စာရာမေတိတောင်သို့ တက္ကသိုလ် တောင်တက်အဖွဲ့မှ တက်ရောက်မည်

စာရာမေတိတောင်သို့ တက္ကသိုလ် တောင်တက်အဖွဲ့မှ တက်ရောက်မည်

စာရမေတိတောင်သို့ တောင်တက်ခရီးစဉ်အဖြစ် တက္ကသိုလ် တောင်တက်အဖွဲ့ဝင်တွေက ဒီကနေ့ (ဒီဇင်ဘာ ၁၄ ရက်) မှ စတင်ကာ ခရီးစဉ်စတင်မှာဖြစ်ကြောင်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောကြားပါတယ်။

အဆိုပါခရီးစဉ်အတွက် ရန်ကုန်မြို့ကနေ ဒီကနေ့ညနေပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး နာဂတောင်တန်းဒေသရှိ စာရာမေတိတောင်ကို တက်ရောက်ကြဖို့ စီစဉ်ထားသလို တက္ကသိုလ်ပေါင်းစုံမှ တောင်တက်အဖွဲ့ဝင် ၂၀ ကျော် ပါဝင်မယ်လို့ သိရပါတယ်။

“ဒီခရီးစဉ်က တော်တော်လေး ကြမ်းတမ်းပါတယ်၊ အခုခရီးစဉ်အတွက် လွန်ခဲ့တဲ့ မိုးတွင်းကာလကတည်းမှာတည်းက ကြိုတင်ပြီးတော့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်၊ အခုကာလက ဆီးနှင်းဖုံးတတ်တဲ့ ကာလလည်း ဖြစ်လို့ တောင်တက်မယ့်သူတွေအနေနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကောင်းမွန်အောင် အခုလို ကြိုတင်လေ့ကျင့်တာတွေကိုလည်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ထိုစာရာမေတိ တောင်တက်ခရီးစဉ်အတွက် မိုးတွင်းကာလထဲမှာ ခရီးကြမ်းလေ့ကျင့်မှုတွေအဖြစ် နိုဝင်ဘာလထဲမှာ ရှမ်းပြည်နယ် တောင်ပိုင်းက အမြင့်ပေ ၅၇၀၀ ခန့်ရှိတဲ့ နတ်ထိပ်တောင်ကို မန္တလေးတိုင်းဒေသကြီး ကူမဲဘက် ကနေ လေ့ကျင့်တက်ရောက်ကြတာတွေ၊ သို့ အမျိုးသား ၂၇ ပေါင်၊ အမျိုးသမီး ၂၅ ပေါင် အလေးချိန်ရှိတဲ့ ကျောပိုးအိတ်တွေ လွယ်ကာ ရန်ကုန်မြို့ထဲမှာ မနက်ခင်းပိုင်း အပတ်စဉ်လေ့ကျင့်တာတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

စာရာမေတိ ခေါ် နွိုင်မောက် တောင်ဟာ အမြင့်ပေ ၁၂၅၅၂ ပေမြင့်ပြီး အခုလိုဆောင်းတွင်းကာလထဲ ဆီးနှင်းတွေဖုံးလွှမ်းနေပြီး တောင်တက်သမားတွေအတွက် အခက်အခဲတွေက စိန်ခေါ်နေတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

 

“ဆရာတို့အဖွဲ့အနေနဲ့ လိုအပ်တဲ့ ကြိုတင်လေ့ကျင့်တာတွေကို လုပ်ဆောင်ထားတာဖြစ်လို့ အခက်အခဲတွေကို ကျော်လွှားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်”လို့လည်း သူက ဆိုပါတယ်။ တောင်တက် အားကစားဟာ တခြားအားကစားနည်းတွေလို လူလူချင်း ယှဉ်ပြိုင်ရတာမျိုး မဟုတ်ဘဲ သဘာဝနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတာတွေကြောင့် လေ့ကျင့်သားပြည့်ဝဖို့လည်း လိုအပ်တဲ့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း ကောင်းမွန်စေတယ်လို့ သိရပါတယ်။

ထိုတောင်တက် ခရီးစဉ်အောင်နိုင်ရေးအတွက် လိုက်ပါကြမယ့် အဖွဲ့ဝင် တွေဟာလည်း ရန်ကုန်မြို့က ရွှေတိဂုံစေတီတော် အောင်မြေမှာ ဒီဇင်ဘာ ၁၂ ရက် ညကလည်း စုပေါင်း ပူဇော် ဆုတောင်းတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြသလို ဇန်နဝါရီ ၅ ရက်မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

စာရေမတိေတာင္သို႔ ေတာင္တက္ခရီးစဥ္အျဖစ္ တကၠသိုလ္ ေတာင္တက္အဖြဲ႕ဝင္ေတြက ဒီကေန႔ (ဒီဇင္ဘာ ၁၄ ရက္) မွ စတင္ကာ ခရီးစဥ္စတင္မွာျဖစ္ေၾကာင္း တကၠသိုလ္ ေျခလ်င္ႏွင့္ ေတာင္တက္ အသင္း၊ သဘာဝေခၚသံ ေဖာင္ေဒးရွင္း ဥကၠ႒ ဦးမ်ိဳးသန႔္ က ေျပာၾကားပါတယ္။

