ငြိမး်ချမ်းရေးနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ရေနဲ့ငါးလိုချိတ်ဆက်နေ၊ ဖွဲ့စည်းပုံမပြင်ပါက ငြိမ်းချမ်းရေးလည်းမရနိုင်ဟု မုံရွာဦးအောင်ရှင်ဆို

  ငြိမး်ချမ်းရေးနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ရေနဲ့ငါးလိုချိတ်ဆက်နေ၊ ဖွဲ့စည်းပုံမပြင်ပါက ငြိမ်းချမ်းရေးလည်း မရနိုင်ဟု မုံရွာဦးအောင်ရှင်ဆို

 ငြိမး်ချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ရေနဲ့ငါးလို ချိတ်ဆက်နေပြီး အဆိုပါ ဖွဲ့စည်းပုံ မပြင်ပါကငြိမ်းချမ်းရေးလည်းမရနိုင်သလို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလည်း မဖြစ်နိုင်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့၊ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာကျင်းပပြုလုပ်ခဲ့တဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း(၅၅)နှစ်မြောက်၊အထိမ်းအမှတ် အခမ်းအနားမှာ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့တာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးဟာကျနော်တို့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့အလိုအပ်ဆုံးအရာဆိုတာပေါ်လွင်ပါတယ် အဲ့တော့ငြိမ်းချမ်းရေး ကိုဘယ်လိုဆောင်ရွက်နေကြလဲ ငြိမ်းချမ်းရေးကိုဘယ်လို်အားစိုက်နေကြသလဲဒါကိုလည်း သိဖို့လိုပါလိမ့်မယ်။ဒီကနေ့ NLD ကလုပ်နေတဲ့ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကအားပြုတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိုပဲဇောင်းပေးပြီးပြော မှာဖြစ်ပါတယ်။

ဒါဘာကြောင့်ပြောရသလဲဆိုရင် စောစောက ပြောသလိုပါပဲ ငြိမ်းချမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောတာဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး ကိုလက်ဆင့် ကမ်းပြီးတော့ဆောင်ရွက်တာလို့ပြောချင်ပါတယ်။အဲ့ဒါကြောင့် ကျနော််က ငြိမ်းချမ်းရေး ကိုပဲ အဓိကထားပြီး ပြောတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးကိုပြောတဲ့အခါမှာဖွဲ့စည်းပုံ အခြေခံဥပဒေကိုမပြောလို့မရပါ ဘူး။ငြိမး်ချမ်းရေး နဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ ရေနဲ့ငါးလိုချိတ်ဆက်နေတာတွဲဖက်နေတာပါ။

ဒါကြောင့်မို့ငြိမ်းချမ်း ရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုကျနော်တို့ပြောရတာဖြစ်ပါတယ်။ကျနော်တို့ ၂၀၁၂ ရွေးကောက် ပွဲ ကို ဝင်မယ်ဆိုတည်းကိုက ပါတီကပြည်သူလူထုကို ကတိသုံးခုပေးခဲ့တယ်။တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး ရရှိရေး နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ကတိသုံးခုပေးခဲ့ပါတယ်။ဒီကတိသုံးခုဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပါ”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့တာပါ။
 
ဒါ့အပြင် ၎င်းက ရွေးကောက်ပွဲနီးလာလို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဇောင်းပေးလုပ်နေတာမဟုတ်ပဲ NLD ပါတီ အနေဖြင့် ဟိုးယခင်တည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုတောက်လျှောက်လုပ်လာခဲ့တာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ထို့အတူ တရားဥပဒေစိုးမိုးရေးမရှိရှင် ငြိမ်းချမ်းရေး မရနိုင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုမပြင်ရင်လည်းငြိမ်းချမ်းရေး မရနိုင်ကြောင်း၊
ငြိမ်းချမ်းရေးမရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ရင် အဲ့ဒီငြိမ်းချမ်း ရေးရဲ့နောက်ဆက်တွဲဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့လည်း ၎င်းကပြောကြားခဲ့ပါသေးတယ်။

 “ဒါတွေကိုသာမပြင်ရင် တို်င်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဝေးသွားပြီ။ ဒါကြောင့်မို့ ကျနော်တို့က ငြိမး်ချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိုအဓိကထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ရင် NLD ပါတီဟာတစ်လျှောက်လုံး လုပ်ခဲ့တာပါ။အခုမှလုပ်ခဲ့တာမဟုတ်ပါဘူး။ သုံးနှစ်ကြာတော့မှ ရွေးကောက်ပွဲနီးလို့လုပ်တာ မဟုတ်ဘူး။

