စက်မှု ဇုန်လုပ်သားများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်း ဒဂုံ အရှေ့စက်မှုဇုန် တွင်ဖွင့်လှစ်

စက်မှု ဇုန်လုပ်သားများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်း ဒဂုံ အရှေ့စက်မှုဇုန် တွင်ဖွင့်လှစ်

စက်မှုဇုန်လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် (၅)ခုမြောက် လူမှုဖူလုံရေး - ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံအရှေ့စက်မှုဇုန်တွင် ယနေ့ သြဂုတ် ၁၀ ရက်မှစတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အဆိုပါဆေးခန်းဖွင့်လှစ်ပွဲ အခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါတယ်။

ဒဂုံအရှေ့စက်မှုဇုန်တွင်အကျုံးဝင်လုပ်ငန်းဌာန(၂၀၂)ဌာနမှလုပ်သားအင်အားပေါင်း(၂၈၇၈၉)ဦးရှိပြီး လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဒဂုံအရှေ့စက်မှုဇုန်အတွင်းရှိ  အကျုံးဝင်အာမခံလုပ်သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိ ရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပြီး ကဲဝဲလ်ဆေးခန်းနှင့် စာချုပ် ချုပ်ဆိုကာ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်တယ် လို့ လည်း ဒီကနေ့ အခမ်းအနားမှ သိရပါတယ်။

“ဒီကနေ့ ဒဂုံအရှေ့မြို့နယ်မှာဖွင့်တဲ့ဆေးခန်းအပါအဝင် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းပေါင်း ၅ ခု ရှိသွားပါပြီ။ လုပ်သားများ၊အလုပ်ရှင်များရဲ့တုန့်ပြန်မှုအရ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းများ ရဲ့ဆေးကုသမှုစောင့် ရှောက်မှု အပေါ်မှာ အလုပ်သမားများ ကကျေနပ်ကြ ပါတယ်။ ပိုမိုတိုးချဲ့ ဖွင့်လှစ်ပေးဖို့ ကိုလည်းအခြားသော မြို့နယ်တွေက စက်မှုဇုန်တွေက တောင်းဆိုတာတွေ ရှိပါတယ်။

ဆက်လက်ဖွင့်လှစ်ဖို့ကိုလည်းစီစဉ်ထားပါတယ်။လာမယ့်နှစ်တွေမှာလည်းတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းတွေမှာလတ်တလော အရေးပေါ် ကိစ္စရပ်တွေဖြစ်တယ် ဆိုရင် ကုသမှုတွေလုပ်ပေးတာ ဟာ စက်မှုဇုန် လုပ်သားတွေက တော်တေ်ာလေး ကျေနပ်အားရပါတယ်။

ထိခိုက်မှုဖြစ်ရင် အခြားဆေးရုံကြီးတွေကို သွားရတာဝေးကွာပါတယ်။ ဒီဆေးခန်းမှာ တော့ အရေးပေါ် ဆေးကုသမှု စောင့်ရှောက်မှုတွေကို စနစ်တကျ လုပ်ပေးပြီးတော့မှ ဆက်ပြီးတော့ ဆေးရုံကြီးကို အပ်ဖို့လိုရင်လည်းဆေးခန်းမှာ ရှိတဲ့ကားနဲ့ဆက်လက်ပြီး ပို့ဆောင်ပေးတဲ့ အတွက် အလုပ်သမားများ အတွက်အဆင်ပြေပါတယ်။

လူမှုဖူလုံရေးအဖွဲ့အနေနဲ့ပြုပြင်ပြောင်းလဲမှု(၄)ရပ်ကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။”လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပေါင်း(၁၁၆)မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း(၁.၃၆)သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျိုး ခံစား ခွင့်တွေ ကို အလုပ်သမားဆေးရုံကြီး(၃)ရုံ၊ ရုံးခွဲပေါင်း(၇၈)ရုံး၊မြို့နယ် ဆေးခန်းပေါင်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း(၅၇)ခန်း လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း(၅)ခန်း၊တိုင်းရင်းဆေးကုခန်း(၁)ခန်းနှင့် Provider – Purchaser Spilt (PPS) ဖြင့်စမ်းသပ်ဆောင်ရွက်သည့်ဆေးခန်း(၇)ခန်းတို့အပြင် ရွှေ့လျားဆေးကုသယာဉ် (၂)စီးတို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

“လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းကို လှိုင်သာယာမြို့နယ်မှာ ၂၀၁၅ ခုနှစ် က စတင်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ယခု အရှေ့ဒဂုံမှာဖွင့်လှစ်တာဟာ ၅ ခန်းမြောက် ဆေးခန်းဖြစ် ပါတယ်။ ဘာလို့ဖွင့်လှစ်ရတာလည်းဆိုတော့ အမတို့မှာရည်ရွယ်ချက်ရှိပါတယ်။ လူမှုဖူလုံရေး အဖွဲ့ရဲ့ စုပေါင်း ုခြင်းဖြင့် ကူညီမယ်ဆိုတာကိုလေးစားတန်ဖိုးထားတယ်။လိုအပ်ချက်တွေများပြား တဲ့ စက်ရုံ၊အလုပ်ရုံ စက်မှုှဇုန်တွေမှာ အခြေခံလူတန်းစားတွေလည်းများပြားတယ်။ဒီစက်ရုံ အလုပ်ရုံလုပ်သားတွေကို အမတို့က ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုဖူလုံရေးအဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ သူတို့ရဲ့မူဝါဒ သဘောထားတွေနဲ့အညီ အမတို့က အခုလိုဆေးခန်းလေးကို ဖွင့်လှစ်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု တွေကိုပေးခဲ့တာပဲဖြစ်ပါတယ်။”လို့ Carewell medical Co,ltd ၏မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဒေါ်မူယာညွှန့် က လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောပြခဲ့ပါတယ်။

ထို့အတူ ယနေ့ အခမ်းအနားသို့တက်ရောက်လာသည့် တောင်ဒဂုံမဲဆန္ဒနယ်မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လူမှုဖူလုံရေးနဲ့ ကဲဝဲလ်ဆေးခန်းလုပ်တာကိုကြိဆိုပြီး တောင်ဒဂုံမြို့နယ်အတွင်းမှာလည်း မကြာမီအချိန်အတွင်းမှာ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း ကို ဖွင့်လှစ်နိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“လူမှုဖူလုံရေးနဲ့ကဲဝဲလ်ဆေးခန်းကိုကျနော်တို့အရမ်းကြိုဆိုပါတယ်။ကျနော်တို့တောင်ဒဂုံအတွင်းမှာလည်း မကြာမီအချိန်အတွင်းမှာအကောင်အထည်ဖော်နိုင်တော့မှာပါ။ဆေးရုံတွေ ဆေးခန်းတွေမှာဆိုရင် ထိခိုက်ဒဏ်ရာရလာတဲ့ သူတွေဟာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ဖြစ်တဲ့အခါမှာတချို့နေရာတွေမှာကုသဖို့ အခက်အခဲတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ဥပမာ လက်ထဲကိုကျနော်တို့ အပ်စိုက်သွားတာတို့သံ အမှုန်တွေစင်တာတို့ဆိုတဲ့ဟာမျိုးကို ဒီလူမှုဖူလုံရေးနဲ့ ကဲဝဲလ်နဲ့လုပ်လို က်တဲ့ ဆေးရုံဆေးခန်းတွေကပိုပြီးတော့လုပ်ကိုင်နိုင်တာကိုတွေ့ရပါတယ်။

နောက်တစ်ခုက တကယ်ကို စနစ်တကျဆောင်ရွက်ထား တဲ့ဆေးခန်းတစ်ခုဖြစ်တယ်။ လူမှုဖူလုံရေးနဲ့ ကဲဝဲလ်ကဖွင့်တဲ့ဆေးခန်းတွေကအလုပ်သမားတွေအတွက်တင်မဟုတ်ပါဘူး။ပြည်သူလူထုအတွက်ပါကုသပေးနေတဲ့ဆေးခန်းဖြစ်တဲ့ အတွက် တကယ့်ကို အကျိုးသက်ရောက်မှု အရမ်းကို အားကောင်းတဲ့ ဟာလို့ကျနော်အနေနဲ့ပြောချင်ပါတယ်။”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားခဲ့ပါတယ်။

