ငြိမ်းချမ်းရေးတွဲလက်များသဘောၤ ရန်ကုန်မြို့သို့ ရောက်ရှိ

ငြိမ်းချမ်းရေးတွဲလက်များသဘောၤ ရန်ကုန်မြို့သို့ ရောက်ရှိ

၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံသောအားဖြင့် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မြို့တော်သို့ စုန်ဆင်းလာနေသော ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ ပြည်ကြီးတံခွန်ရေယာဉ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်လျက်ရှိသော ပြည်တွင်းစစ်ကြီး အဆုံးသတ်ရပ်စဲစေရေး တွန်းအားပေးရန်၊ ပစ်ခတ်တိုက်ခိုက်နေသူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ခွင့်လွှတ်ပြီး ငြိမ်းချမ်းရေးသို့ ဦးတည်စေရေး တိုက်တွန်းနှိုးဆော်ရန်၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုစားပွဲဝိုင်းတွင် ညှိနှိုင်းအဖြေရှာစေရေး တွန်းအားပေးရန်၊ ပြည်သူလူထုအကြား လူမျိုးဘာသာ မခွဲခြားဘဲ ငြိမ်းချမ်းရေးစိတ်ဓာတ် ပေါ်လွင်ထင်ရှားစေရန် ရည်ရွယ်၍ ''ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား'' အစီအစဉ်ဖြင့် ငြိမ်းချမ်းရေးသဘောၤ ခရီးစဉ်ကို ဆောင်ရွက်ခဲ့ကြတာပါ။

ထို့အတူ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ငြိမ်းချမ်းရေးသင်္ဘော ဆိုက်ကပ်မည့် မြို့ရွာများတွင်လည်း ဖျော်ဖြေပွဲများ၊ ငြိမ်းချမ်းရေးဂီတပွဲတော်များ၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးလိုလားသူ လက်မှတ်ရေးထိုးပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - Than Kyaw(fb)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

၂၁ ရာစု ပင္လုံညီလာခံကို ေထာက္ခံေသာအားျဖင့္ မႏၲေလးၿမိဳ႕မွ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ရန္ကုန္ၿမိဳ႕ေတာ္သို႔ စုန္ဆင္းလာေနေသာ ၿငိမ္းခ်မ္းေရးတြဲလက္မ်ားအဖြဲ႕၏ ျပည္ႀကီးတံခြန္ေရယာဥ္မွာ ဒီကေန႔ ဒီဇင္ဘာ ၁၁ ရက္၊ နံနက္ ၉ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ ပန္းဆိုးတန္းဆိပ္ကမ္းသို႔ ေရာက္ရွိလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ ပစ္ခတ္တိုက္ခိုက္လ်က္ရွိေသာ ျပည္တြင္းစစ္ႀကီး အဆုံးသတ္ရပ္စဲေစေရး တြန္းအားေပးရန္၊ ပစ္ခတ္တိုက္ခိုက္ေနသူမ်ား တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ခြင့္လႊတ္ၿပီး ၿငိမ္းခ်မ္းေရးသို႔ ဦးတည္ေစေရး တိုက္တြန္းႏႈိးေဆာ္ရန္၊ တိုင္းျပည္ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးမႈစားပြဲဝိုင္းတြင္ ညႇိႏႈိင္းအေျဖရွာေစေရး တြန္းအားေပးရန္၊ ျပည္သူလူထုအၾကား လူမ်ိဳးဘာသာ မခြဲျခားဘဲ ၿငိမ္းခ်မ္းေရးစိတ္ဓာတ္ ေပၚလြင္ထင္ရွားေစရန္ ရည္႐ြယ္၍ ''ၿငိမ္းခ်မ္းေရးတြဲလက္မ်ား ျမစ္ဧရာမွာ ထပ္ဆင့္ပြား'' အစီအစဥ္ျဖင့္ ၿငိမ္းခ်မ္းေရးသေဘာၤ ခရီးစဥ္ကို ေဆာင္႐ြက္ခဲ့ၾကတာပါ။

ထို႔အတူ မႏၲေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ၿငိမ္းခ်မ္းေရးသေဘၤာ ဆိုက္ကပ္မည့္ ၿမိဳ႕႐ြာမ်ားတြင္လည္း ေဖ်ာ္ေျဖပြဲမ်ား၊ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္မ်ား၊ ၿငိမ္းခ်မ္းေရးစကားဝိုင္းမ်ား၊ ၿငိမ္းခ်မ္းေရးလိုလားသူ လက္မွတ္ေရးထိုးပြဲမ်ားကိုလည္း က်င္းပျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - Than Kyaw(fb)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