ကျောင်းဧရိယာအတွင်းအေးချမ်းစွာပညာသင်ကြားခွင့်ပေးရန် ပညာရေးဒုဝန်ကြီးတောင်းဆို။

ကျောင်းဧရိယာအတွင်းအေးချမ်းစွာပညာသင်ကြားခွင့်ပေးရန် ပညာရေးဒုဝန်ကြီးတောင်းဆို။

ရခိုင်ပြည်နယ်ဘူသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်း လက်နက်ကြီး ကျရောက်မှုနှင့် ကျောင်းဧရိယာ အတွင်းမလုပ်ကျရန်နှင့်အေးချမ်းစွာပညာသင်ကြားခွင့်ပေးရေးပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက တောင်းဆို လိုက်ပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ အစီအစဉ် အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းမီဒီယာသမားအားယခုကဲ့သို့ ပြောကြားခဲ့ပါတယ်။

"မလုပ်ကျပါနဲ့ပေါ့ဗျာ။ကျနော်တို့ကတော့ မည်သည့်ခွဲခြားမှုမှမရှိဘူး စာသင်ချင်လားလာခဲ့၊ စာမေးပွဲဖြေချင် လားလာခဲ့၊ ပညာရေးကိုဘဲ အားပေးတာ၊အခုနလို့လက်နက်ကြီးကျည်ကျတာ၊နောက်ပစ်လိုက်တာကျနော်တို့ကျောင်းသား/သူ၊ဆရာ/မတွေထိ တာတို့ရှိတယ်။ အဲ့ဒါကို ကျနော်တို့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်။ တတ်အားသရွေ့လည်ကျနော် အစီအစဉ်နဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးပါတယ်။

အဲ့တော့ဝိုင်းပြီးပြောပေးပါဗျာ။မီဒီယာကတစ်ဆင့်ကျောင်းဧရိယာအတွင်းမလုပ်ကျပါနဲ့အေးချမ်းစွာနဲ့ပညာသင်ကြားခွင့်ပေးပါလို့ဒီလိုဘဲပြောချင်ပါတယ်"ဟုပညာရေးဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းမှပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အတွင်း၂၀၂၀ပြည်နှစ် တက္ကသိုလ် ဝင် စာမေးပွဲများ အတွက်စာစစ်ဌာန(၂)ကိုယာယီပြောင်းရွေ့မည့်အစီအစဉ်နှင့်ပတ်သက်၍လည်း" ပြည်နယ် အစိုးရရဲ့ သဘောထားပေါ့၊ လုံးခြုံရေးအရဆောင်ရွက်ပေးနိုင်တယ် မဆောင်ရွက်ပေးနိုင်ဘူး၊ သင့်တော်တယ်၊ မသင့်တော်ဘူး အမိန့်ခံပြီးမှ ဆရာတို့က   စစ်ပေးမှာ။

ဘာကြောင့်လည်းဆိုတော့မေးခွန်းက တစ်ပြည်လုံးအတူတူဘဲ။ တစ်နေရာမှာလုံခြုံမှု အားနည်းရင် တစ်ပြည်လုံး အားနည်းတာ အတူတူဘဲ။ အဲဒီအတွက်ဆရာတို့က ဒီလိုစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့က လုံခြုံရေး အဓိကအခြေအနေ ဒီမေးခွန်း တွေရဲ့လုံခြုံရေး။ ဘယ်နေရာကသေချာတယ် ဘယ်နေရာမှာတော့စနစ်တကျစီမံခန့်ခွဲနိုင်တယ်။ ဒါကိုတော့အဓိက ထားကြည့်ပါတယ်။ စာစစ်ဌာနဆို ကတည်းက နံပါတ်ထုတ်ထားတဲ့ ကလေးအားလုံးဖြေဖို့ပါမှာပေါ့။ မဖြေရဘူးဆိုတာမရှိပါဘူး။ အကောင်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ"ဟုပညာရေးဒုတိယဝန်ကြီးမှပြောပါတယ်။

ပလက်ဝနှင့် ရခိုင်မြောက်ဒေသတွေမှာ ကျောင်းဆရာ/မများထွက်စာများဝန်ကြီးရုံးကို တင်ထားသည်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြည့် ရာတွင်ပညာရေးဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းမှဒါကတော့တစ်ချို့လည်းလုံခြုံချင်တာပေါ့ဗျာ။ပုဂ္ဂလိကခံစားချက်   တွေရှိမှာပေါ့၊ ကျနော်တို့လည်းနားလည်ပါတယ်။    ကျနော်တို့မျှော်လင့်တာကတော့ ဒီဒေသနဲ့အားလုံး မြန်မြန်ဆန်ဆန်   အေးချမ်း ပြီးတော့ အကုန်လုံး ကလေးတွေ ပညာရေးသင်ကြားမှုအခွင့်အလမ်းရပါစေလို့ဆုတောင်းပါတယ်"ဟုပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၁၉

(  Zawgyi  )

