်စီးကားတွေပြန်လည်ရောင်းချရတာမျိုးတွေရှိလာတယ်လို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ  တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးငွေဇံ ကပြောပါတယ်။

“အရောင်း၊အဝယ်ကတေ့ာဒီရက်ပိုင်းမှာကျောင်းဖွင့်ရာသီဖြစ်လို့အရောင်း၊အဝယ်နည်းနည်းလေးပြန်လိုက်လာတယ်။ဂျပန်တစ်ပတ်ရစ်တွေအနည်းငယ်ဈေးတက်ပါတယ်။သိန်း(၃၀)လောက်တက်တယ်။ရောင်းရတာကပွိုင့်သရီး ကားတွေရောင်းရတယ်။အိမ်စီးကားလေးတွေ နည်းနည်းရောင်းရတယ် လုပ်ငန်းသုံး ကားတွေအရောင်းအဝယ်ဖြစ်တယ်။ ဟိုရက်ပိုင်းနံပါတ်အနီရောင်းရတယ်။ အခုရောင်းရတာ ကပွိုင့် သရီးတွေပေါ့လေ ကျန်တာကတော့သိပ်မရောင်းရပါဘူးပုံမှန်အတိုင်းပါပဲ။”လို့ ဦးငွေဇံ ကပြောပြပါတယ်။

ကားတင်သွင်းခွင့်နှင့်ပတ်သက်သည့် မူဝါဒများနှင့်ရန်ကုန်လိုင်စင်ကိစ္စရပ်များကြောင့်ကားဈေးကွက်တွင် အရောင်းအဝယ်နည်းပါးမှုရှိခဲ့တာဖြစ်ပြီး လတ်တလောကျောင်းဖွင့်ရာသီအမီမှာတော့ရန်ကုန်ကားဈေးကွက်တွင် အင်ဂျင်ပါဝါ(၁.၃)မှ(၂.ဝ)ရှိသော ဈေးနှုန်းကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိ ပရိုဘောက် ဖီဒါ ဟိုက်ဂျက်အမျိုးအစား ကားများသာအရောင်းအဝယ် ဖြစ်လျက်ရှိကာ မော်ဒယ်မြင့်ကားတွေကတော့ အရောင်းအဝယ် ပြုလုပ်ရတာ နည်းပါးတယ်လို့ ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။

ဒါ့အပြင်လက်ရှိတွင် တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းလုပ်ငန်းရှင်တွေအနေနဲ့ အစိုးရ ရဲ့ကားတင်သွင်းခွင့် မူဝါဒအပြောင်းအလဲနှင့် ရန်ကုန် လိုင်စင်စနစ်(YVQC)ခွင့်ပြုပေးမှု၊မပေးမှုအပေါ်စောင့်ကြည့်နေရပြီး ရန်ကုန်ကားဈေးကွက်မှာတော့လိုင်စင်နံပါတ်ကျပြီး တပတ်ရစ် ဂျပန်ကား အဟောင်းများသာ ဆက်လက်အရောင်းအဝယ် ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“အခုကာလကတော့အရောင်း၊အဝယ်လေးပြန်ဖြစ်တာပေါ့လုပ်ငန်းသုံးမယ့်သူတွေဝယ်ကြတာများတယ်။အခုကာလအပြီးလာမယ့်မိုးတွင်းဇွန်၊ဇူလိုင်ဆိုရင်တော့ကားဈေးကွက်ကပြန်အေးသွားတယ်။ဒါကတော့ထုံးစံပါပဲ။”လို့ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုသားငယ် ကပြောကြား ခဲ့ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၇

(  Zawgyi  )

 အေရာင္း၊အဝယ္ေအးစက္ေနတဲ့ရန္ကုန္ကားေဈးကြက္ဟာအခုလပိုင္းအတြင္းမွာေတာ့ အေရာင္း၊အဝယ္အနည္းငယ္ျပန္လိုက္လာၿပီး ဒါဟာမၾကာမီေရာက္ရွိေတာ့မယ့္ေက်ာင္းဖြင့္ရာသီေၾကာင့္ လုပ္ငန္းသုံးႏွင့္အိမ္စီးကားေတြျပန္လည္ေရာင္းခ်ရတာမ်ိဳးေတြရွိလာတယ္လို႔ လႈိင္ယာဥ္ေရာင္းဝယ္ေရးစခန္းမွ  တစ္ပိုင္တစ္ႏိုင္ကားဝယ္ေရာင္းလုပ္ကိုင္သူ ဦးေငြဇံ ကေျပာပါတယ္။