 ဆရာဦးဝင်းတင်စကားနဲ့ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သုံးကြိမ် သပိတ်မှောက်ခဲ့ ဘူးပါတယ်။ ၁၉၉၅ ခုနှစ်၊ပထမဆုံးလုပ်တဲ့ ကျိုက်က္ကဆံကွင်းမှာအမျိုးသား ညီလာခံက နေပြီးတော့ နှှုတ်ထွက်တဲ့ အထိ ကျနော်တို့ သပိတ်မှောက်ခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတဲ့အခါမှာ သပိတ်မှောက်ခဲ့တာပါ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြည်သူလူထုဆန္ဒခံယူပွဲကနေ NO BOOK ဆိုပြီးသပိတ်မှောက်ခဲ့ပါတယ်။

ဒီလိုပဲ ၂၀၁၀ မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျင်းပမယ့်ရွေးကောက်ပွဲကိုလည်း ကျနော်တို့ မဝင်လို့ မပြင်လို့ဆိုတဲ့ လမ်းနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာပါ။ အဲ့နောက်ပိုင်းမှာလည်း ကျနော်တို့က (၈၈) ငြိမ်းပွင့် အဖွဲ့အစည်းလူငယ်တွေနဲ့ပေါင်းပြီး ၄၃၆ ပြင်ဆင်ရေးတို့ ၅၉ စ ပြင်ဆင်ရေးတို့ အခြားဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ရေး ကိုလုပ်ခဲ့တာပါ အခုုမှလုပ်ခဲ့တာမဟုတ်ပါဘူး။အခုလည်းဒီလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကို လွှတ်တော်ထဲကနေပြင်မယ်လို့သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော်ထဲကနေပြင်ဆင်ဖို့အ တွက်ပြည် ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၅ ယောက်ပါတဲ့ပြင်ဆင်ရေးအဖွဲ့ကနေဒါကိုပြင်ဆင်လိုက်တာ ၅ လကြာတဲ့ အခါမှာပြင်ဆင်ဖို့အတွက် အချက်ပေါင်း ၃၇၀၀ ကျော်ကို ကျနော်တို့ရခဲ့ပါတယ်။အဲ့ဒီ ၃၇၀၀ ကျော်ကို ကျနော်တို့ပြည်သူလူထုကို ချပြပြီးတော့ ဒီကိစ္စကိုလုပ်ပါတယ်။ ဒါကြောင့်မို့ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်သမျှ ငြိမ်းချမ်းရေးမရနိုင်ဘူး။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်နိုင်ဘူးလို့ပြောတာဖြစ်ပါတယ်။”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့ပါတယ်။ဆက်လက်၍ ၎င်းက “ဒီနေရာမှာထပ်ပြီးတော့ ပြောရလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူရဲ့စံချိန်စံညွှန်း က ဘာလဲ ဆိုတော့ ဒီဥပဒေကိုရေးတဲ့အခါမှာ ပြည်သူလူထုရဲ့ ဆန္ဒပါသလား နံပါတ်တစ်စဉ်းစားရမယ်။ နံပါတ်နှစ် က အဲ့ဒီဥပဒေက ဘယ်သူ့ကို အာဏာပေးသလဲဆိုတာကို ပြန်ပြီးတော့စဉ်းစားကြဖို့ုလိုပါတယ်။ အဲ့စံချိန်စံညွှန်းနှစ်ခုမညီရင် ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ဘယ်တော့မှလည်းကျနော်တို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထာင်စုကို မသွားနိုင်ပါဘူး”လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၃

(  Zawgyi  )

  ၿငိမး္ခ်မ္းေရးနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဟာ ေရနဲ႔ငါးလို ခ်ိတ္ဆက္ေနၿပီး အဆိုပါ ဖြဲ႕စည္းပုံ မျပင္ပါကၿငိမ္းခ်မ္းေရးလည္းမရနိုင္သလို ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုလည္း မျဖစ္နိုင္ဘူးလို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၊ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံရြာဦးေအာင္ရွင္က ေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဇူလိုင္ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ေရႊတိဂုံဘုရားေတာင္ဘက္မုခ္ရွိ ဆရာႀကီး သခင္ကိုယ္ေတာ္မွိုင္း ဂူဗိမာန္မွာက်င္းပျပဳလုပ္ခဲ့တဲ့ဆရာႀကီးသခင္ကိုယ္ေတာ္မွိုင္းကြယ္လြန္ျခင္း(၅၅)ႏွစ္ေျမာက္၊အထိမ္းအမွတ္ အခမ္းအနားမွာ မုံရြာဦးေအာင္ရွင္ ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿငိမ္းခ်မ္းေရးဟာက်ေနာ္တို႔နိုင္ငံအတြက္ မရွိမျဖစ္လိုအပ္တဲ့အလိုအပ္ဆုံးအရာဆိုတာေပၚလြင္ပါတယ္ အဲ့ေတာ့ၿငိမ္းခ်မ္းေရး ကိုဘယ္လိုေဆာင္ရြက္ေနၾကလဲ ၿငိမ္းခ်မ္းေရးကိုဘယ္လို္အားစိုက္ေနၾကသလဲဒါကိုလည္း သိဖို႔လိုပါလိမ့္မယ္။ဒီကေန႔ NLD ကလုပ္ေနတဲ့ၿငိမ္းခ်မ္းေရးနဲ႔ ၿငိမ္းခ်မ္းေရးကို အဓိကအားျပဳတဲ့ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ကိုပဲေဇာင္းေပးၿပီးေျပာ မွာျဖစ္ပါတယ္။

