ဂျပန်ဈေးကွက်သာမက အခြားသော ပြည်ပဈေးကွက်သစ်များတင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများလုပ်ဆောင်မည်

ဂျပန်ဈေးကွက်သာမက အခြားသော ပြည်ပဈေးကွက်သစ်များတင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများလုပ်ဆောင်မည်

မြန်မာနိုင်ငံမှ ရွှေထည်ပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် လက်ရှိ ဂျပန်နိုင်ငံတစ်နိုင်ငံတည်းသို့ တင်ပို့နေသော အခြေအနေကနေ အခြားသော ပြည်ပဈေးကွက်အသစ်များသို့ တိုးချဲ့တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများ လုပ်ဆောင်သွားရန် စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

လက်ရှိကာလမှာ ဂျပန်ဈေးကွက်သို့ မြန်မာ့ရွှေထည်များ တရားဝင်အနေနဲ့ ပထမအကြိမ်တင်ပို့ပြီးနောက် ထပ်မံတင်ပို့ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုက လုပ်ဆောင်နေသလို အရည်အသွေးပိုင်း စစ်ဆေးမှုတွေနဲ့ တန်ဖိုးဖြတ်သတ်မှတ်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 “ပြည်ပဈေးကွက်ကို တင်ပို့နိုင်ဖို့ လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီက ငါးခုရှိပါတယ်၊ အဲ့ဒီထဲက တစ်ခုက တင်ပို့နေတာဖြစ်ပါတယ်၊ ကျန်တဲ့ကုမ္ပဏီတွေအနေနဲ့လည်း တင်ပို့ဖို့လုပ်နေတာတွေရှိပါတယ်၊ ဂျပန်က အရင်ကတည်းကလည်း မြန်မာ့ရွှေကိုဝယ်သုံးဖူးတော့ သူတို့က မြန်မာ့ရွှေရဲ့အနေအထားကို သိနေပြီ၊ ဒါကြောင့်လည်း နှစ်သက်ပြီး ဝယ်ယူတာတွေရှိပါတယ်၊ ဒီလိုပဲ တခြားပြည်ပနိုင်ငံတွေရဲ့ ဈေးကွက်ထဲကို တင်ပို့နိုင်ဖို့အတွက်ကိုလည်း လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ပြည်ပဈေးကွက်ကို မြန်မာနိုင်ငံက ရွှေတင်ပို့ရာတွင် ကုန်သွယ်ရေးလိုင်စင်ထုတ်ပေးတဲ့အခါ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ LC အနေနဲ့ တင်ပို့ရမယ့် သတ်မှတ်ချက်တွေကြောင့် ယင်းစနစ်မှာ ဘဏ်ကို စာရွက်စာတမ်းတွေ အပ်နှံတာတွေ၊ ပြည်ပနိုင်ငံက ဘဏ်နဲ့ချိတ်ဆက်ပြီး တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက် လုပ်ကိုင်ကြရကြောင်း၊ ပြည်ပနိုင်ငံခြားဘဏ်ဘက်အခြမ်းက LC တစ်စောင်ကို ဒေါ်လာ ၁၅၀၀ အဖြစ် ဘဏ်စရိတ်ယူကာ လုပ်ဆောင်နေတာကြောင့် ရွှေတစ်ခါတင်ပို့တိုင်း ဒေါ်လာ ၁၅၀၀ နှုန်း ရှုံးနေတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ယင်းအသင်းမှ သိရပါတယ်။

ရွှေကို တင်သွင်း၊ တင်ပို့လိုသူ လုပ်ငန်းရှင်များအနေနဲ့ တင်သွင်းလိုတဲ့ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနဲ့ တန်ဖိုးတို့အပေါ် ခွင့်ပြုသတ်မှတ် ချက်များရရှိဖို့ ရွှေဈေးကွက်စောင့်ကြည့်ထိန်းညှိရေး ကော်မတီထံမှာ လျှောက်ထားပြီး လိုင်စင်သက်တမ်းကို ခွင့်ပြုတဲ့နေမှစတင်ကာ တစ်လ သတ်မှတ်ထားသလို သက်တမ်းတိုး လျှောက်ထားရက်အပါအဝင် ရက်ပေါင်း ၄၀ သတ်မှတ်ပေးထားတယ်လို့လည်း သိရပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ အောက်တိုဘာ ၂၉

(  Zawgyi  )

 ျမန္မာႏိုင္ငံမွ ေ႐ႊထည္ပစၥည္းမ်ားကို ျပည္ပတင္ပို႔ရာတြင္ လက္ရွိ ဂ်ပန္ႏိုင္ငံတစ္ႏိုင္ငံတည္းသို႔ တင္ပို႔ေနေသာ အေျခအေနကေန အျခားေသာ ျပည္ပေဈးကြက္အသစ္မ်ားသို႔ တိုးခ်ဲ႕တင္ပို႔ႏိုင္ရန္ ေဈးကြက္ရွာေဖြမႈမ်ား လုပ္ေဆာင္သြားရန္ စီစဥ္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

