ခင်ပွန်းသည်နှင့်အတူ ဈေးရောင်းရန်သွားနေသည့်အချိန်တွင် နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံခဲ့ရ ခိုးယူသူမှာ ယင်းနေအိမ်သို့ အမြဲဝင်ထွက်သွားလာသူတစ်ဦး ဖြစ်နေ

ခင်ပွန်းသည်နှင့်အတူ ဈေးရောင်းရန်သွားနေသည့်အချိန်တွင် နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံခဲ့ရ ခိုးယူသူမှာ
ယင်းနေအိမ်သို့ အမြဲဝင်ထွက်သွားလာသူတစ်ဦး ဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ ခိုးယူခံရသည့် ဖြစ်စဉ်တစ်ခု ယခု ဒီဇင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယင်းနေ့  ညနေ  ၅ နာရီခွဲအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာအနောက်ပိုင်းရပ်ကွက်နေ  ဒေါ်-----  သည် သာဓုအရှ့ရပ်ကွက်နိဗ္ဗာန်လမ်းသို့ ခင်းပွန်းသည် ကို----နှင့်အတူ ဈေးရောင်းရန် သွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ ဗီရိုသော့ဖွင့်ကြည့်ရာ ဗီရိုအတွင်း ရှိသံသေတ္တာအတွင်း သံဗူးဖြင့်ထည့်ထားသည့် ရွှေထည်ပစ္စည်းများ ဖြစ်သော လက်ကောက် (၃) ကွင်း၊ ရွှေဆွဲကြိုး (၂) ကုံး၊ ရွှေဆွဲပြား (၁) ပြား၊ ဟမ်းချိန်း (၂) ကွင်း၊ လက်စွပ် (၆) ကွင်းနှင့် ငွေကျပ် (၈၆၅၀၀၀) တို့မှာ ပျောက် ဆုံးသွားသဖြင့် အရေးယူပေးပါရန် စက်ဆန်းနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ယင်းဖြစ်စဉ်အား ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက အမှုမှ မသင်္ကာသူ အိမ်တွင် အမြဲအဝင်အထွက်ရှိသော တင်ဦး(ခ)လာဂျား ၏ လှုပ်ရှားသွားမှု အခြေအနေ၊ ငွေကြေးသုံးစွဲမှု အခြေအနေများအား စောင့်ကြည့် သတင်းရယူခဲ့တယ်လို့ ဆိုပါတယ်။ထိုသို့ သတင်းရယူခဲ့မှုကြောင့် ယခု ဒီဇင်ဘာလ  ၄  ရက်နေ့၊ ညပိုင်းအချိန်တွင် မသင်္ကာသူဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာအနောက်ပိုင်းရပ်ကွက်နေ တင်ဦး(ခ)လာဂျား (၃၀) နှစ်အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှ အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ယင်းသို့စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ တင်ဦး(ခ)လာဂျား အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
Photo – Yangon Police
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္အတြင္းသို႔ ဝင္ေရာက္၍ ေ႐ႊထည္ပစၥည္းမ်ား ခိုးယူခံရသည့္ ျဖစ္စဥ္တစ္ခု ယခု ဒီဇင္ဘာလ ၃ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ယင္းေန႔  ညေန  ၅ နာရီခြဲအခ်ိန္ခန႔္က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေအး႐ြာအေနာက္ပိုင္းရပ္ကြက္ေန  ေဒၚ-----  သည္ သာဓုအရွ႕ရပ္ကြက္နိဗၺာန္လမ္းသို႔ ခင္းပြန္းသည္ ကို----ႏွင့္အတူ ေဈးေရာင္းရန္ သြားေရာက္ခဲ့ၿပီး ေနအိမ္သို႔ ျပန္လည္ေရာက္ရွိ၍ ဗီ႐ိုေသာ့ဖြင့္ၾကည့္ရာ ဗီ႐ိုအတြင္း ရွိသံေသတၱာအတြင္း သံဗူးျဖင့္ထည့္ထားသည့္ ေ႐ႊထည္ပစၥည္းမ်ား ျဖစ္ေသာ လက္ေကာက္ (၃) ကြင္း၊ ေ႐ႊဆြဲႀကိဳး (၂) ကုံး၊ ေ႐ႊဆြဲျပား (၁) ျပား၊ ဟမ္းခ်ိန္း (၂) ကြင္း၊ လက္စြပ္ (၆) ကြင္းႏွင့္ ေငြက်ပ္ (၈၆၅၀၀၀) တို႔မွာ ေပ်ာက္ ဆုံးသြားသျဖင့္ အေရးယူေပးပါရန္ စက္ဆန္းနယ္ေျမရဲစခန္းသို႔ တိုင္တန္းခဲ့တာ ျဖစ္ပါတယ္။

ယင္းျဖစ္စဥ္အား ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး၊ စက္ဆန္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက အမႈမွ မသကၤာသူ အိမ္တြင္ အၿမဲအဝင္အထြက္ရွိေသာ တင္ဦး(ခ)လာဂ်ား ၏ လႈပ္ရွားသြားမႈ အေျခအေန၊ ေငြေၾကးသုံးစြဲမႈ အေျခအေနမ်ားအား ေစာင့္ၾကည့္ သတင္းရယူခဲ့တယ္လို႔ ဆိုပါတယ္။ထိုသို႔ သတင္းရယူခဲ့မႈေၾကာင့္ ယခု ဒီဇင္ဘာလ  ၄  ရက္ေန႔၊ ညပိုင္းအခ်ိန္တြင္ မသကၤာသူျဖစ္သည့္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေအး႐ြာအေနာက္ပိုင္းရပ္ကြက္ေန တင္ဦး(ခ)လာဂ်ား (၃၀) ႏွစ္အား အမႈျဖင့္ ဖမ္းဆီးစစ္ေဆးခဲ့ရာ ၎မွ အဆိုပါျပစ္မႈအား က်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။

ယင္းသို႔စစ္ေဆးေပၚေပါက္ခ်က္အရ သက္ေသခံပစၥည္းမ်ားအား ျပန္လည္သိမ္းဆည္းခဲ့ၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူ တင္ဦး(ခ)လာဂ်ား အား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
Photo – Yangon Police
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