ဒါဘာေၾကာင့္ေျပာရသလဲဆိုရင္ ေစာေစာက ေျပာသလိုပါပဲ ၿငိမ္းခ်မ္းေရးနဲ႔ဖြဲ႕စည္းပုံအေျခခံဥပေဒကိုေျပာတာဟာ ဆရာႀကီးရဲ့ ၿငိမ္းခ်မ္းေရး ကိုလက္ဆင့္ ကမ္းၿပီးေတာ့ေဆာင္ရြက္တာလို႔ေျပာခ်င္ပါတယ္။အဲ့ဒါေၾကာင့္ က်ေနာ္္က ၿငိမ္းခ်မ္းေရး ကိုပဲ အဓိကထားၿပီး ေျပာတာျဖစ္ပါတယ္။ၿငိမ္းခ်မ္းေရးကိုေျပာတဲ့အခါမွာဖြဲ႕စည္းပုံ အေျခခံဥပေဒကိုမေျပာလို႔မရပါ ဘူး။ၿငိမး္ခ်မ္းေရး နဲ႔ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးဟာ ေရနဲ႔ငါးလိုခ်ိတ္ဆက္ေနတာတြဲဖက္ေနတာပါ။

ဒါေၾကာင့္မို႔ၿငိမ္းခ်မ္း ေရးနဲ႔ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကိုက်ေနာ္တို႔ေျပာရတာျဖစ္ပါတယ္။က်ေနာ္တို႔ ၂၀၁၂ ေရြးေကာက္ ပြဲ ကို ဝင္မယ္ဆိုတည္းကိုက ပါတီကျပည္သူလူထုကို ကတိသုံးခုေပးခဲ့တယ္။တရားဥပေဒစိုးမိုးေရး၊ ျပည္တြင္းၿငိမ္း ခ်မ္းေရး ရရွိေရး နဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးဆိုတဲ့ကတိသုံးခုေပးခဲ့ပါတယ္။ဒီကတိသုံးခုဟာ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ေနတာပါ”လို႔ မုံရြာဦးေအာင္ရွင္ ကေျပာၾကားခဲ့တာပါ။
 
ဒါ့အျပင္ ၎က ေရြးေကာက္ပြဲနီးလာလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကိုေဇာင္းေပးလုပ္ေနတာမဟုတ္ပဲ NLD ပါတီ အေနျဖင့္ ဟိုးယခင္တည္းက ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိုေတာက္ေလၽွာက္လုပ္လာခဲ့တာျဖစ္တယ္လို႔ လည္း ဆိုပါတယ္။ထို႔အတူ တရားဥပေဒစိုးမိုးေရးမရွိရွင္ ၿငိမ္းခ်မ္းေရး မရနိုင္သလို ဖြဲ႕စည္းပုံအေျခခံဥပေဒ ကိုမျပင္ရင္လည္းၿငိမ္းခ်မ္းေရး မရနိုင္ေၾကာင္း၊
ၿငိမ္းခ်မ္းေရးမရရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ရင္ အဲ့ဒီၿငိမ္းခ်မ္း ေရးရဲ့ေနာက္ဆက္တြဲျဖစ္တဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ဖို႔ဆိုတာလည္း မျဖစ္နိုင္ဘူးလို႔လည္း ၎ကေျပာၾကားခဲ့ပါေသးတယ္။

 “ဒါေတြကိုသာမျပင္ရင္ တို္င္းရင္းသားမ်ိဳးႏြယ္စုအားလုံးရဲ့ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ဆိုတာ ေဝးသြားၿပီ။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ၿငိမး္ခ်မ္းေရးနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ကိုအဓိကထားၿပီး လုပ္ခဲ့တာျဖစ္ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ရင္ NLD ပါတီဟာတစ္ေလၽွာက္လုံး လုပ္ခဲ့တာပါ။အခုမွလုပ္ခဲ့တာမဟုတ္ပါဘူး။ သုံးႏွစ္ၾကာေတာ့မွ ေရြးေကာက္ပြဲနီးလို႔လုပ္တာ မဟုတ္ဘူး။

