စည်းကမ်းမဲ့လမ်းကူးသူများကို ပညာပေးစည်းရုံး၍ မှတ်တမ်းယူ ကာ ပြန်လွှတ်နေ

စည်းကမ်းမဲ့လမ်းကူးသူများကို ပညာပေးစည်းရုံး၍ မှတ်တမ်းယူ ကာ ပြန်လွှတ်နေ

ရန်ကုန်မြို့ထဲမှာ စည်းကမ်းမဲ့လမ်းကူးသူတွေကို ခေါ်ယူပြီး ပညာပေးစည်းရုံးမှုများပြုလုပ်ကာ မှတ်တမ်းယူ ပြန်လွှတ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရပါတယ်။

အဆိုပါ စည်းကမ်းမဲ့လမ်းကူးမှုများမရှိအောင် ယာဉ်ထိန်းရဲတပ်ဖွဲ့က မေလ ၁၅ ရက်မှ စတင်ကာ အသံချဲ့စက်နဲ့ ပညာပေးတာတွေကို လုပ်ဆောင်နေပြီး မြို့လယ် Downtown ဧရိယာထဲက စည်းကမ်းမဲ့ဖြတ်ကူးမှု များပြားတဲ့ နေရာတွေမှာ လုပ်ဆောင်ဖို့ စီစဉ်ထားသလို ဆူးလေဘုရားလမ်းနဲ့အနော်ရထာလမ်းဆုံက ဆူးလေမီးပွိုင့်မှာ အဓိကထားပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “တခြားနေရာတွေမှာလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အင်နဲ့အားနဲ့လုပ်သွားဖို့ ရှိပါတယ်၊ အခုလောလောဆယ်မှာတော့ စည်းကမ်းမဲ့လမ်းကူးတဲ့သူတွေကို စုစည်းခေါ် ယူပါတယ်၊ ပြီးတော့ သူတို့ကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးတာတွေလုပ်ပါတယ်၊ လမ်းကူးသူတွေအနေနဲ့ လိုက်နာရမယ့် အချက်တွေပါဝင်တဲ့ လက်ကမ်းစာရွက်တွေလည်း ပေးပါတယ်၊ ပြီးတော့ မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီးတော့ ပြန်လွှတ်ပေးပါတယ်၊ နောက်ပိုင်း မှာတော့ အရေးယူဒဏ်ရိုက်တာတွေ လုပ်သွားဖို့လည်း ရှိပါတယ်၊ အခုက ပညာပေးကာလနဲ့ လုပ်ဆောင်နေတာဖြစ်လို့ အခုလို ပြန်လွှတ်တာ ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင် ဖြစ်တဲ့ ရဲမှူး မျိုးအောင်မြင့်က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ယခုလိုစည်းကမ်းမဲ့လမ်းကူူးသူတွေကို အရေးယူဆောင်ရွက်နိုင်ရန် မော်တော်ယာဉ် ဥပဒေအတွင်း ပြဋ္ဌာန်း ချက်များရေးဆွဲ ထားသလို အရေးယူတာတွေကို ယခင်က လုပ်ဆောင်ခဲ့ဖူးပေမယ့် အကြောင်းကြောင်းကြောင့် ယာယီရပ်နားလိုက်ကာ ယခုတစ်ဖန် ပြန်လည်စတင် လုပ်ကိုင်တာ ဖြစ်ပါတယ်။ “ပြစ်မှုထင်ရှားလို့ မော်တော်ယာဉ်တရားရုံးကနေ အပြစ်ပေးတဲ့အခါ အရင်တုန်း ကတော့ ဒဏ်ငွေ ၁၀၀၀ ကျပ် တပ်ပြီး ဒဏ်ရိုက်ပါတယ်၊ အခု ၂၀၁၅ မော်တော်ယာဉ် ဥပဒေအရ ဒဏ်ငွေ ၃၀၀၀၀ သတ်မှတ်ထားသလို မကြာခင်မှာ အဲ့ဒီဥပဒေသစ်နဲ့ အရေးယူလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

