ခေတ်မီနည်းပညာဖြင့် ရွှေထည်ပစ္စည်းများ ထုတ်လုပ်လာကြသော်လည်း လက်မှုထည် များသာ နှစ်သက်မှုများနေ

ခေတ်မီနည်းပညာဖြင့် ရွှေထည်ပစ္စည်းများ ထုတ်လုပ်လာကြသော်လည်း လက်မှုထည် များသာ နှစ်သက်မှုများနေ

ပြည်တွင်းမှာ ရွှေထည်ပစ္စည်းတွေကို ခေတ်မီနည်းပညာတွေနဲ့ ထုတ်လုပ်လာကြပေမယ့် ဈေးကွက်အတွင်း ဝယ်သူတွေအများစုဟာ လက်မှုထည်များကိုသာ နှစ်သက်ကြတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ သိရပါတယ်။“ဒီလိုခေတ်မီနည်းပညာတွေနဲ့ ထုတ်လုပ်တဲ့ ဟာတွေ ကတော့ တဖြေးဖြေးနဲ့ပြောင်းလဲသွားရမှာပါ၊ ဒါပေမဲ့ လောလောဆယ်ဝယ်သူအကြိုက်အားနည်းနေတဲ့ အနေအထားကနေ အချိန်ယူ လုပ်ရဦး မယ်လို့ မြင်မိတယ်၊ အနည်းဆုံးတော့ နောက်နှစ်နှစ်သုံးနှစ်လောက် အချိန်ယူပြီး သွားရဦးမယ်လို့ ယူဆရပါတယ်”လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုပါတယ်။ ထိုသို့သော ကွန်ပျူတာစနစ် အသုံးပြုကာ ခေတ်မီနည်းပညာတွေနဲ့ လုပ်ဆောင်တဲ့ ရွှေထည် လက်ဝတ်ရတနာပစ္စည်းတွေဟာ ကျစ်လစ်တဲ့ အနေအထားမျိုးရှိပေမယ့် ပြည်တွင်းဈေးကွက်အကြိုက်အနေအထားဟာ ပွယောင်းတဲ့ အခြေအနေကိုလည်း နှစ်သက်နေသေးတာကြောင့် တွင်ကျယ်မှုအားနည်းနေသေးတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ချို့က သုံးသပ်ထားပါတယ်။

“ကျွန်တော်တု့ိဆီမှာက ရွှေကိုအဆင်တန်ဆာအနေနဲ့လည်း ဝတ်ဆင်တာတွေရှိပါတယ်၊ စက်နဲ့လုပ်တဲ့ အထည်တွေက ကျစ်ပေမယ့် ဈေးကွက် ထဲမှာ က အကျစ်မကြိုက်တာတွေလည်း ပါတာပေါ့၊ ပွပေမယ့် ထည်ထည်ဝါဝါရှိရင် ကြိုက်တာများတယ်၊ ဒါပေမဲ့ အနုစိတ်တဲ့အပိုင်းကျတော့ လက်မှုထည်က ပိုပြီးလှပတယ်” လို့လည်း စိန်သုံးလုံး ရွှေဆိုင်ပိုင်ရှင် ဦးနိုင်ဝင်းက ရှင်းပြခဲ့ပါတယ်။ ထိုခေတ်မီရွှေထည်လက်ဝတ်ရတနာ ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ပြည်တွင်းကိုစက်အသစ်တွေတင်သွင်းလာကြပေမယ့် ကိုင်တွယ်လုပ်ဆောင်မှု အပိုင်းမှာလည်း အားနည်း ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ထိုခေတ်မီနည်းပညာတွေနဲ့ထုတ်လုပ်တဲ့ လက်ဝတ်ရတနာတွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ဈေးကွက်ထဲမှာ တွင်ကျယ်နေပေမယ့် ပြည်တွင်းဈေးကွက် ထဲမှာတော့ တွင်ကျယ်မှုမရှိတဲ့အပြင် လတ်တလောဈေးကွက် အခြေအနေ အေးတာတွေကလည်း တွင်ကျယ်အောင် ဝတ်ဆင် အသုံးပြုနိုင်ဖို့ လုပ်ဆောင်တဲ့အပေါ် အခက်အခဲတွေ ဖြစ်စေတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၁၉

(  Zawgyi  )

