ကြည့်မြင်တိုင်မှ မြေညီတိုက်ခန်းအတွင်း ငန်းစောင်းမြွေ ဝင်ရောက်

ကြည့်မြင်တိုင်မှ မြေညီတိုက်ခန်းအတွင်း ငန်းစောင်းမြွေ ဝင်ရောက်

ကြည့်မြင်တိုင်မြို့နယ်၊ ရတနာပုံလမ်းက တိုက်အမှတ် ၂၇ ရဲ့ မြေညီထပ်အခန်း နောက်ဖေးမီးဖိုချောင်မှာ ဒီကနေ့ (ဒီဇင်ဘာ ၁၀ ရက်) မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ငန်းစောင်းမြွေတစ်ကောင် ဝင်ရောက်နေတယ်လို့ အကြောင်းကြားတာကြောင့် သွားရောက်ဖမ်းဆီးကာ ဘေးလွတ်ရာကို အရှင်ပြန်လွှတ်ပေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

“မြွေက အကောင်ကြီးမဟုတ်ဘူး၊ အကောင်ပေါက်ကလေးပါ” လို့လည်း သွားရောက်ကူညီလုပ်ဆောင်ရာမှာ ပါဝင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ မြွေဖမ်းဆီးလုပ်ဆောင်တာကို စမ်းချောင်းမြို့နယ် အရန်မီးသတ်ရှိ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီခွဲခန့်ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင် (၄) လမ်းက အမှတ် ၁၆၂ လုံးချင်းအိမ်ရဲ့ အိပ်ခန်းထဲ ငန်းတော်ကြားမြွေတစ်ကောင် ဝင်ရောက်တဲ့ ဖြစ်စဉ်တစ်ခု ကြုံခဲ့ရတာကြောင့်လည်း သွားရောက်ဖမ်းဆီး ဖယ်ရှားခဲ့ရသေးတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ရတနာပုံလမ္းက တိုက္အမွတ္ ၂၇ ရဲ႕ ေျမညီထပ္အခန္း ေနာက္ေဖးမီးဖိုေခ်ာင္မွာ ဒီကေန႔ (ဒီဇင္ဘာ ၁၀ ရက္) မနက္ ၁၀ နာရီ ၂၅ မိနစ္ခန႔္က ငန္းေစာင္းေႁမြတစ္ေကာင္ ဝင္ေရာက္ေနတယ္လို႔ အေၾကာင္းၾကားတာေၾကာင့္ သြားေရာက္ဖမ္းဆီးကာ ေဘးလြတ္ရာကို အရွင္ျပန္လႊတ္ေပးခဲ့ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

“ေႁမြက အေကာင္ႀကီးမဟုတ္ဘူး၊ အေကာင္ေပါက္ကေလးပါ” လို႔လည္း သြားေရာက္ကူညီလုပ္ေဆာင္ရာမွာ ပါဝင္တဲ့ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

အဆိုပါ ေႁမြဖမ္းဆီးလုပ္ေဆာင္တာကို စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္ရွိ ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ေတြက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မီးသတ္စခန္းမွ တပ္ဖြဲ႕ဝင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

အလားတူ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၈ ရက္ မနက္ ၁၀ နာရီခြဲခန႔္ကလည္း စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟုမ္းလမ္းဘူတာရပ္ကြက္၊ ပန္းလႈိင္ (၄) လမ္းက အမွတ္ ၁၆၂ လုံးခ်င္းအိမ္ရဲ႕ အိပ္ခန္းထဲ ငန္းေတာ္ၾကားေႁမြတစ္ေကာင္ ဝင္ေရာက္တဲ့ ျဖစ္စဥ္တစ္ခု ႀကဳံခဲ့ရတာေၾကာင့္လည္း သြားေရာက္ဖမ္းဆီး ဖယ္ရွားခဲ့ရေသးတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