 ယခုအခါ ပညာပေးမှုကို ဆူးလေဘုရားလမ်းမီးပွိုင့်မှာ အဓိကထား လုပ်ကိုင်ပေမယ့် နောက်ပိုင်းမှာ ရွှေတိဂုံဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့် မီးပွိုင့်၊ ပန်းဆိုးတန်းနဲ့ ကမ်းနားလမ်း မီးပွိုင့် စတဲ့နေရာတွေမှာလည်း ပညာပေးတာတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိပညာပေးလုပ်ဆောင်နေတဲ့ နေရာမှာ စည်းကမ်းထိန်းသိမ်းပညာပေးနေတဲ့ အဖွဲ့တွေမရှိတဲ့အချိန် စည်းကမ်းမဲ့လမ်းဖြတ်ကူး သူတွေရှိနေပြီး ခုံးတံတားပေါ်ကဖြတ်သန်းလမ်းကူးဖို့ဟာ တစ်ချို့သော ခုံးကျော်တံတားတွေမှာ စက်လှေကားမပါဝင်တာကြောင့်  သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ အတွက် ဖြတ်ကူးရန် အခက်အခဲများ ကြုံနေတာကိုလည်း မီးပွိုင့်အနီးတာဝန်ချထားတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တွေက ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “တစ်ချို့ခုံးကျော်တံတားတွေက စက်လှေကားမရှိတော့ အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် တက်ဖို့အခက်ခဲဖြစ်တာ အမှန်ပါပဲ၊ ဒါပေမဲ့ မီးပွိုင့်မှာ တာဝန်ချထားတဲ့ ယာဉ်ထိန်းရဲကနေ စည်းကမ်းတကျ ကူညီလမ်းကူးပေးသွားဖို့စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၇

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ထဲမွာ စည္းကမ္းမဲ့လမ္းကူးသူေတြကို ေခၚယူၿပီး ပညာေပးစည္း႐ုံးမႈမ်ားျပဳလုပ္ကာ မွတ္တမ္းယူ ျပန္လႊတ္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီမွ သိရပါတယ္။

အဆိုပါ စည္းကမ္းမဲ့လမ္းကူးမႈမ်ားမရွိေအာင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က ေမလ ၁၅ ရက္မွ စတင္ကာ အသံခ်ဲ႕စက္နဲ႔ ပညာေပးတာေတြကို လုပ္ေဆာင္ေနၿပီး ၿမိဳ႕လယ္ Downtown ဧရိယာထဲက စည္းကမ္းမဲ့ျဖတ္ကူးမႈ မ်ားျပားတဲ့ ေနရာေတြမွာ လုပ္ေဆာင္ဖို႔ စီစဥ္ထားသလို ဆူးေလဘုရားလမ္းနဲ႔အေနာ္ရထာလမ္းဆုံက ဆူးေလမီးပြိဳင့္မွာ အဓိကထားၿပီး လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ “တျခားေနရာေတြမွာလည္း ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြ အင္နဲ႔အားနဲ႔လုပ္သြားဖို႔ ရွိပါတယ္၊ အခုေလာေလာဆယ္မွာေတာ့ စည္းကမ္းမဲ့လမ္းကူးတဲ့သူေတြကို စုစည္းေခၚ ယူပါတယ္၊ ၿပီးေတာ့ သူတို႔ကို ယာဥ္စည္းကမ္းလမ္းစည္းကမ္း ပညာေပးတာေတြလုပ္ပါတယ္၊ လမ္းကူးသူေတြအေနနဲ႔ လိုက္နာရမယ့္ အခ်က္ေတြပါဝင္တဲ့ လက္ကမ္းစာ႐ြက္ေတြလည္း ေပးပါတယ္၊ ၿပီးေတာ့ မွတ္တမ္းဓာတ္ပုံေတြ႐ိုက္ၿပီးေတာ့ ျပန္လႊတ္ေပးပါတယ္၊ ေနာက္ပိုင္း မွာေတာ့ အေရးယူဒဏ္႐ိုက္တာေတြ လုပ္သြားဖို႔လည္း ရွိပါတယ္၊ အခုက ပညာေပးကာလနဲ႔ လုပ္ေဆာင္ေနတာျဖစ္လို႔ အခုလို ျပန္လႊတ္တာ ျဖစ္ပါတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီဝင္ ျဖစ္တဲ့ ရဲမႉး မ်ိဳးေအာင္ျမင့္က ရွင္းျပပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ယခုလိုစည္းကမ္းမဲ့လမ္းကူူးသူေတြကို အေရးယူေဆာင္႐ြက္ႏိုင္ရန္ ေမာ္ေတာ္ယာဥ္ ဥပေဒအတြင္း ျပ႒ာန္း ခ်က္မ်ားေရးဆြဲ ထားသလို အေရးယူတာေတြကို ယခင္က လုပ္ေဆာင္ခဲ့ဖူးေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ယာယီရပ္နားလိုက္ကာ ယခုတစ္ဖန္ ျပန္လည္စတင္ လုပ္ကိုင္တာ ျဖစ္ပါတယ္။ “ျပစ္မႈထင္ရွားလို႔ ေမာ္ေတာ္ယာဥ္တရား႐ုံးကေန အျပစ္ေပးတဲ့အခါ အရင္တုန္း ကေတာ့ ဒဏ္ေငြ ၁၀၀၀ က်ပ္ တပ္ၿပီး ဒဏ္႐ိုက္ပါတယ္၊ အခု ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒအရ ဒဏ္ေငြ ၃၀၀၀၀ သတ္မွတ္ထားသလို မၾကာခင္မွာ အဲ့ဒီဥပေဒသစ္နဲ႔ အေရးယူလုပ္ေဆာင္သြားဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

