စစ်ပွဲများမရှိမှ ငြိမ်းချမ်းရေးရတာမဟုတ်ပဲ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး ကြောင့်ကျမှူ ကင်းစွာနေနိုင်ရေး သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်ဟု မင်းကိုနိုင် ပြော

စစ်ပွဲများမရှိမှ ငြိမ်းချမ်းရေးရတာမဟုတ်ပဲ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးကြောင့်ကျမှူ ကင်းစွာနေနိုင်ရေးသည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်ဟု မင်းကိုနိုင် ပြော

စစ်ပွဲများမရှိမှငြိမ်းချမ်းရေးရတာမဟုတ်ပဲ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ကြောင့်ကျမှု ကင်းစွာနေနိုင်ရေးသည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်တယ်လို့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင် ကပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)တွင်ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာစစ်ပွဲများမရှိမှငြိမ်းချမ်းရေးရတာမဟုတ်ပဲငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ကြောင့်ကျမှုကင်းစွာနေနိုင်ရေးသည်လည်းငြိမ်းချမ်းရေးပင်ဖြစ်ပါတယ်။စစ်ပွဲများအစားပညာရာရေးကဏ္ဍမြင့်မားလာရေးတွင်အသုံးစရိတ်များများသုံးနိုင်

မှလူနေမှုအဆင့်အတန်းမြင့်မားလာမှာဖြစ်ပါတယ်။ယနေ့ ပြည်တွင်းစစ်မရှိတဲ့နိုင်ငံတွေကသာကမ္ဘာကြီးကိုဦးဆောင်နေတာဖြစ်ပါတယ်။”လို့ ၈၈ ငြိမ်း/ပွင့် ခေါင်းဆောင် ကိုမင်းကိုနိုင် ကပြောကြားခဲ့ပါတယ်။
 

ငြိမ်းချမ်းရေးတွဲလက်များ ၂၇ ရက်လုပ်ငန်းစဉ် ဧရာဝတီရေလမ်းခရီးလှုပ်ရှားမှုအဖြစ် " ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်ပွား " ခေါင်းစဉ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအထောက်အကူပြု လှုပ်ရှားမှုကို မန္တလေးမြို့မှ ရန်ကုန်မြို့ အထိနိုဝင်ဘာ ၁၅ရက်နေ့မှစ၍ ရေလမ်းခရီးစတင်ထွက်ခွာလာရာ  ဒီကနေ့မှာ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ခရီးစဉ်အောင်မြင်စွာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။

 

ထို့အတူ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုဂျင်မီကလည်း“အပစ်အခတ်ရပ်စဲရုံနဲ့ငြိမ်းချမ်းရေးရတာမဟုတ်ပါဘူး။ငြိမ်းချမ်းရေးအတွက်အဓိကကျသောအရင်းအမြစ်သည်လူသားပင်ဖြစ်ပါတယ်။

စာနာတရားရှိသောလူသား၊မေတ္တာတရားရှိသောလူသားတွေများလာပါမှငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးရှိမှပညာတတ်တွေပေါများလာမှာ ဖြစ်သလိုစစ်ပွဲတွေမရှိမှပညာရေးအသုံးစရိတ တွေ မြင့်မားလာပြီး ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်နိုင်မှာဖြစ်တယ်။”လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ပြေသိမ်း
ဓါတ်ပုံ - ၈၈ (ငြိမ်း/ပွင့်)
ရန်ကုန်၊ဒီဇင်ဘာ ၁၁

(  Zawgyi  )

စစ္ပြဲမ်ားမရွိမွၿငိမ္းခ်မ္းေရးရတာမဟုတ္ပဲ ၿငိမ္းခ်မ္းစြာပညာသင္ၾကားႏိုင္ေရး၊ေၾကာင့္က်မႈ ကင္းစြာေနႏိုင္ေရးသည္လည္း ၿငိမ္းခ်မ္းေရးပင္ျဖစ္တယ္လို႔  ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္း ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုမင္းကိုႏိုင္ ကေျပာၾကားခဲ့ပါတယ္။
အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဒီဇင္ဘာ ၁၁ ရက္၊နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္း အမွတ္(၄)တြင္ျပဳလုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿငိမ္းခ်မ္းေရးဆိုတာစစ္ပြဲမ်ားမရွိမွ ၿငိမ္းခ်မ္းေရးရတာမဟုတ္ပဲၿငိမ္းခ်မ္းစြာပညာသင္ၾကားႏိုင္ေရး၊ေၾကာင့္က်မႈကင္းစြာေနႏိုင္ေရးသည္လည္းၿငိမ္းခ်မ္းေရးပင္ျဖစ္ပါတယ္။စစ္ပြဲမ်ားအစားပညာရာေရးက႑ျမင့္မားလာေရး

တြင္အသုံးစရိတ္မ်ားမ်ားသုံးႏိုင္မွလူေနမႈအဆင့္အတန္းျမင့္မားလာမွာျဖစ္ပါတယ္။ယေန႔ ျပည္တြင္းစစ္မရွိတဲ့ႏိုင္ငံေတြကသာကမာၻႀကီးကိုဦးေဆာင္ေနတာျဖစ္ပါတယ္။”လို႔ ၈၈ ၿငိမ္း/ပြင့္ ေခါင္းေဆာင္ ကိုမင္းကိုႏိုင္ ကေျပာၾကားခဲ့ပါတယ္။
 
ၿငိမ္းခ်မ္းေရးတြဲလက္မ်ား ၂၇ ရက္လုပ္ငန္းစဥ္ ဧရာဝတီေရလမ္းခရီးလႈပ္ရွားမႈအျဖစ္ " ၿငိမ္းခ်မ္းေရးတြဲလက္မ်ား ျမစ္ဧရာမွထပ္ဆင့္ပြား " ေခါင္းစဥ္ျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးအေထာက္အကူျပဳ လႈပ္ရွားမႈကို မႏၲေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕ အထိႏိုဝင္ဘာ ၁၅ရက္ေန႔မွစ၍ ေရလမ္းခရီးစတင္ထြက္ခြာလာရာ  ဒီကေန႔မွာ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာၿပီး ခရီးစဥ္ေအာင္ျမင္စြာၿပီးဆုံးခဲ့တာလည္းျဖစ္ပါတယ္။

ထို႔အတူ ဒီကေန႔ျပဳလုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာ ၈၈မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းမွကိုဂ်င္မီကလည္း“အပစ္အခတ္ရပ္စဲ႐ုံနဲ႔ၿငိမ္းခ်မ္းေရးရတာမဟုတ္ပါဘူး။ၿငိမ္းခ်မ္းေရးအတြက္အဓိကက်ေသာအရင္းအျမစ္သည္လူသား

ပင္ျဖစ္ပါတယ္။စာနာတရားရွိေသာလူသား၊ေမတၱာတရားရွိေသာလူသားေတြမ်ားလာပါမွၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ၿငိမ္းခ်မ္းေရးရွိမွပညာတတ္ေတြေပါမ်ားလာမွာ ျဖစ္သလိုစစ္ပြဲေတြမရွိမွပညာေရးအသုံးစရိတ ေတြ ျမင့္မားလာၿပီး ၿငိမ္းခ်မ္းေသာႏိုင္ငံ တည္ေဆာက္ႏိုင္မွာျဖစ္တယ္။”လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

ေျပသိမ္း
ဓါတ္ပုံ - ၈၈ (ၿငိမ္း/ပြင့္)
ရန္ကုန္၊ဒီဇင္ဘာ ၁၁