အဆိုပါခရီးစဥ္အတြက္ ရန္ကုန္ၿမိဳ႕ကေန ဒီကေန႔ညေနပိုင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး နာဂေတာင္တန္းေဒသရွိ စာရာေမတိေတာင္ကို တက္ေရာက္ၾကဖို႔ စီစဥ္ထားသလို တကၠသိုလ္ေပါင္းစုံမွ ေတာင္တက္အဖြဲ႕ဝင္ ၂၀ ေက်ာ္ ပါဝင္မယ္လို႔ သိရပါတယ္။

“ဒီခရီးစဥ္က ေတာ္ေတာ္ေလး ၾကမ္းတမ္းပါတယ္၊ အခုခရီးစဥ္အတြက္ လြန္ခဲ့တဲ့ မိုးတြင္းကာလကတည္းမွာတည္းက ႀကိဳတင္ၿပီးေတာ့ ေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့ရပါတယ္၊ အခုကာလက ဆီးႏွင္းဖုံးတတ္တဲ့ ကာလလည္း ျဖစ္လို႔ ေတာင္တက္မယ့္သူေတြအေနနဲ႔ ႀကံ့ခိုင္မႈစြမ္းရည္ေကာင္းမြန္ေအာင္ အခုလို ႀကိဳတင္ေလ့က်င့္တာေတြကိုလည္း လုပ္ေဆာင္ၾကတာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ထိုစာရာေမတိ ေတာင္တက္ခရီးစဥ္အတြက္ မိုးတြင္းကာလထဲမွာ ခရီးၾကမ္းေလ့က်င့္မႈေတြအျဖစ္ ႏိုဝင္ဘာလထဲမွာ ရွမ္းျပည္နယ္ ေတာင္ပိုင္းက အျမင့္ေပ ၅၇၀၀ ခန႔္ရွိတဲ့ နတ္ထိပ္ေတာင္ကို မႏၲေလးတိုင္းေဒသႀကီး ကူမဲဘက္ ကေန ေလ့က်င့္တက္ေရာက္ၾကတာေတြ၊ သို႔ အမ်ိဳးသား ၂၇ ေပါင္၊ အမ်ိဳးသမီး ၂၅ ေပါင္ အေလးခ်ိန္ရွိတဲ့ ေက်ာပိုးအိတ္ေတြ လြယ္ကာ ရန္ကုန္ၿမိဳ႕ထဲမွာ မနက္ခင္းပိုင္း အပတ္စဥ္ေလ့က်င့္တာေတြကိုလည္း လုပ္ေဆာင္ခဲ့ၾကပါတယ္။

စာရာေမတိ ေခၚ ႏြိဳင္ေမာက္ ေတာင္ဟာ အျမင့္ေပ ၁၂၅၅၂ ေပျမင့္ၿပီး အခုလိုေဆာင္းတြင္းကာလထဲ ဆီးႏွင္းေတြဖုံးလႊမ္းေနၿပီး ေတာင္တက္သမားေတြအတြက္ အခက္အခဲေတြက စိန္ေခၚေနတဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။

“ဆရာတို႔အဖြဲ႕အေနနဲ႔ လိုအပ္တဲ့ ႀကိဳတင္ေလ့က်င့္တာေတြကို လုပ္ေဆာင္ထားတာျဖစ္လို႔ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ၾကမယ္လို႔ ယုံၾကည္ပါတယ္”လို႔လည္း သူက ဆိုပါတယ္။ ေတာင္တက္ အားကစားဟာ တျခားအားကစားနည္းေတြလို လူလူခ်င္း ယွဥ္ၿပိဳင္ရတာမ်ိဳး မဟုတ္ဘဲ သဘာဝနဲ႔ ရင္ဆိုင္ယွဥ္ၿပိဳင္ရတာေတြေၾကာင့္ ေလ့က်င့္သားျပည့္ဝဖို႔လည္း လိုအပ္တဲ့အျပင္ ခႏၶာကိုယ္ႀကံ့ခိုင္မႈကိုလည္း ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

ထိုေတာင္တက္ ခရီးစဥ္ေအာင္ႏိုင္ေရးအတြက္ လိုက္ပါၾကမယ့္ အဖြဲ႕ဝင္ ေတြဟာလည္း ရန္ကုန္ၿမိဳ႕က ေ႐ႊတိဂုံေစတီေတာ္ ေအာင္ေျမမွာ ဒီဇင္ဘာ ၁၂ ရက္ ညကလည္း စုေပါင္း ပူေဇာ္ ဆုေတာင္းတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၾကသလို ဇန္နဝါရီ ၅ ရက္မွာ ရန္ကုန္ၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာၾကမွာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