ငြိမ်းချမ်းရေးရဖို့ ဟန်ပြမလုပ်ဘဲ စိတ်ရင်းစေတနာနဲ့လုပ်ဖို့ သူရဦးရွှေမန်း တိုက်တွန်း

ငြိမ်းချမ်းရေးရဖို့ ဟန်ပြမလုပ်ဘဲ စိတ်ရင်းစေတနာနဲ့လုပ်ဖို့ သူရဦးရွှေမန်း တိုက်တွန်း

ငြိမ်းချမ်းရေးရဖို့အားလုံးမှာတာဝန်ရှိပြီး ဘာပဲလုပ်လုပ်ဟန်ပြမလုပ်ဘဲ စိတ်ရင်းစေတနာနဲ့လုပ်ဖို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ  သူရဦးရွှေမန်း ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်းက အမုန်းတရား၊အဃာတ၊စိုးရိမ်မှုလွန်ကဲတာဟာ ငြိမ်းချမ်းရေးအတွက်ရော လူ့လောကအတွက်ရော ဖျက်ဆီးတတ်တဲ့ သဘာဝရှိတယ်လို့လည်း အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA (၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

“ငြိမ်းချမ်းရေးကတော့ကျနော်တို့နိုင်ငံသားအားလုံးလိုလားတောင်းတတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒီနေရာမှာဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ အားလုံး မှာတာဝန်ရှိပါတယ်။သို့ရာတွင်ဘယ်သူတွေက တာဝန်အရှိဆုံးလဲဆိုတာကတော့ အထူးပြောနေစရာမလိုပါဘူး။ တာဝန်အရှိဆုံး သူတွေက တစ်ဦးနဲ့တစ်ဦး၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်ဖို့လိုပါတယ်၊ယုံကြည်ဖို့လိုပါတယ် နားလည်မှု၊ယုံကြည်မှုရှိမယ်ဆိုရင်တော့  ငြိမ်းချမ်းရေးခြေလှမ်း ကရှေ့ကိုရောက်မှာဖြစ်ပါတယ်။နားလည်မှုယုံကြည်မှုမရှိဘူးဆိုရင်တော့ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာ စိတ်စေတနာမှန်သလို လုပ်နည်းလုပ်ဟန်မှန်ဖို့လိုပါတယ်။အဲ့လိုလုပ်နည်းလုပ်ဟန်မှန်ဖို့ ဆိုရင် လက်ရှိ ပကတိအခြေအနေကို အမှန်အတိုင်း သိမြင်နိုင်ဖို့လိုပါတယ်။

အထူးသဖြင့်တော့ အမုန်းတရား၊အဃာတ၊စိုးရိမ်မှုလွန်ကဲတာ ငြိမ်းချမ်းရေးအတွက်ရော လူ့လောကအတွက်ရော ဖျက်ဆီးတတ်တဲ့ သဘာဝ ရှိပါတယ်။ဒါကြောင့်မို့ မလိုလားအပ်သော အဃာတအမုန်းတရား ပြီးတဲ့အခါမှာ သူတို့ကိုယ်သူတို့အထင်သေးမှု စိုးရိမ်မှုများမရှိဖို့ လိုပါတယ်။ အထူးတော့ အကြံပေးစရာမရှိပါဘူး။ သာမန်အားဖြင့်လူတိုင်းသိနေတဲ့ကိစ္စပါ။ဘာပဲလုပ်လုပ်ဟန်ပြမလုပ်ပါ နဲ့စိတ်ရင်းစေတနာနဲ့ အမှန်တိုင်း လုပ်ပါ။ရိုးသားပါ၊တစ်ဦးနှင့်တစ်ဦး လေးလေးစားစားဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေ အားလုံးတိုးတက်လာ မှာဖြစ်တယ်လို့ပြော ချင်ပါတယ်။”လို့ သူရဦးရွှေမန်း ကပြောကြားခဲ့တာဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊အောက်တိုဘာ ၃၀ 

(  Zawgyi  )

 ၿငိမ္းခ်မ္းေရးရဖို႔အားလုံးမွာတာဝန္ရွိၿပီး ဘာပဲလုပ္လုပ္ဟန္ျပမလုပ္ဘဲ စိတ္ရင္းေစတနာနဲ႔လုပ္ဖို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠဌ  သူရဦးေ႐ႊမန္း ကတိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ သူရဦးေ႐ႊမန္းက အမုန္းတရား၊အဃာတ၊စိုးရိမ္မႈလြန္ကဲတာဟာ ၿငိမ္းခ်မ္းေရးအတြက္ေရာ လူ႔ေလာကအတြက္ေရာ ဖ်က္ဆီးတတ္တဲ့ သဘာဝရွိတယ္လို႔လည္း ေအာက္တိုဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္ခဲ့တဲ့ NCA (၄)ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားအၿပီးမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

“ၿငိမ္းခ်မ္းေရးကေတာ့က်ေနာ္တို႔ႏိုင္ငံသားအားလုံးလိုလားေတာင္းတတဲ့ကိစၥပဲျဖစ္ပါတယ္။ဒီေနရာမွာဘယ္သူ႔မွာတာဝန္ရွိလဲဆိုတာ အားလုံး မွာတာဝန္ရွိပါတယ္။သို႔ရာတြင္ဘယ္သူေတြက တာဝန္အရွိဆုံးလဲဆိုတာကေတာ့ အထူးေျပာေနစရာမလိုပါဘူး။ တာဝန္အရွိဆုံး သူေတြက တစ္ဦးနဲ႔တစ္ဦး၊တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ နားလည္ဖို႔လိုပါတယ္၊ယုံၾကည္ဖို႔လိုပါတယ္ နားလည္မႈ၊ယုံၾကည္မႈရွိမယ္ဆိုရင္ေတာ့  ၿငိမ္းခ်မ္းေရးေျခလွမ္း ကေရွ႕ကိုေရာက္မွာျဖစ္ပါတယ္။နားလည္မႈယုံၾကည္မႈမရွိဘူးဆိုရင္ေတာ့ အလွမ္းေဝးေနအုံးမွာျဖစ္ပါတယ္။ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ စိတ္ေစတနာမွန္သလို လုပ္နည္းလုပ္ဟန္မွန္ဖို႔လိုပါတယ္။အဲ့လိုလုပ္နည္းလုပ္ဟန္မွန္ဖို႔ ဆိုရင္ လက္ရွိ ပကတိအေျခအေနကို အမွန္အတိုင္း သိျမင္ႏိုင္ဖို႔လိုပါတယ္။

အထူးသျဖင့္ေတာ့ အမုန္းတရား၊အဃာတ၊စိုးရိမ္မႈလြန္ကဲတာ ၿငိမ္းခ်မ္းေရးအတြက္ေရာ လူ႔ေလာကအတြက္ေရာ ဖ်က္ဆီးတတ္တဲ့ သဘာဝ ရွိပါတယ္။ဒါေၾကာင့္မို႔ မလိုလားအပ္ေသာ အဃာတအမုန္းတရား ၿပီးတဲ့အခါမွာ သူတို႔ကိုယ္သူတို႔အထင္ေသးမႈ စိုးရိမ္မႈမ်ားမရွိဖို႔ လိုပါတယ္။ အထူးေတာ့ အႀကံေပးစရာမရွိပါဘူး။ သာမန္အားျဖင့္လူတိုင္းသိေနတဲ့ကိစၥပါ။ဘာပဲလုပ္လုပ္ဟန္ျပမလုပ္ပါ နဲ႔စိတ္ရင္းေစတနာနဲ႔ အမွန္တိုင္း လုပ္ပါ။႐ိုးသားပါ၊တစ္ဦးႏွင့္တစ္ဦး ေလးေလးစားစားေဆာင္႐ြက္မယ္ဆိုရင္ အေျခအေနေတြ အားလုံးတိုးတက္လာ မွာျဖစ္တယ္လို႔ေျပာ ခ်င္ပါတယ္။”လို႔ သူရဦးေ႐ႊမန္း ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေအာက္တိုဘာ ၃၀