 ဆရာဦးဝင္းတင္စကားနဲ႔ေျပာရရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ သုံးႀကိမ္ သပိတ္ေမွာက္ခဲ့ ဘူးပါတယ္။ ၁၉၉၅ ခုႏွစ္၊ပထမဆုံးလုပ္တဲ့ က်ိဳက္ကၠဆံကြင္းမွာအမ်ိဳးသား ညီလာခံက ေနၿပီးေတာ့ ႏွႈတ္ထြက္တဲ့ အထိ က်ေနာ္တို႔ သပိတ္ေမွာက္ခဲ့ပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒကိုေရးတဲ့အခါမွာ သပိတ္ေမွာက္ခဲ့တာပါ။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကိုျပည္သူလူထုဆႏၵခံယူပြဲကေန NO BOOK ဆိုၿပီးသပိတ္ေမွာက္ခဲ့ပါတယ္။

ဒီလိုပဲ ၂၀၁၀ မွာဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီက်င္းပမယ့္ေရြးေကာက္ပြဲကိုလည္း က်ေနာ္တို႔ မဝင္လို႔ မျပင္လို႔ဆိုတဲ့ လမ္းနဲ႔ ဒီဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ေရြးေကာက္ပြဲကို သပိတ္ေမွာက္ခဲ့တာပါ။ အဲ့ေနာက္ပိုင္းမွာလည္း က်ေနာ္တို႔က (၈၈) ၿငိမ္းပြင့္ အဖြဲ႕အစည္းလူငယ္ေတြနဲ႔ေပါင္းၿပီး ၄၃၆ ျပင္ဆင္ေရးတို႔ ၅၉ စ ျပင္ဆင္ေရးတို႔ အျခားဒီမိုကေရစီစံခ်ိန္စံညႊန္းနဲ႔ မညီတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒထဲက ပုဒ္မေတြကို ျပင္ဆင္ေရး ကိုလုပ္ခဲ့တာပါ အခုုမွလုပ္ခဲ့တာမဟုတ္ပါဘူး။အခုလည္းဒီလိုပဲ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ကို လႊတ္ေတာ္ထဲကေနျပင္မယ္လို႔သတ္မွတ္ထားတဲ့အတိုင္း လႊတ္ေတာ္ထဲကေနျပင္ဆင္ဖို႔အ တြက္ျပည္ ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၄၅ ေယာက္ပါတဲ့ျပင္ဆင္ေရးအဖြဲ႕ကေနဒါကိုျပင္ဆင္လိုက္တာ ၅ လၾကာတဲ့ အခါမွာျပင္ဆင္ဖို႔အတြက္ အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ကို က်ေနာ္တို႔ရခဲ့ပါတယ္။အဲ့ဒီ ၃၇၀၀ ေက်ာ္ကို က်ေနာ္တို႔ျပည္သူလူထုကို ခ်ျပၿပီးေတာ့ ဒီကိစၥကိုလုပ္ပါတယ္။ ဒါေၾကာင့္မို႔ဖြဲ႕စည္းပုံအေျခခံဥပေဒမျပင္သမၽွ ၿငိမ္းခ်မ္းေရးမရနိုင္ဘူး။

ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုမတည္ေဆာက္နိုင္ဘူးလို႔ေျပာတာျဖစ္ပါတယ္။”လို႔ မုံရြာဦးေအာင္ရွင္ ကေျပာၾကားခဲ့ပါတယ္။ဆက္လက္၍ ၎က “ဒီေနရာမွာထပ္ၿပီးေတာ့ ေျပာရလို႔ရွိရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုတာ သူရဲ့စံခ်ိန္စံညႊန္း က ဘာလဲ ဆိုေတာ့ ဒီဥပေဒကိုေရးတဲ့အခါမွာ ျပည္သူလူထုရဲ့ ဆႏၵပါသလား နံပါတ္တစ္စဥ္းစားရမယ္။ နံပါတ္ႏွစ္ က အဲ့ဒီဥပေဒက ဘယ္သူ႔ကို အာဏာေပးသလဲဆိုတာကို ျပန္ၿပီးေတာ့စဥ္းစားၾကဖို႔ုလိုပါတယ္။ အဲ့စံခ်ိန္စံညႊန္းႏွစ္ခုမညီရင္ ဘယ္ေတာ့မွ ၿငိမ္းခ်မ္းေရးမရနိုင္ပါဘူး။ဘယ္ေတာ့မွလည္းက်ေနာ္တို႔ ဒီမိုကေရစီဖက္ဒရယ္ျပည္ထာင္စုကို မသြားနိုင္ပါဘူး”လို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂၃