စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို လာမယ့်ပညာသင်နှစ်မှစ၍ သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားမည်

စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို လာမယ့်ပညာသင်နှစ်မှစ၍ သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားမည်

လာမယ့်ပညာသင်နှစ် ၂၀၂၀-၂၁ မှ စတင်ကာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို သင်ရိုးညွှန်းတမ်းအသစ် များဖြင့် သင်ကြားသွားရန်စီစဉ်နေတယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ သိရပါတယ်။အဆိုပါ သင်ရိုးညွှန်းတမ်း များကို နှစ်အလိုက် ပြောင်းလဲ တဲ့အခါ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ပထမတန်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တတိယတန်းနဲ့ဆဌမတန်း တို့ကို သင်ရိုးများပြောင်းလဲ လိုက်ပြီး လာမယ့်ကျောင်းဖွင့်ရာသီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို သင်ရိုးသစ်များဖြင့် ပြောင်းလဲသွားရန်စီစဉ်ထားသလို ယခုလာမယ့် နွေရာသီကာလမှစတင်ကာ အခြေခံပညာ ကျောင်းအသီးသီးမှ ဆရာဆရာမများကို သင်ကြားရေးပိုင်းအတွက် လိုအပ်တဲ့သင်တန်းပေး လေ့ကျင့်တာတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ပညာရေးဝန်ကြီးဌာနက ပညာရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၆-၁၇ မှာတော့ Kg တန်းကနေ စတင်ပြီး နှစ်အလိုက်ပြုပြင်ပြောင်းလဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်”လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို ပညာရေးစနစ် အဆင့်မြှင့်တင် လုပ်ဆောင်တာတွေနဲ့အတူ ဆရာဆရာမတွေရဲ့ အရည် အသွေး မြင့်မားစေဖို့လည်း အစီအစဉ်တွေချမှတ်လုပ်ဆောင်နေ ကြောင်း၊ ယခုပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) ကျောင်းသား၊ကျောင်းသူများကို ကျောင်းတွင်း အတန်းပြီးမြောက်မှုစစ်ဆေးတာကို အချက်ခုနစ်ချက်သတ်မှတ်ကာ အကဲဖြတ် လုပ်ဆောင်ဖို့ စီစဉ်ထားပြီး သင်ယူပြီးမြောက်ကြောင်းလက်မှတ်ကိုလည်း ထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်
 ရန်ကုန်၊ ဇန်နဝါရီ ၃၁

(  Zawgyi  )

 လာမယ့္ပညာသင္ႏွစ္ ၂၀၂၀-၂၁ မွ စတင္ကာ စတုတၳတန္း၊ သတၱမတန္း၊ ဒႆမတန္းတို႔ကို သင္႐ိုးၫႊန္းတမ္းအသစ္ မ်ားျဖင့္ သင္ၾကားသြားရန္စီစဥ္ေနတယ္လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္မွ သိရပါတယ္။အဆိုပါ သင္႐ိုးၫႊန္းတမ္း မ်ားကို ႏွစ္အလိုက္ ေျပာင္းလဲ တဲ့အခါ ၂၀၁၇-၁၈ ပညာသင္ႏွစ္မွာ ပထမတန္း၊ ၂၀၁၈-၁၉ ပညာသင္ႏွစ္မွာ ဒုတိယတန္း၊ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ တတိယတန္းနဲ႔ဆဌမတန္း တို႔ကို သင္႐ိုးမ်ားေျပာင္းလဲ လိုက္ၿပီး လာမယ့္ေက်ာင္းဖြင့္ရာသီ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွာ စတုတၳတန္း၊ သတၱမတန္း၊ ဒႆမတန္းတို႔ကို သင္႐ိုးသစ္မ်ားျဖင့္ ေျပာင္းလဲသြားရန္စီစဥ္ထားသလို ယခုလာမယ့္ ေႏြရာသီကာလမွစတင္ကာ အေျခခံပညာ ေက်ာင္းအသီးသီးမွ ဆရာဆရာမမ်ားကို သင္ၾကားေရးပိုင္းအတြက္ လိုအပ္တဲ့သင္တန္းေပး ေလ့က်င့္တာေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ပညာေရးဝန္ႀကီးဌာနက ပညာေရးျပဳျပင္ေျပာင္းလဲမႈ မဟာဗ်ဴဟာစီမံကိန္းကို ၂၀၁၆ ခုႏွစ္မွာ စတင္ခဲ့ၿပီး ၂၀၁၆-၁၇ မွာေတာ့ Kg တန္းကေန စတင္ၿပီး ႏွစ္အလိုက္ျပဳျပင္ေျပာင္းလဲလုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္”လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ အဲ့ဒီလို ပညာေရးစနစ္ အဆင့္ျမႇင့္တင္ လုပ္ေဆာင္တာေတြနဲ႔အတူ ဆရာဆရာမေတြရဲ႕ အရည္ အေသြး ျမင့္မားေစဖို႔လည္း အစီအစဥ္ေတြခ်မွတ္လုပ္ေဆာင္ေန ေၾကာင္း၊ ယခုပညာသင္ႏွစ္မွ စတင္ကာ တကၠသိုလ္ဝင္တန္း (၁၀ တန္း) ေက်ာင္းသား၊ေက်ာင္းသူမ်ားကို ေက်ာင္းတြင္း အတန္းၿပီးေျမာက္မႈစစ္ေဆးတာကို အခ်က္ခုနစ္ခ်က္သတ္မွတ္ကာ အကဲျဖတ္ လုပ္ေဆာင္ဖို႔ စီစဥ္ထားၿပီး သင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ကိုလည္း ထုတ္ေပးသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
 ရန္ကုန္၊ ဇန္နဝါရီ ၃၁