 ျပည္တြင္းမွာ ေ႐ႊထည္ပစၥည္းေတြကို ေခတ္မီနည္းပညာေတြနဲ႔ ထုတ္လုပ္လာၾကေပမယ့္ ေဈးကြက္အတြင္း ဝယ္သူေတြအမ်ားစုဟာ လက္မႈထည္မ်ားကိုသာ ႏွစ္သက္ၾကတဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ သိရပါတယ္။“ဒီလိုေခတ္မီနည္းပညာေတြနဲ႔ ထုတ္လုပ္တဲ့ ဟာေတြ ကေတာ့ တေျဖးေျဖးနဲ႔ေျပာင္းလဲသြားရမွာပါ၊ ဒါေပမဲ့ ေလာေလာဆယ္ဝယ္သူအႀကိဳက္အားနည္းေနတဲ့ အေနအထားကေန အခ်ိန္ယူ လုပ္ရဦး မယ္လို႔ ျမင္မိတယ္၊ အနည္းဆုံးေတာ့ ေနာက္ႏွစ္ႏွစ္သုံးႏွစ္ေလာက္ အခ်ိန္ယူၿပီး သြားရဦးမယ္လို႔ ယူဆရပါတယ္”လို႔ ရန္ကုန္တိုင္း ေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉး ဦးဝင္းျမင့္က ဆိုပါတယ္။ ထိုသို႔ေသာ ကြန္ပ်ဴတာစနစ္ အသုံးျပဳကာ ေခတ္မီနည္းပညာေတြနဲ႔ လုပ္ေဆာင္တဲ့ ေ႐ႊထည္ လက္ဝတ္ရတနာပစၥည္းေတြဟာ က်စ္လစ္တဲ့ အေနအထားမ်ိဳးရွိေပမယ့္ ျပည္တြင္းေဈးကြက္အႀကိဳက္အေနအထားဟာ ပြေယာင္းတဲ့ အေျခအေနကိုလည္း ႏွစ္သက္ေနေသးတာေၾကာင့္ တြင္က်ယ္မႈအားနည္းေနေသးတာ ျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္တစ္ခ်ိဳ႕က သုံးသပ္ထားပါတယ္။

“ကြၽန္ေတာ္တု႔ိဆီမွာက ေ႐ႊကိုအဆင္တန္ဆာအေနနဲ႔လည္း ဝတ္ဆင္တာေတြရွိပါတယ္၊ စက္နဲ႔လုပ္တဲ့ အထည္ေတြက က်စ္ေပမယ့္ ေဈးကြက္ ထဲမွာ က အက်စ္မႀကိဳက္တာေတြလည္း ပါတာေပါ့၊ ပြေပမယ့္ ထည္ထည္ဝါဝါရွိရင္ ႀကိဳက္တာမ်ားတယ္၊ ဒါေပမဲ့ အႏုစိတ္တဲ့အပိုင္းက်ေတာ့ လက္မႈထည္က ပိုၿပီးလွပတယ္” လို႔လည္း စိန္သုံးလုံး ေ႐ႊဆိုင္ပိုင္ရွင္ ဦးႏိုင္ဝင္းက ရွင္းျပခဲ့ပါတယ္။ ထိုေခတ္မီေ႐ႊထည္လက္ဝတ္ရတနာ ပစၥည္းေတြ ထုတ္လုပ္ဖို႔အတြက္ ျပည္တြင္းကိုစက္အသစ္ေတြတင္သြင္းလာၾကေပမယ့္ ကိုင္တြယ္လုပ္ေဆာင္မႈ အပိုင္းမွာလည္း အားနည္း ခ်က္ေတြ ရွိေနေသးတယ္လို႔ သိရပါတယ္။

ထိုေခတ္မီနည္းပညာေတြနဲ႔ထုတ္လုပ္တဲ့ လက္ဝတ္ရတနာေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ေဈးကြက္ထဲမွာ တြင္က်ယ္ေနေပမယ့္ ျပည္တြင္းေဈးကြက္ ထဲမွာေတာ့ တြင္က်ယ္မႈမရွိတဲ့အျပင္ လတ္တေလာေဈးကြက္ အေျခအေန ေအးတာေတြကလည္း တြင္က်ယ္ေအာင္ ဝတ္ဆင္ အသုံးျပဳႏိုင္ဖို႔ လုပ္ေဆာင္တဲ့အေပၚ အခက္အခဲေတြ ျဖစ္ေစတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၁၉