 ရခိုင္ျပည္နယ္ဘူသီးေတာင္ၿမိဳ႕နယ္ ခေမြေခ်ာင္းေက်း႐ြာ မူလတန္းလြန္ေက်ာင္း လက္နက္ႀကီး က်ေရာက္မႈႏွင့္ ေက်ာင္းဧရိယာ အတြင္းမလုပ္က်ရန္ႏွင့္ေအးခ်မ္းစြာပညာသင္ၾကားခြင့္ေပးေရးပညာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းက ေတာင္းဆို လိုက္ပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒသမေန႔ အစီအစဥ္ အစည္းအေဝး ေခတၱရပ္နားစဥ္ သတင္းမီဒီယာသမားအားယခုကဲ့သို႔ ေျပာၾကားခဲ့ပါတယ္။

"မလုပ္က်ပါနဲ႔ေပါ့ဗ်ာ။က်ေနာ္တို႔ကေတာ့ မည္သည့္ခြဲျခားမႈမွမရွိဘူး စာသင္ခ်င္လားလာခဲ့၊ စာေမးပြဲေျဖခ်င္ လားလာခဲ့၊ ပညာေရးကိုဘဲ အားေပးတာ၊အခုနလို႔လက္နက္ႀကီးက်ည္က်တာ၊ေနာက္ပစ္လိုက္တာက်ေနာ္တို႔ေက်ာင္းသား/သူ၊ဆရာ/မေတြထိ တာတို႔ရွိတယ္။ အဲ့ဒါကို က်ေနာ္တို႔ အင္မတန္ စိတ္မေကာင္းျဖစ္ရတယ္။ တတ္အားသေ႐ြ႕လည္က်ေနာ္ အစီအစဥ္နဲ႔ ကူညီပံ့ပိုးမႈေတြ လုပ္ေပးပါတယ္။

အဲ့ေတာ့ဝိုင္းၿပီးေျပာေပးပါဗ်ာ။မီဒီယာကတစ္ဆင့္ေက်ာင္းဧရိယာအတြင္းမလုပ္က်ပါနဲ႔ေအးခ်မ္းစြာနဲ႔ပညာသင္ၾကားခြင့္ေပးပါလို႔ဒီလိုဘဲေျပာခ်င္ပါတယ္"ဟုပညာေရးဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းမွေျပာၾကားခဲ့ပါတယ္။ ရခိုင္ျပည္နယ္ အတြင္း၂၀၂၀ျပည္ႏွစ္ တကၠသိုလ္ ဝင္ စာေမးပြဲမ်ား အတြက္စာစစ္ဌာန(၂)ကိုယာယီေျပာင္းေ႐ြ႕မည့္အစီအစဥ္ႏွင့္ပတ္သက္၍လည္း" ျပည္နယ္ အစိုးရရဲ႕ သေဘာထားေပါ့၊ လုံးၿခဳံေရးအရေဆာင္႐ြက္ေပးႏိုင္တယ္ မေဆာင္႐ြက္ေပးႏိုင္ဘူး၊ သင့္ေတာ္တယ္၊ မသင့္ေတာ္ဘူး အမိန႔္ခံၿပီးမွ ဆရာတို႔က   စစ္ေပးမွာ။

ဘာေၾကာင့္လည္းဆိုေတာ့ေမးခြန္းက တစ္ျပည္လုံးအတူတူဘဲ။ တစ္ေနရာမွာလုံၿခဳံမႈ အားနည္းရင္ တစ္ျပည္လုံး အားနည္းတာ အတူတူဘဲ။ အဲဒီအတြက္ဆရာတို႔က ဒီလိုစီစဥ္ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔က လုံၿခဳံေရး အဓိကအေျခအေန ဒီေမးခြန္း ေတြရဲ႕လုံၿခဳံေရး။ ဘယ္ေနရာကေသခ်ာတယ္ ဘယ္ေနရာမွာေတာ့စနစ္တက်စီမံခန႔္ခြဲႏိုင္တယ္။ ဒါကိုေတာ့အဓိက ထားၾကည့္ပါတယ္။ စာစစ္ဌာနဆို ကတည္းက နံပါတ္ထုတ္ထားတဲ့ ကေလးအားလုံးေျဖဖို႔ပါမွာေပါ့။ မေျဖရဘူးဆိုတာမရွိပါဘူး။ အေကာင္ဆုံး ျဖစ္ေအာင္ ေဆာင္႐ြက္ေပးသြားမွာပါ"ဟုပညာေရးဒုတိယဝန္ႀကီးမွေျပာပါတယ္။

ပလက္ဝႏွင့္ ရခိုင္ေျမာက္ေဒသေတြမွာ ေက်ာင္းဆရာ/မမ်ားထြက္စာမ်ားဝန္ႀကီး႐ုံးကို တင္ထားသည္ကိစၥႏွင့္ ပတ္သက္၍ ေမးျမန္းၾကည့္ ရာတြင္ပညာေရးဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းမွဒါကေတာ့တစ္ခ်ိဳ႕လည္းလုံၿခဳံခ်င္တာေပါ့ဗ်ာ။ပုဂၢလိကခံစားခ်က္   ေတြရွိမွာေပါ့၊ က်ေနာ္တို႔လည္းနားလည္ပါတယ္။    က်ေနာ္တို႔ေမွ်ာ္လင့္တာကေတာ့ ဒီေဒသနဲ႔အားလုံး ျမန္ျမန္ဆန္ဆန္   ေအးခ်မ္း ၿပီးေတာ့ အကုန္လုံး ကေလးေတြ ပညာေရးသင္ၾကားမႈအခြင့္အလမ္းရပါေစလို႔ဆုေတာင္းပါတယ္"ဟုေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၁၉