ဂွမြို့နယ်အပိုင် တောင်ကြောမှ ခုတ်လှဲထားသော သစ်လုံး တန် ၇ဝ နီးပါးထိဖမ်းမိ

ဂွမြို့နယ်အပိုင် တောင်ကြောမှ ခုတ်လှဲထားသော သစ်လုံး တန် ၇ဝ နီးပါးထိဖမ်းမိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ အနောက်ဘက်ဒေသအခေါ် ဒိုးတန်းတောင်ကြောနေရာမှ ခုတ်လှဲထားတဲ့ သစ်လုံး တန်ချိန် ၇ဝ နီးပါးအထိ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

သစ်လုံးတွေကိုသာ ဖမ်းမိခဲ့တာဖြစ်ပြီး သစ်ခိုးခုတ်တဲ့ သူတွေကိုတော့ ဖမ်းဆီးရမိခဲ့ခြင်းမရှိသေးဘဲ လက်ရှိမှာ တရားခံတွေကို စုံစမ်းရှာဖွေေ နတယ်လို့ သစ်တောဦးစီးဌာနမှ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းမှာ သတင်းထုတ်ပြန်အသိပေးထားပါတယ်။ တရားမဝင် ခုတ်လှဲ ထားတဲ့ သစ်လုံးတွေကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်ကြီးရဲပိုင်ထွန်းပါ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ကြီးချောင်း တောင်ကြောအတွင်းကနေ တရား မဝင်ခုတ်လှဲထားတဲ့ တောင်သရက်(၄၂)ပင် (၇၅)ပိုင်း (၇၉ ဒသမ ၄၃၄)တန်နဲ့ တောင်သရက်ခွဲသား(၂၄)ချောင်း (၈ ဒသမ ၀၉၀၃)တန်၊ စုစုပေါင်း(၈၇ ဒသမ ၅၂၄၃)တန်ကို ဖမ်းမိခဲ့ပြီး လက်ရှိမှာ ဖမ်းမိခဲ့တဲ့ သစ်တွေပတ်သက်လို့ သစ်ခိုးခုတ်သူတွေကို စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့ သစ်တော ဦးစီးဌာနမှ သိရတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ နိုဝင်ဘာ ၁၉
ဓာတ်ပုံ- သစ်တောဦးစီးဌာန

(  Zawgyi   )

 ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္၊ ဂြၿမိဳ႕နယ္၊ အေနာက္ဘက္ေဒသအေခၚ ဒိုးတန္းေတာင္ေၾကာေနရာမွ ခုတ္လွဲထားတဲ့ သစ္လုံး တန္ခ်ိန္ ၇ဝ နီးပါးအထိ ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနမွ သိရပါတယ္။

သစ္လုံးေတြကိုသာ ဖမ္းမိခဲ့တာျဖစ္ၿပီး သစ္ခိုးခုတ္တဲ့ သူေတြကိုေတာ့ ဖမ္းဆီးရမိခဲ့ျခင္းမရွိေသးဘဲ လက္ရွိမွာ တရားခံေတြကို စုံစမ္းရွာေဖြေ နတယ္လို႔ သစ္ေတာဦးစီးဌာနမွ ဒီကေန႔ ႏိုဝင္ဘာလ ၁၉ ရက္ေန႔၊ ညေနပိုင္းမွာ သတင္းထုတ္ျပန္အသိေပးထားပါတယ္။ တရားမဝင္ ခုတ္လွဲ ထားတဲ့ သစ္လုံးေတြကို ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္၊ ဂြၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ဗိုလ္ႀကီးရဲပိုင္ထြန္းပါ တပ္မေတာ္သားမ်ား၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာ ဖမ္းမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

 အလားတူ ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာလည္း ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္၊ ဂြၿမိဳ႕နယ္၊ ေက်ာက္ႀကီးေခ်ာင္း ေတာင္ေၾကာအတြင္းကေန တရား မဝင္ခုတ္လွဲထားတဲ့ ေတာင္သရက္(၄၂)ပင္ (၇၅)ပိုင္း (၇၉ ဒသမ ၄၃၄)တန္နဲ႔ ေတာင္သရက္ခြဲသား(၂၄)ေခ်ာင္း (၈ ဒသမ ၀၉၀၃)တန္၊ စုစုေပါင္း(၈၇ ဒသမ ၅၂၄၃)တန္ကို ဖမ္းမိခဲ့ၿပီး လက္ရွိမွာ ဖမ္းမိခဲ့တဲ့ သစ္ေတြပတ္သက္လို႔ သစ္ခိုးခုတ္သူေတြကို စုံစမ္းရွာေဖြေနဆဲျဖစ္တယ္လို႔ သစ္ေတာ ဦးစီးဌာနမွ သိရတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ႏိုဝင္ဘာ ၁၉
ဓာတ္ပုံ- သစ္ေတာဦးစီးဌာန