စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းပေးထားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်ထုတ်ပြန်

စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းပေးထားမည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ စစ်ဆင်ရေးနယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းပေးထားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးရပ်ဆိုင်းထားစဉ် ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ရန် ညှိနှိုင်းသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော နယ်မြေများအတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ယင်းတို့၏ မူလနေရပ်များသို့ အမြန်ဆုံး ရွှေ့ပြောင်းနေရာချထားနိုင်ရေးကိုလည်း တပ်မတော်က လိုအပ်သလို ပူးပေါင်းကူညီ စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း NCA လက်မှတ် ရေးထိုးရန် ကျန်ရှိနေသည့် မြောက်ပိုင်းခုနစ်ဖွဲ့အနက် တအာန်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင်အဖွဲ့ (AA) တို့က စစ်ရေးကိစ္စများကို ရပ်တန့်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံခဲ့ပါတယ်။
ထို့အတူ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၃) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ သီးသန့်တွေ့ဆုံပွဲ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီးဖြစ်သည့် “၂၀၂၀  ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သိန္ဒိဌာန်ချထားကြောင်းနှင့် တပ်မတော်အနေဖြင့် သိန္ဒိဌာန်ချထားသည့်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမည်” ဟူသည့် သိန္ဒိဌာန်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း ကတိကဝတ်ပြုပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယင်းကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပြေသိမ်း
Ref - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရန်ကုန်၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားရွိရာ စစ္ဆင္ေရးနယ္ေျမမ်ားတြင္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈအားလုံးကို ေလးလေက်ာ္ ရပ္ဆိုင္းေပးထားမည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဒီကေန႔ ဒီဇင္ဘာ ၂၁ ရက္တြင္ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ စစ္ဆင္ေရးရပ္ဆိုင္းထားစဥ္ ကာလအတြင္း သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ႏွစ္ဖက္အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ထိုးႏိုင္ရန္ ညႇိႏႈိင္းသြားမည္ျဖစ္ၿပီး တစ္ခ်ိန္တည္းမွာပင္ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ေသာ နယ္ေျမမ်ားအတြင္းရွိ တိုက္ပြဲေရွာင္ ျပည္သူမ်ားအတြက္ ယင္းတို႔၏ မူလေနရပ္မ်ားသို႔ အျမန္ဆုံး ေ႐ႊ႕ေျပာင္းေနရာခ်ထားႏိုင္ေရးကိုလည္း တပ္မေတာ္က လိုအပ္သလို ပူးေပါင္းကူညီ ေစာင့္ေရွာက္ေပးသြားမွာ ျဖစ္တယ္လို႔ အဆိုပါထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

မၾကာေသးမီ ရက္ပိုင္းအတြင္းကလည္း NCA လက္မွတ္ ေရးထိုးရန္ က်န္ရွိေနသည့္ ေျမာက္ပိုင္းခုနစ္ဖြဲ႕အနက္ တအာန္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA) ႏွင့္ ရကၡိဳင္အဖြဲ႕ (AA) တို႔က စစ္ေရးကိစၥမ်ားကို ရပ္တန႔္၍ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ပါဝင္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည့္အေပၚ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳဆိုေထာက္ခံခဲ့ပါတယ္။
ထို႔အတူ NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း (၃) ႏွစ္ေျမာက္၊ ႏွစ္ပတ္လည္ေန႔ သီးသန႔္ေတြ႕ဆုံပြဲ အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားခဲ့ၿပီးျဖစ္သည့္ “၂၀၂၀  ျပည့္ႏွစ္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေစေရး သိႏၵိဌာန္ခ်ထားေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ သိႏၵိဌာန္ခ်ထားသည့္အတိုင္း ျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ၿပီး တိုင္းရင္းသား ျပည္သူလူထု လိုလားေတာင့္တေနသည့္ ထာဝရၿငိမ္းခ်မ္းေရးကို ျပည္သူ႔လက္သို႔ အေရာက္အပ္ႏွင္းမည္” ဟူသည့္ သိႏၵိဌာန္ကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးကလည္း ကတိကဝတ္ျပဳၿပီးေနာက္ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးႏွင့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေရး သတ္မွတ္လုပ္ငန္းစဥ္မ်ားအတိုင္း ၿပီးေျမာက္ေအာင္ျမင္သည္အထိ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ယင္းေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ေျပသိမ္း
Ref - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ရန္ကုန္၊ ဒီဇင္ဘာ - ၂၁