 ယခုအခါ ပညာေပးမႈကို ဆူးေလဘုရားလမ္းမီးပြိဳင့္မွာ အဓိကထား လုပ္ကိုင္ေပမယ့္ ေနာက္ပိုင္းမွာ ေ႐ႊတိဂုံဘုရားလမ္းနဲ႔ အေနာ္ရထာ လမ္းေထာင့္ မီးပြိဳင့္၊ ပန္းဆိုးတန္းနဲ႔ ကမ္းနားလမ္း မီးပြိဳင့္ စတဲ့ေနရာေတြမွာလည္း ပညာေပးတာေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ လက္ရွိပညာေပးလုပ္ေဆာင္ေနတဲ့ ေနရာမွာ စည္းကမ္းထိန္းသိမ္းပညာေပးေနတဲ့ အဖြဲ႕ေတြမရွိတဲ့အခ်ိန္ စည္းကမ္းမဲ့လမ္းျဖတ္ကူး သူေတြရွိေနၿပီး ခုံးတံတားေပၚကျဖတ္သန္းလမ္းကူးဖို႔ဟာ တစ္ခ်ိဳ႕ေသာ ခုံးေက်ာ္တံတားေတြမွာ စက္ေလွကားမပါဝင္တာေၾကာင့္  သက္ႀကီး႐ြယ္အိုေတြနဲ႔ က်န္းမာေရးမေကာင္းသူေတြ အတြက္ ျဖတ္ကူးရန္ အခက္အခဲမ်ား ႀကဳံေနတာကိုလည္း မီးပြိဳင့္အနီးတာဝန္ခ်ထားတဲ့ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ ေတြက ကူညီေပးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ “တစ္ခ်ိဳ႕ခုံးေက်ာ္တံတားေတြက စက္ေလွကားမရွိေတာ့ အသက္ႀကီးတဲ့သူေတြ၊ က်န္းမာေရးမေကာင္းတဲ့သူေတြအတြက္ တက္ဖို႔အခက္ခဲျဖစ္တာ အမွန္ပါပဲ၊ ဒါေပမဲ့ မီးပြိဳင့္မွာ တာဝန္ခ်ထားတဲ့ ယာဥ္ထိန္းရဲကေန စည္းကမ္းတက် ကူညီလမ္းကူးေပးသြားဖို႔စီစဥ္ထားတာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၇