စာရင်းစစ် အစီရင်ခံစာကို စွက်ဖက်ပြုပြင်ခဲ့သည်ဟုဆိုကာ မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကို ဖမ်းဆီး

စာရင်းစစ် အစီရင်ခံစာကို စွက်ဖက်ပြုပြင်ခဲ့သည်ဟုဆိုကာ မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကို ဖမ်းဆီး

လာဘ်စားမှုတွေနဲ့ သပွတ်အူလိုက်နေတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 1Malaysia Development Berhad (1MDB) ရဲ့ နောက်ဆုံး စာရင်းစစ် အစီရင်ခံစာကို စွက်ဖက်ခြယ်လှယ်ခဲ့မှုအတွက် ဒီနေ့မှာပဲ မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) က ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ကို ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးဖို့အတွက် သူရောက်လာပြီး မကြာမီမှာပဲ MACC ရုံးချုပ်မှာ နာဂျစ် ကို နံနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

MACC သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ တကယ်လို့ ဝန်ကြီးချုပ်ဟောင်း အာမခံကြေး ပေးဆောင်မယ်ဆိုရင် လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နာဂျစ် ဟာ ကြာသပတေးနေ့က ရုံးမှာ ၄ နာရီလောက် အချိန်ပေးပြီး ထွက်ချက်ပေးနေခဲ့ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က စာရင်းစစ်ချုပ် မာဒီနာ မိုဟမ္မတ် က 1MDB က နောက်ဆံုံး စာရင်းစစ် အစီရင်ခံစာကို စွက်ဖက်ခြယ်လှယ်ခဲ့ပြီး ဒါကိုလည်း နာဂျစ် က သိနေခဲ့တယ်လို့ ဖွင့်ချခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က 1MDB အစီရင်ခံစာကို နားလည်မှု လွဲမှားသွားစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NZT
The Star
ကွာလာလမ်ပူ၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

လာဘ္စားမႈေတြနဲ႔ သပြတ္အူလိုက္ေနတဲ့ ႏိုင္ငံပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ 1Malaysia Development Berhad (1MDB) ရဲ႕ ေနာက္ဆုံး စာရင္းစစ္ အစီရင္ခံစာကို စြက္ဖက္ျခယ္လွယ္ခဲ့မႈအတြက္ ဒီေန႔မွာပဲ မေလးရွား ျခစားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ (MACC) က ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ ရာဇက္ ကို ဖမ္းဆီးလိုက္ၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ထပ္မံစုံစမ္းစစ္ေဆးဖို႔အတြက္ သူေရာက္လာၿပီး မၾကာမီမွာပဲ MACC ႐ုံးခ်ဳပ္မွာ နာဂ်စ္ ကို နံနက္ ၁၁ နာရီေလာက္မွာ ဖမ္းဆီးခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

MACC သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ တကယ္လို႔ ဝန္ႀကီးခ်ဳပ္ေဟာင္း အာမခံေၾကး ေပးေဆာင္မယ္ဆိုရင္ လႊတ္ေပးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

နာဂ်စ္ ဟာ ၾကာသပေတးေန႔က ႐ုံးမွာ ၄ နာရီေလာက္ အခ်ိန္ေပးၿပီး ထြက္ခ်က္ေပးေနခဲ့ရတယ္လို႔ ဆိုပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္ေန႔က စာရင္းစစ္ခ်ဳပ္ မာဒီနာ မိုဟမၼတ္ က 1MDB က ေနာက္ဆံုံး စာရင္းစစ္ အစီရင္ခံစာကို စြက္ဖက္ျခယ္လွယ္ခဲ့ၿပီး ဒါကိုလည္း နာဂ်စ္ က သိေနခဲ့တယ္လို႔ ဖြင့္ခ်ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က 1MDB အစီရင္ခံစာကို နားလည္မႈ လြဲမွားသြားေစႏိုင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေျပာင္းလဲမႈေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

NZT
The Star
ကြာလာလမ္ပူ၊ ဒီဇင္ဘာ - ၁၀