ဂျာမနီနှင့် ကုန်သွယ်မှု ဆယ်တစ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိလာ

ဂျာမနီနှင့် ကုန်သွယ်မှု ဆယ်တစ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိလာ

ဂျာမနီနှင့်ယခုဘဏ္ဍာရေးနှစ် ဩဂုတ်လကုန်အထိကုန်သွယ်သည့် ပမာဏမှာ  အောက်တိုဘာလ အတွင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေ အနေစာရင်းအရ အမေရိကန် ဒေါ်လာသန်း ၇၅၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ဧပြီ၊ မေ၊ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လအတွင်း မြန်မာဘက်မှ ဂျာမနီသို့ ပို့ကုန် အမေရိကန်ဒေါ်လာ၅၇၁ ဒသမ ၅၇၃  သန်းဖိုးတင်ပို့ခဲ့ပြီး  သွင်းကုန်အဖြစ် ဂျာမနီ ဘက်မှ အမေရိကန်ဒေါ်လာ၁၇၉ ဒသမ၅၄၀ သန်းဖိုးပြန်လည်တင်သွင်းခဲ့ပါတယ်။ ဆယ့်တစ်လတာ ကာလအတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ၇၅၁ ဒသမ၁၁၃ သန်းဖိုး ကုန်သွယ်ခဲ့ကာ ကုန်သွယ်မှု ပိုငွေ ကန်ဒေါ်လာသန်း ၃၉၂ ကျော်ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ်လအတွင်းကုန်သွယ်မှုတွင် မြန်မာဘက်မှ ဂျာမနီဘက်သို့ ပို့ကုန်ကန် ဒေါ် လာ ၇၈ ဒသမ ၆၄၂ သန်းဖိုးတင်ပို့ခဲ့ကာသွင်းကုန် ကန်ဒေါ်လာ၁၇ ဒသမ၄၅၄  သန်းဖိုးပြန် လည်တင်သွင်းခဲ့ပြီး တစ်လတာ အတွင်းကန်ဒေါ်လာ ၉၆ ဒသမ ၀၉၆  သန်းဖိုး ကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။ ထိုကုန်သွယ် ရာတွင် မြန်မာဘက်မှ တစ်လအတွင်းကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၆၁ ဒသမ၁၁၈ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးကာလသစ် ဆယ်တစ်လအတွင်းပျမ်းမျှကုန်သွယ်မှု ပမာဏမှာ ကန် ဒေါ်လာ၆၅သန်းကျော်ရှိပြီး ကာလတိုဘတ်ဂျက်ကာလ အတွင်း တစ်လတာ ပျမ်းမျှ ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ၆၈သန်းကျော်ရှိသဖြင့် ကာလတိုထက် တစ်လပျမ်းမျှကုန်သွယ်မှုထက် ၆ သန်းခန့် ပိုမိုခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနကကိန်းဂဏန်းအချက်အလက်များအရသိရပါတယ်။    

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းဂျာမနီ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ၁၂၃ဒသမ၅၉၇သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၄၇ ဒသမ ၁၈၅သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၅၃ဒသမ၇၈၁သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် တွင် အမေရိ ကန် ဒေါ်လာ၃၄၂ဒသမ၁၀၉သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ၅၈၄ ဒသမ ဝ၁၂သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၃၇၃ဒသ မ၂၉၂သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊အောက်တိုဘာ ၁၉

(  Zawgyi  )

 ဂ်ာမနီႏွင့္ယခုဘ႑ာေရးႏွစ္ ဩဂုတ္လကုန္အထိကုန္သြယ္သည့္ ပမာဏမွာ  ေအာက္တိုဘာလ အတြင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခ အေနစာရင္းအရ အေမရိကန္ ေဒၚလာသန္း ၇၅၀ ေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ စာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ေအာက္တိုဘာ၊ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖၚဝါရီ၊ မတ္၊ဧၿပီ၊ ေမ၊ဇြန္၊ ဇူလိုင္ႏွင့္ ဩဂုတ္လအတြင္း ျမန္မာဘက္မွ ဂ်ာမနီသို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ၅၇၁ ဒသမ ၅၇၃  သန္းဖိုးတင္ပို႔ခဲ့ၿပီး  သြင္းကုန္အျဖစ္ ဂ်ာမနီ ဘက္မွ အေမရိကန္ေဒၚလာ၁၇၉ ဒသမ၅၄၀ သန္းဖိုးျပန္လည္တင္သြင္းခဲ့ပါတယ္။ ဆယ့္တစ္လတာ ကာလအတြင္း ကုန္သြယ္မႈ တန္ဖိုး အေမရိကန္ေဒၚလာ၇၅၁ ဒသမ၁၁၃ သန္းဖိုး ကုန္သြယ္ခဲ့ကာ ကုန္သြယ္မႈ ပိုေငြ ကန္ေဒၚလာသန္း ၃၉၂ ေက်ာ္ျဖစ္ေပၚခဲ့ပါတယ္။

ဩဂုတ္လအတြင္းကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ဂ်ာမနီဘက္သို႔ ပို႔ကုန္ကန္ ေဒၚ လာ ၇၈ ဒသမ ၆၄၂ သန္းဖိုးတင္ပို႔ခဲ့ကာသြင္းကုန္ ကန္ေဒၚလာ၁၇ ဒသမ၄၅၄  သန္းဖိုးျပန္ လည္တင္သြင္းခဲ့ၿပီး တစ္လတာ အတြင္းကန္ေဒၚလာ ၉၆ ဒသမ ၀၉၆  သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။ ထိုကုန္သြယ္ ရာတြင္ ျမန္မာဘက္မွ တစ္လအတြင္းကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၆၁ ဒသမ၁၁၈ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဂ်ာမနီႏွင့္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးကာလသစ္ ဆယ္တစ္လအတြင္းပ်မ္းမွ်ကုန္သြယ္မႈ ပမာဏမွာ ကန္ ေဒၚလာ၆၅သန္းေက်ာ္ရွိၿပီး ကာလတိုဘတ္ဂ်က္ကာလ အတြင္း တစ္လတာ ပ်မ္းမွ် ကုန္သြယ္မႈ ပမာဏမွာ ကန္ေဒၚလာ၆၈သန္းေက်ာ္ရွိသျဖင့္ ကာလတိုထက္ တစ္လပ်မ္းမွ်ကုန္သြယ္မႈထက္ ၆ သန္းခန႔္ ပိုမိုခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနကကိန္းဂဏန္းအခ်က္အလက္မ်ားအရသိရပါတယ္။    

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းဂ်ာမနီ-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ၁၂၃ဒသမ၅၉၇သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၄၇ ဒသမ ၁၈၅သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၅၃ဒသမ၇၈၁သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္ တြင္ အေမရိ ကန္ ေဒၚလာ၃၄၂ဒသမ၁၀၉သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္ တြင္ အေမရိကန္ ေဒၚလာ၅၈၄ ဒသမ ဝ၁၂သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၃၇၃ဒသ မ၂၉၂သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ေအာက္တိုဘာ ၁၉