ချမ်းမြသာစည် မြို့နယ် တွင် ဘောလုံးလောင်းကစားသူများ ၏ နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီး

 ချမ်းမြသာစည် မြို့နယ် တွင် ဘောလုံးလောင်းကစားသူများ ၏ နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီး

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ် တွင် ဘောလုံးလောင်းကစားသူများ ၏ နေအိမ်များသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လောင်းကစားသတင်းအရ သက်သေ များနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ မျိုးကိုကိုဦး ၂၅ နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖွေရာ နေအိမ်အတွင်း မျိုးကိုကိုဦး အား တွေ့ရှိပြီး နိုင်ငံခြားဘောလုံး လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၆၈၉၃၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့အတွက်  အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၈၆၈/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) တို့ဖြင့် အမှုဖွင့် လှစ်ခဲ့ပါတယ်။

အလားတူ ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကျော်နိုင် ၄၃ နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာ ဖွေရာ ၎င်းနှင့်အတူ တစ်ရပ်တည်းနေ ခန့်မင်းပိုင် ၂၁ နှစ်အား အသင့်တွေ့ရှိပြီး နေအိမ်အတွင်းမှ နိုင်ငံခြား ဘောလုံး လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၄၅၇၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့ အတွက် ကျော်နိုင် နဲ့ ခန့်မင်းပိုင်တို့ ၂ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ) ၈၆၉/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) တို့ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါ တယ်။

မင်းထွန်း(အုတ်ကျင်း)
မန္တလေး၊ ဒီဇင်ဘာ ၁၇

( Zawgyi )

 မႏၲေလးတိုင္း ေဒသႀကီး၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ တြင္ ေဘာလုံးေလာင္းကစားသူမ်ား ၏ ေနအိမ္မ်ားသို႔ ဒီဇင္ဘာလ ၁၆ ရက္ေန႔က ဝင္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၆ ရက္ ညေန ၆ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား၊ ေအာင္ပင္လယ္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ေလာင္းကစားသတင္းအရ သက္ေသ မ်ားႏွင့္အတူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္ေန မ်ိဳးကိုကိုဦး ၂၅ ႏွစ္၏ ေနအိမ္အား ဝင္ေရာက္ ရွာေဖြခဲ့ပါတယ္။
ထိုသို႔ ရွာေဖြရာ ေနအိမ္အတြင္း မ်ိဳးကိုကိုဦး အား ေတြ႕ရွိၿပီး ႏိုင္ငံျခားေဘာလုံး ေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ၆၈၉၃၀၀ က်ပ္အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့တဲ့အတြက္  ေအာင္ပင္လယ္နယ္ေျမရဲစခန္းက (ပ)၈၆၈/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က) တို႔ျဖင့္ အမႈဖြင့္ လွစ္ခဲ့ပါတယ္။

အလားတူ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္ေန ေက်ာ္ႏိုင္ ၄၃ ႏွစ္၏ ေနအိမ္သို႔ ဝင္ေရာက္ရွာ ေဖြရာ ၎ႏွင့္အတူ တစ္ရပ္တည္းေန ခန႔္မင္းပိုင္ ၂၁ ႏွစ္အား အသင့္ေတြ႕ရွိၿပီး ေနအိမ္အတြင္းမွ ႏိုင္ငံျခား ေဘာလုံး ေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ၁၄၅၇၀၀၀ က်ပ္အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့တဲ့ အတြက္ ေက်ာ္ႏိုင္ နဲ႔ ခန႔္မင္းပိုင္တို႔ ၂ ဦးကို ေအာင္ပင္လယ္နယ္ေျမရဲစခန္းက (ပ) ၈၆၉/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က) တို႔ျဖင့္ အမႈဖြင့္လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါ တယ္။

မင္းထြန္း(အုတ္က်င္း)
မႏၲေလး၊ ဒီဇင္ဘာ ၁၇