ဒီကနေ့  ဒဂုံအရှေ့စက်မှုဇုန်တွင်ပြုလုပ်ခဲ့တဲ့ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းဖွင့်လှစ်ပွဲသို့  အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ နှင့်တာဝန်ရှိသူများ၊အလုပ်ရှင်၊အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် Carewell medical Co,ltdမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၀

(  Zawgyi  )

စက္မႈဇုန္လုပ္သားမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ဖို႔အတြက္ (၅)ခုေျမာက္ လူမႈဖူလုံေရး - ကဲဝဲလ္အေထြေထြေရာဂါကုေဆးခန္းကို ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဒဂုံအေရွ႕စက္မႈဇုန္တြင္ ယေန႔ ၾသဂုတ္ ၁၀ ရက္မွစတင္၍ ဖြင့္လွစ္လိုက္ၿပီျဖစ္ၿပီး အဆိုပါေဆးခန္းဖြင့္လွစ္ပြဲ အခမ္းအနားသို႔ အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ တက္ေရာက္ခဲ့ပါတယ္။

ဒဂုံအေရွ႕စက္မႈဇုန္တြင္အက်ဳံးဝင္လုပ္ငန္းဌာန(၂၀၂)ဌာနမွလုပ္သားအင္အားေပါင္း(၂၈၇၈၉)ဦးရွိၿပီး လူမႈဖူလုံေရးအဖြဲ႕အေနျဖင့္ ဒဂုံအေရွ႕စက္မႈဇုန္အတြင္းရွိ  အက်ဳံးဝင္အာမခံလုပ္သားမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈကို ထိထိ ေရာက္ေရာက္ေဆာင္႐ြက္ေပးႏိုင္ရန္ရည္႐ြယ္ၿပီး ကဲဝဲလ္ေဆးခန္းႏွင့္ စာခ်ဳပ္ ခ်ဳပ္ဆိုကာ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္းကို ထပ္မံတိုးခ်ဲ႕ ဖြင့္လွစ္ေပးရျခင္းျဖစ္တယ္ လို႔ လည္း ဒီကေန႔ အခမ္းအနားမွ သိရပါတယ္။

“ဒီကေန႔ ဒဂုံအေရွ႕ၿမိဳ႕နယ္မွာဖြင့္တဲ့ေဆးခန္းအပါအဝင္ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္းေပါင္း ၅ ခု ရွိသြားပါၿပီ။ လုပ္သားမ်ား၊အလုပ္ရွင္မ်ားရဲ႕တုန႔္ျပန္မႈအရ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္းမ်ား ရဲ႕ေဆးကုသမႈေစာင့္ ေရွာက္မႈ အေပၚမွာ အလုပ္သမားမ်ား ကေက်နပ္ၾက ပါတယ္။ ပိုမိုတိုးခ်ဲ႕ ဖြင့္လွစ္ေပးဖို႔ ကိုလည္းအျခားေသာ ၿမိဳ႕နယ္ေတြက စက္မႈဇုန္ေတြက ေတာင္းဆိုတာေတြ ရွိပါတယ္။

ဆက္လက္ဖြင့္လွစ္ဖို႔ကိုလည္းစီစဥ္ထားပါတယ္။လာမယ့္ႏွစ္ေတြမွာလည္းတိုးခ်ဲ႕ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။အဓိကအားျဖင့္ေတာ့ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္းေတြမွာလတ္တေလာ အေရးေပၚ ကိစၥရပ္ေတြျဖစ္တယ္ ဆိုရင္ ကုသမႈေတြလုပ္ေပးတာ ဟာ စက္မႈဇုန္ လုပ္သားေတြက ေတာ္ေတ္ာေလး ေက်နပ္အားရပါတယ္။

