စက်မှုဇုန်များအတွင်း ရေဆိုးသန့်စင်မှုနည်းပညာလိုအပ်ပါက အကြံဉာဏ်ရယူနိုင်ဟုဆို

 စက်မှုဇုန်များအတွင်း ရေဆိုးသန့်စင်မှုနည်းပညာလိုအပ်ပါက အကြံဉာဏ်ရယူနိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်တွေအနေနဲ့ စွန့်ပစ်ရေဆိုးတွေကို သန့်စင်တဲ့အခါ အခက်အခဲများကြုံပါက လိုအပ်သော အကြံဉာဏ်များကိုရယူဆောင်ရွက်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရပါတယ်။

“ကျွန်တော်တို့ဆီမှာက Waste Water Treatment စနစ်တွေနဲ့ပတ်သက်ရင် အားနည်းနေသေးတယ်၊ တစ်ချို့ဆိုလည်း ဟိုနည်းနဲ့လုပ်လိုက်ဒီနည်းနဲ့လုပ်လိုက်နဲ့ ရှိနေကြသေးတယ်၊ ဘယ်လိုနည်းနဲ့ လုပ်မလဲ ဆိုတာတွေ အပါအဝင် နည်းပညာဆိုင်ရာ အကူအညီတွေအတွက် အကြံဉာဏ်ရယူနိုင်ပါတယ်၊ လိုအပ်တဲ့ ဆွေးနွေးတာတွေ လမ်းညွှန်မှုတွေနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”လို့ ယင်းဌာနမှ အကြီးအကဲလည်း ဖြစ်သူ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။

တစ်ချို့စက်ရုံတွေဟာ စွန့်ပစ်ရေဆိုးတွေနဲ့ပတ်သက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့လုပ်ကိုင်ရင်း အဆင်မပြေမှုများ ရှိသလို ပတ်ဝန်းကျင်အတွက် အနံ့အသက်များရှိတာကြောင့် တိုင်ကြားခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ “စွန့်ပစ် ရေဆိုး တွေထဲမှာ ဓာတုဓာတ်တွေ လွန်ကဲနေလို့မရပါဘူး၊ ဒီရေတွေဟာ မြစ်တွေ ချောင်းတွေထဲကို ရောက်ရှိသွားပြီး ရေနေသတ္တဝါတွေအတွက် သေကြေစေတတ်တဲ့အပြင် ပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်၊ အခုအချိန်မှာက သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေက စက်ရုံလည်ပတ်နေချိန်မှာ ရေဆိုးသန့်စင် မှုစနစ်လုပ်ဆောင်နေတဲ့ အနေအထားကို နားလည်မှု နဲ့ ခွင့်ပြုပေးတာမျိုးတွေ ရှိနေသေးပေမယ့် တကယ်တမ်းဆိုရင် စည်းမျဉ်းစည်းကမ်းအရက ရေဆိုးသန့်စင်မှု မလုပ်နိုင်သေးဘဲ စက်ရုံလည်ပတ်လို့ လုံးဝမရပါဘူး”လို့ ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာရှင်တစ်ဦးဖြစ်သူ ဦးအေးသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ထဲမှာ စက်မှုဇုန် ၂၄ ဇုန်ရှိကာ စက်ရုံပေါင်း ၃၅၆၂ ရုံရှိနေကြောင်း၊ ရေဆိုးထုတ်လုပ်တဲ့ စက်ရုံပေါင်း ၃၀၀ ကျော်ထဲမှာ ၁၀ ရာခိုင်နှုန်းလောက်သာ စွန့်ပစ်ရေဆိုးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

(   Zawgyi   )

 ရန္ကုန္တိုင္းေဒသႀကီးထဲက စက္မႈဇုန္ေတြအေနနဲ႔ စြန႔္ပစ္ေရဆိုးေတြကို သန႔္စင္တဲ့အခါ အခက္အခဲမ်ားႀကဳံပါက လိုအပ္ေသာ အႀကံဉာဏ္မ်ားကိုရယူေဆာင္႐ြက္ႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာနမွ သိရပါတယ္။

“ကြၽန္ေတာ္တို႔ဆီမွာက Waste Water Treatment စနစ္ေတြနဲ႔ပတ္သက္ရင္ အားနည္းေနေသးတယ္၊ တစ္ခ်ိဳ႕ဆိုလည္း ဟိုနည္းနဲ႔လုပ္လိုက္ဒီနည္းနဲ႔လုပ္လိုက္နဲ႔ ရွိေနၾကေသးတယ္၊ ဘယ္လိုနည္းနဲ႔ လုပ္မလဲ ဆိုတာေတြ အပါအဝင္ နည္းပညာဆိုင္ရာ အကူအညီေတြအတြက္ အႀကံဉာဏ္ရယူႏိုင္ပါတယ္၊ လိုအပ္တဲ့ ေဆြးေႏြးတာေတြ လမ္းၫႊန္မႈေတြနဲ႔ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္”လို႔ ယင္းဌာနမွ အႀကီးအကဲလည္း ျဖစ္သူ ပတ္ဝန္းက်င္ စီမံခန႔္ခြဲေရး လုပ္ငန္းတာဝန္ခံအဖြဲ႕ရဲ႕ ၫႊန္ၾကားေရးမႉး ေဒါက္တာ ေအာင္ျမင့္ေမာ္က ေျပာပါတယ္။

တစ္ခ်ိဳ႕စက္႐ုံေတြဟာ စြန႔္ပစ္ေရဆိုးေတြနဲ႔ပတ္သက္ၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔လုပ္ကိုင္ရင္း အဆင္မေျပမႈမ်ား ရွိသလို ပတ္ဝန္းက်င္အတြက္ အနံ႔အသက္မ်ားရွိတာေၾကာင့္ တိုင္ၾကားခံရတဲ့ ျဖစ္ရပ္ေတြလည္း ရွိခဲ့ပါတယ္။ “စြန႔္ပစ္ ေရဆိုး ေတြထဲမွာ ဓာတုဓာတ္ေတြ လြန္ကဲေနလို႔မရပါဘူး၊ ဒီေရေတြဟာ ျမစ္ေတြ ေခ်ာင္းေတြထဲကို ေရာက္ရွိသြားၿပီး ေရေနသတၱဝါေတြအတြက္ ေသေၾကေစတတ္တဲ့အျပင္ ပတ္ဝန္းက်င္အတြက္လည္း ဆိုးက်ိဳးေတြ ျဖစ္ေပၚေစပါတယ္၊ အခုအခ်ိန္မွာက သက္ဆိုင္ရာ အဖြဲ႕အစည္းတာဝန္ရွိသူေတြက စက္႐ုံလည္ပတ္ေနခ်ိန္မွာ ေရဆိုးသန႔္စင္ မႈစနစ္လုပ္ေဆာင္ေနတဲ့ အေနအထားကို နားလည္မႈ နဲ႔ ခြင့္ျပဳေပးတာမ်ိဳးေတြ ရွိေနေသးေပမယ့္ တကယ္တမ္းဆိုရင္ စည္းမ်ဥ္းစည္းကမ္းအရက ေရဆိုးသန႔္စင္မႈ မလုပ္ႏိုင္ေသးဘဲ စက္႐ုံလည္ပတ္လို႔ လုံးဝမရပါဘူး”လို႔ ေရစီမံခန႔္ခြဲမႈဆိုင္ရာ နည္းပညာရွင္တစ္ဦးျဖစ္သူ ဦးေအးသိန္းက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ စက္မႈဇုန္ေပါင္း ၂၉ ဇုန္ရွိၿပီး စည္ပင္သာယာနယ္နိမိတ္ ၃၃ ၿမိဳ႕နယ္ထဲမွာ စက္မႈဇုန္ ၂၄ ဇုန္ရွိကာ စက္႐ုံေပါင္း ၃၅၆၂ ႐ုံရွိေနေၾကာင္း၊ ေရဆိုးထုတ္လုပ္တဲ့ စက္႐ုံေပါင္း ၃၀၀ ေက်ာ္ထဲမွာ ၁၀ ရာခိုင္ႏႈန္းေလာက္သာ စြန႔္ပစ္ေရဆိုးကို ေကာင္းမြန္စြာ စီမံခန႔္ခြဲႏိုင္တဲ့ အေျခအေနမ်ိဳးရွိေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ ၁၇