လက္ရွိကာလမွာ ဂ်ပန္ေဈးကြက္သို႔ ျမန္မာ့ေ႐ႊထည္မ်ား တရားဝင္အေနနဲ႔ ပထမအႀကိမ္တင္ပို႔ၿပီးေနာက္ ထပ္မံတင္ပို႔ရန္အတြက္ ျပည္တြင္းကုမၸဏီတစ္ခုက လုပ္ေဆာင္ေနသလို အရည္အေသြးပိုင္း စစ္ေဆးမႈေတြနဲ႔ တန္ဖိုးျဖတ္သတ္မွတ္တာေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

 “ျပည္ပေဈးကြက္ကို တင္ပို႔ႏိုင္ဖို႔ လာေရာက္ေလွ်ာက္ထားတဲ့ ကုမၸဏီက ငါးခုရွိပါတယ္၊ အဲ့ဒီထဲက တစ္ခုက တင္ပို႔ေနတာျဖစ္ပါတယ္၊ က်န္တဲ့ကုမၸဏီေတြအေနနဲ႔လည္း တင္ပို႔ဖို႔လုပ္ေနတာေတြရွိပါတယ္၊ ဂ်ပန္က အရင္ကတည္းကလည္း ျမန္မာ့ေ႐ႊကိုဝယ္သုံးဖူးေတာ့ သူတို႔က ျမန္မာ့ေ႐ႊရဲ႕အေနအထားကို သိေနၿပီ၊ ဒါေၾကာင့္လည္း ႏွစ္သက္ၿပီး ဝယ္ယူတာေတြရွိပါတယ္၊ ဒီလိုပဲ တျခားျပည္ပႏိုင္ငံေတြရဲ႕ ေဈးကြက္ထဲကို တင္ပို႔ႏိုင္ဖို႔အတြက္ကိုလည္း လုပ္ေဆာင္သြားၾကမွာျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ျပည္ပေဈးကြက္ကို ျမန္မာႏိုင္ငံက ေ႐ႊတင္ပို႔ရာတြင္ ကုန္သြယ္ေရးလိုင္စင္ထုတ္ေပးတဲ့အခါ ဗဟိုဘဏ္က သတ္မွတ္ထားတဲ့ LC အေနနဲ႔ တင္ပို႔ရမယ့္ သတ္မွတ္ခ်က္ေတြေၾကာင့္ ယင္းစနစ္မွာ ဘဏ္ကို စာ႐ြက္စာတမ္းေတြ အပ္ႏွံတာေတြ၊ ျပည္ပႏိုင္ငံက ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီး တစ္ဖက္နဲ႔တစ္ဖက္ ခ်ိတ္ဆက္ လုပ္ကိုင္ၾကရေၾကာင္း၊ ျပည္ပႏိုင္ငံျခားဘဏ္ဘက္အျခမ္းက LC တစ္ေစာင္ကို ေဒၚလာ ၁၅၀၀ အျဖစ္ ဘဏ္စရိတ္ယူကာ လုပ္ေဆာင္ေနတာေၾကာင့္ ေ႐ႊတစ္ခါတင္ပို႔တိုင္း ေဒၚလာ ၁၅၀၀ ႏႈန္း ရႈံးေနတဲ့ အေျခအေနေတြလည္း ရွိတယ္လို႔ ယင္းအသင္းမွ သိရပါတယ္။

ေ႐ႊကို တင္သြင္း၊ တင္ပို႔လိုသူ လုပ္ငန္းရွင္မ်ားအေနနဲ႔ တင္သြင္းလိုတဲ့ပမာဏ၊ စံခ်ိန္စံၫႊန္း၊ ေဈးႏႈန္းနဲ႔ တန္ဖိုးတို႔အေပၚ ခြင့္ျပဳသတ္မွတ္ ခ်က္မ်ားရရွိဖို႔ ေ႐ႊေဈးကြက္ေစာင့္ၾကည့္ထိန္းညႇိေရး ေကာ္မတီထံမွာ ေလွ်ာက္ထားၿပီး လိုင္စင္သက္တမ္းကို ခြင့္ျပဳတဲ့ေနမွစတင္ကာ တစ္လ သတ္မွတ္ထားသလို သက္တမ္းတိုး ေလွ်ာက္ထားရက္အပါအဝင္ ရက္ေပါင္း ၄၀ သတ္မွတ္ေပးထားတယ္လို႔လည္း သိရပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ေအာက္တိုဘာ ၂၉