ထိခိုက္မႈျဖစ္ရင္ အျခားေဆး႐ုံႀကီးေတြကို သြားရတာေဝးကြာပါတယ္။ ဒီေဆးခန္းမွာ ေတာ့ အေရးေပၚ ေဆးကုသမႈ ေစာင့္ေရွာက္မႈေတြကို စနစ္တက် လုပ္ေပးၿပီးေတာ့မွ ဆက္ၿပီးေတာ့ ေဆး႐ုံႀကီးကို အပ္ဖို႔လိုရင္လည္းေဆးခန္းမွာ ရွိတဲ့ကားနဲ႔ဆက္လက္ၿပီး ပို႔ေဆာင္ေပးတဲ့ အတြက္ အလုပ္သမားမ်ား အတြက္အဆင္ေျပပါတယ္။

လူမႈဖူလုံေရးအဖြဲ႕အေနနဲ႔ျပဳျပင္ေျပာင္းလဲမႈ(၄)ရပ္ကိုလည္းေဆာင္႐ြက္လ်က္ရွိပါတယ္။”လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ကေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ လူမႈဖူလုံေရးအဖြဲ႕အေနျဖင့္ လူမႈဖူလုံေရးစီမံကိန္းကိုအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ ၿမိဳ႕နယ္ေပါင္း(၁၁၆)ၿမိဳ႕နယ္ရွိ အက်ဳံးဝင္အာမခံအလုပ္သမားေပါင္း(၁.၃၆)သန္းခန႔္၏ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အက်ိဳး ခံစား ခြင့္ေတြ ကို အလုပ္သမားေဆး႐ုံႀကီး(၃)႐ုံ၊ ႐ုံးခြဲေပါင္း(၇၈)႐ုံး၊ၿမိဳ႕နယ္ ေဆးခန္းေပါင္း (၉၆)ခန္း၊ ဌာနႀကီးေဆးခန္း(၅၇)ခန္း လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္း(၅)ခန္း၊တိုင္းရင္းေဆးကုခန္း(၁)ခန္းႏွင့္ Provider – Purchaser Spilt (PPS) ျဖင့္စမ္းသပ္ေဆာင္႐ြက္သည့္ေဆးခန္း(၇)ခန္းတို႔အျပင္ ေ႐ႊ႕လ်ားေဆးကုသယာဥ္ (၂)စီးတို႔ျဖင့္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း ဆိုပါတယ္။

“လူမႈဖူလုံေရး-ကဲဝဲလ္အေထြေထြေရာဂါကုေဆးခန္းကို လႈိင္သာယာၿမိဳ႕နယ္မွာ ၂၀၁၅ ခုႏွစ္ က စတင္ၿပီးဖြင့္လွစ္ခဲ့ပါတယ္။ယခု အေရွ႕ဒဂုံမွာဖြင့္လွစ္တာဟာ ၅ ခန္းေျမာက္ ေဆးခန္းျဖစ္ ပါတယ္။ ဘာလို႔ဖြင့္လွစ္ရတာလည္းဆိုေတာ့ အမတို႔မွာရည္႐ြယ္ခ်က္ရွိပါတယ္။ လူမႈဖူလုံေရး အဖြဲ႕ရဲ႕ စုေပါင္း ုျခင္းျဖင့္ ကူညီမယ္ဆိုတာကိုေလးစားတန္ဖိုးထားတယ္။လိုအပ္ခ်က္ေတြမ်ားျပား တဲ့ စက္႐ုံ၊အလုပ္႐ုံ စက္မႈွဇုန္ေတြမွာ အေျခခံလူတန္းစားေတြလည္းမ်ားျပားတယ္။ဒီစက္႐ုံ အလုပ္႐ုံလုပ္သားေတြကို အမတို႔က ေကာင္းမြန္တဲ့က်န္းမာေရးေစာင့္ေရွာက္မႈေပးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လူမႈဖူလုံေရးအဖြဲ႕ရဲ႕ ဦးေဆာင္လမ္းၫႊန္မႈနဲ႔ သူတို႔ရဲ႕မူဝါဒ သေဘာထားေတြနဲ႔အညီ အမတို႔က အခုလိုေဆးခန္းေလးကို ဖြင့္လွစ္ၿပီးေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ေတြကိုေပးခဲ့တာပဲျဖစ္ပါတယ္။”လို႔ Carewell medical Co,ltd ၏မန္ေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာေဒၚမူယာၫႊန႔္ က လူမႈဖူလုံေရး - ကဲဝဲလ္ေဆးခန္း ဖြင့္လွစ္ရျခင္း ရည္႐ြယ္ခ်က္ကိုေျပာျပခဲ့ပါတယ္။