“အေရာင္း၊အဝယ္ကေတ့ာဒီရက္ပိုင္းမွာေက်ာင္းဖြင့္ရာသီျဖစ္လို႔အေရာင္း၊အဝယ္နည္းနည္းေလးျပန္လိုက္လာတယ္။ဂ်ပန္တစ္ပတ္ရစ္ေတြအနည္းငယ္ေဈးတက္ပါတယ္။သိန္း(၃၀)ေလာက္တက္တယ္။ေရာင္းရတာကပြိဳင့္သရီး ကားေတြေရာင္းရတယ္။အိမ္စီးကားေလးေတြ နည္းနည္းေရာင္းရတယ္ လုပ္ငန္းသုံး ကားေတြအေရာင္းအဝယ္ျဖစ္တယ္။ ဟိုရက္ပိုင္းနံပါတ္အနီေရာင္းရတယ္။ အခုေရာင္းရတာ ကပြိဳင့္ သရီးေတြေပါ့ေလ က်န္တာကေတာ့သိပ္မေရာင္းရပါဘူးပုံမွန္အတိုင္းပါပဲ။”လို႔ ဦးေငြဇံ ကေျပာျပပါတယ္။

ကားတင္သြင္းခြင့္ႏွင့္ပတ္သက္သည့္ မူဝါဒမ်ားႏွင့္ရန္ကုန္လိုင္စင္ကိစၥရပ္မ်ားေၾကာင့္ကားေဈးကြက္တြင္ အေရာင္းအဝယ္နည္းပါးမႈရွိခဲ့တာျဖစ္ၿပီး လတ္တေလာေက်ာင္းဖြင့္ရာသီအမီမွာေတာ့ရန္ကုန္ကားေဈးကြက္တြင္ အင္ဂ်င္ပါဝါ(၁.၃)မွ(၂.ဝ)ရွိေသာ ေဈးႏႈန္းက်ပ္သိန္း ၂၀၀ ဝန္းက်င္ရွိ ပ႐ိုေဘာက္ ဖီဒါ ဟိုက္ဂ်က္အမ်ိဳးအစား ကားမ်ားသာအေရာင္းအဝယ္ ျဖစ္လ်က္ရွိကာ ေမာ္ဒယ္ျမင့္ကားေတြကေတာ့ အေရာင္းအဝယ္ ျပဳလုပ္ရတာ နည္းပါးတယ္လို႔ ၎ကဆက္လက္ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္လက္ရွိတြင္ တစ္ပိုင္တစ္ႏိုင္ကားဝယ္ေရာင္းလုပ္ငန္းရွင္ေတြအေနနဲ႔ အစိုးရ ရဲ႕ကားတင္သြင္းခြင့္ မူဝါဒအေျပာင္းအလဲႏွင့္ ရန္ကုန္ လိုင္စင္စနစ္(YVQC)ခြင့္ျပဳေပးမႈ၊မေပးမႈအေပၚေစာင့္ၾကည့္ေနရၿပီး ရန္ကုန္ကားေဈးကြက္မွာေတာ့လိုင္စင္နံပါတ္က်ၿပီး တပတ္ရစ္ ဂ်ပန္ကား အေဟာင္းမ်ားသာ ဆက္လက္အေရာင္းအဝယ္ ျဖစ္ႏိုင္တဲ့ အေျခအေနမွာ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

“အခုကာလကေတာ့အေရာင္း၊အဝယ္ေလးျပန္ျဖစ္တာေပါ့လုပ္ငန္းသုံးမယ့္သူေတြဝယ္ၾကတာမ်ားတယ္။အခုကာလအၿပီးလာမယ့္မိုးတြင္းဇြန္၊ဇူလိုင္ဆိုရင္ေတာ့ကားေဈးကြက္ကျပန္ေအးသြားတယ္။ဒါကေတာ့ထုံးစံပါပဲ။”လို႔ကားဝယ္ေရာင္းလုပ္ကိုင္သူ ကိုသားငယ္ ကေျပာၾကား ခဲ့ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၇