ကျောင်းသား/သူ ၉၇၀၀၀၀ ကျော်ဝင်ဖြေမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲ ဖြေဆိုရန် အများဆုံးစာရင်းသွင်းထား

ကျောင်းသား/သူ ၉၇၀၀၀၀ ကျော်ဝင်ဖြေမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲ ဖြေဆိုရန် အများဆုံး စာရင်းသွင်းထား

မတ်လ ၁၁ ရက်မှာ စတင်ကျင်းပမယ့် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားကြပြီး ယင်းအနက်မှာ ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲမှာ ၅၈၂၀၀၀ ကျော်ဖြင့် အများဆုံးစာရင်းသွင်းထားကြကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ယခုနှစ်အတွက် ဖြေဆိုဖို့ စာရင်းသွင်းထားသူတွေဟာ ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲမှာ ၅၈၂၁၄၉ ဦး၊ ဓာတု၊ ရူပ၊ ဇီ၀ ဘာသာတွဲမှာ ၂၁၁၁၂၄ ဦး၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဘာသာတွဲမှာ ၁၇၃၂၀၅ ဦး၊ ဓာတု၊ ရူပ၊ ပထဝီ ဘာသာတွဲမှာ ၃၁၈၅ ဦး၊ ဓာတု၊ ရူပ၊ သမိုင်း ဘာသာတွဲမှာ ၅၄၁ ဦး၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲမှာ ၁၀ ဦး၊ သမိုင်း၊ ဘောဂ၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲမှာ တစ်ဦး အစရှိသဖြင့် စုစုပေါင်း ၉၇၀၂၁၅ ဦး ဟာ ဝင်ရောက်ဖြေဆိုဖို စာရင်းသွင်းထားတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။ ယခုနှစ်မှာ ထူးခြားတာက စိတ်ကြိုက် မြန်မာစာဖြေဆိုသူ ယခင်နှစ်က တစ်ဦးသာရှိရာမှ ယခုနှစ်မှာ ၁၁ ဦးအထိ ရှိလာပြီး ပိုမိုများပြားလာသလို ယခင်နှစ်က စာစစ်ဌာနပေါင်း ၁၈၈၆ ခုသာ ဖွင့်လှစ်ပေးခဲ့ရာမှ ယခုနှစ်မှာ ၁၉၉၉ ခုအထိ တိုးချဲ့ဖွင့်လှစ် ပေးထားကြောင်း၊ ကျန်းမာရေး မကောင်းတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးရုံစာဖြေဌာနအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံတို့မှာ ဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် အကျဉ်းကျနေတဲ့ အကျဉ်းသား ၁၈၈ ဦးဟာလည်း ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားပြီး အကျဉ်းဦးစီးဌာနအောက်က အကျဉ်းထောင်အသီးသီးနေ ဖြေဆိုမယ့်သူတွေအတွက် စာစစ်ဌာန ၁၀ခုကိုလည်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မတ် ၁၀

(  Zawgyi  )

 မတ္လ ၁၁ ရက္မွာ စတင္က်င္းပမယ့္ ၂၀၂၀ တကၠသိုလ္ဝင္စာေမးပြဲမွာ ျမန္မာတစ္ႏိုင္ငံလုံးမွ ေက်ာင္းသား၊ ေက်ာင္းသူ ေပါင္း ၉၇၀၀၀၀ ေက်ာ္ ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းသြင္းထားၾကၿပီး ယင္းအနက္မွာ ဓာတု၊ ႐ူပ၊ ေဘာဂ ဘာသာတြဲမွာ ၅၈၂၀၀၀ ေက်ာ္ျဖင့္ အမ်ားဆုံးစာရင္းသြင္းထားၾကေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

ယခုႏွစ္အတြက္ ေျဖဆိုဖို႔ စာရင္းသြင္းထားသူေတြဟာ ဓာတု၊ ႐ူပ၊ ေဘာဂ ဘာသာတြဲမွာ ၅၈၂၁၄၉ ဦး၊ ဓာတု၊ ႐ူပ၊ ဇီ၀ ဘာသာတြဲမွာ ၂၁၁၁၂၄ ဦး၊ ပထဝီ၊ သမိုင္း၊ ေဘာဂ ဘာသာတြဲမွာ ၁၇၃၂၀၅ ဦး၊ ဓာတု၊ ႐ူပ၊ ပထဝီ ဘာသာတြဲမွာ ၃၁၈၅ ဦး၊ ဓာတု၊ ႐ူပ၊ သမိုင္း ဘာသာတြဲမွာ ၅၄၁ ဦး၊ ပထဝီ၊ သမိုင္း၊ စိတ္ႀကိဳက္ျမန္မာစာ ဘာသာတြဲမွာ ၁၀ ဦး၊ သမိုင္း၊ ေဘာဂ၊ စိတ္ႀကိဳက္ျမန္မာစာ ဘာသာတြဲမွာ တစ္ဦး အစရွိသျဖင့္ စုစုေပါင္း ၉၇၀၂၁၅ ဦး ဟာ ဝင္ေရာက္ေျဖဆိုဖို စာရင္းသြင္းထားတာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက သိရပါတယ္။ ယခုႏွစ္မွာ ထူးျခားတာက စိတ္ႀကိဳက္ ျမန္မာစာေျဖဆိုသူ ယခင္ႏွစ္က တစ္ဦးသာရွိရာမွ ယခုႏွစ္မွာ ၁၁ ဦးအထိ ရွိလာၿပီး ပိုမိုမ်ားျပားလာသလို ယခင္ႏွစ္က စာစစ္ဌာနေပါင္း ၁၈၈၆ ခုသာ ဖြင့္လွစ္ေပးခဲ့ရာမွ ယခုႏွစ္မွာ ၁၉၉၉ ခုအထိ တိုးခ်ဲ႕ဖြင့္လွစ္ ေပးထားေၾကာင္း၊ က်န္းမာေရး မေကာင္းတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေဆး႐ုံစာေျဖဌာနအျဖစ္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးနဲ႔ ေျမာက္ဥကၠလာပေဆး႐ုံတို႔မွာ ဖြင့္လွစ္ထားပါတယ္။

ဒါ့အျပင္ အက်ဥ္းက်ေနတဲ့ အက်ဥ္းသား ၁၈၈ ဦးဟာလည္း ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းသြင္းထားၿပီး အက်ဥ္းဦးစီးဌာနေအာက္က အက်ဥ္းေထာင္အသီးသီးေန ေျဖဆိုမယ့္သူေတြအတြက္ စာစစ္ဌာန ၁၀ခုကိုလည္း ဖြင့္လွစ္ေပးထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ မတ္ ၁၀