ထို႔အတူ ယေန႔ အခမ္းအနားသို႔တက္ေရာက္လာသည့္ ေတာင္ဒဂုံမဲဆႏၵနယ္မွ ရန္ကုန္တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက လူမႈဖူလုံေရးနဲ႔ ကဲဝဲလ္ေဆးခန္းလုပ္တာကိုႀကိဆိုၿပီး ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းမွာလည္း မၾကာမီအခ်ိန္အတြင္းမွာ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္း ကို ဖြင့္လွစ္ႏိုင္ေရးကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

“လူမႈဖူလုံေရးနဲ႔ကဲဝဲလ္ေဆးခန္းကိုက်ေနာ္တို႔အရမ္းႀကိဳဆိုပါတယ္။က်ေနာ္တို႔ေတာင္ဒဂုံအတြင္းမွာလည္း မၾကာမီအခ်ိန္အတြင္းမွာအေကာင္အထည္ေဖာ္ႏိုင္ေတာ့မွာပါ။ေဆး႐ုံေတြ ေဆးခန္းေတြမွာဆိုရင္ ထိခိုက္ဒဏ္ရာရလာတဲ့ သူေတြဟာ ပုံသ႑န္အမ်ိဳးမ်ိဳးနဲ႔ျဖစ္တဲ့အခါမွာတခ်ိဳ႕ေနရာေတြမွာကုသဖို႔ အခက္အခဲေတြ ျဖစ္ေနတာကိုေတြ႕ရပါတယ္။ဥပမာ လက္ထဲကိုက်ေနာ္တို႔ အပ္စိုက္သြားတာတို႔သံ အမႈန္ေတြစင္တာတို႔ဆိုတဲ့ဟာမ်ိဳးကို ဒီလူမႈဖူလုံေရးနဲ႔ ကဲဝဲလ္နဲ႔လုပ္လို က္တဲ့ ေဆး႐ုံေဆးခန္းေတြကပိုၿပီးေတာ့လုပ္ကိုင္ႏိုင္တာကိုေတြ႕ရပါတယ္။

ေနာက္တစ္ခုက တကယ္ကို စနစ္တက်ေဆာင္႐ြက္ထား တဲ့ေဆးခန္းတစ္ခုျဖစ္တယ္။ လူမႈဖူလုံေရးနဲ႔ ကဲဝဲလ္ကဖြင့္တဲ့ေဆးခန္းေတြကအလုပ္သမားေတြအတြက္တင္မဟုတ္ပါဘူး။ျပည္သူလူထုအတြက္ပါကုသေပးေနတဲ့ေဆးခန္းျဖစ္တဲ့ အတြက္ တကယ့္ကို အက်ိဳးသက္ေရာက္မႈ အရမ္းကို အားေကာင္းတဲ့ ဟာလို႔က်ေနာ္အေနနဲ႔ေျပာခ်င္ပါတယ္။”လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔  ဒဂုံအေရွ႕စက္မႈဇုန္တြင္ျပဳလုပ္ခဲ့တဲ့ လူမႈဖူလုံေရး-ကဲဝဲလ္ေဆးခန္းဖြင့္လွစ္ပြဲသို႔  အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီ ဥကၠဌ ႏွင့္တာဝန္ရွိသူမ်ား၊အလုပ္ရွင္၊အလုပ္သမားအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ Carewell medical Co,ltdမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၀