စာသင်ဆောင်ဝင်ပေါက်များပိတ်ရပ်ဆန္ဒပြခဲ့ကြသူများထဲက ဦးဆောင်သူ၃ ဦး ငြိမ်းစုစီဖြင့်အမှုဖွင့်ခံထားရ

စာသင်ဆောင်ဝင်ပေါက်များပိတ်ရပ်ဆန္ဒပြခဲ့ကြသူများထဲက ဦးဆောင်သူ၃ ဦး  ငြိမ်းစုစီဖြင့်အမှုဖွင့်ခံထားရ

မန္တလေးပညာရေးကောလိပ်အတွင်းက စာသင်ဆောင်ဝင်ပေါက်တွေကိုပိတ်ရပ်ပြီး ဆန္ဒပြခဲ့ကြသူ တွေထဲက ဦးဆောင်သူ ၃ ဦးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ယမန်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့် မန္တလေး ပညာရေးကောလိပ်အတွင်းမှာမန္တလေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူတွေက လူစုလူဝေးနဲ့ ဆန္ဒပြကြွေးကြော်နေတယ်လို့ သတင်းအရ သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာမှာ ဆန္ဒပြကျောင်းသားကျောင်းသူတွေဟာ တိုင်းပညာရေးမှူးရုံး ရှေ့ရောက်နေ့ပြီး ရုံးရဲ့အရှေ့မှာ ခွပ်ဒေါင်းအလံတွေကိုင်ဆောင်ထားတဲ့ကျောင်းသားကျောင်းသူငါး ဆယ်ခန့် ကြွေးကြောသံတွေနဲ့ဆန္ဒပြနေကြကြောင်း၊ ၎င်းတို့ဟာမတ်လကုန်အထိစာမေးပွဲစစ်ဆေးခြင်းအားချက်ချင်းရပ်၊ သုတေသနကို အခြေမခံသောပညာရေးစနစ်အလိုမရှိ၊အာဏာရှင်ဆန်သောပညာရေးပြောင်းလဲမှုအလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ အတူ ပညာရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတွေ အမြန်ဆုံးလာရောက်ဖြေရှင်းပေးဖို့ တောင်းဆို ခဲ့ကြကြောင်း၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူ သွားလာတဲ့လမ်းပေါ်မှာ စီတန်းလှည့်လည်ဆန္ဒထုတ် ဖော်တာ မျိုးမလုပ်ဖို့ တာဝန်ရှိသူတွေကဖျောင်းဖျပြောဆိုပေမယ့်လည်း ဆန္ဒပြ အဖွဲ့က လမ်း ၃၀ အတိုင်းအရှေ့ဘက်သို့ ဆက်လက်ထွက်ခဲ့ပြီး ပညာရေးကောလိပ်ထဲဝင်ရောက်သွားခဲ့ကြောင်း အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ ချမ်းအေးသာစံမြို့နယ်ရဲမှူး (ယာယီ) က တရားလို ပြုလုပ်တိုင်ကြားတာကြောင့် နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ ချမ်းအေး သာစံမြို့ နယ် အမှတ် ၃ ရဲစခန်းက ဆန္ဒပြကျောင်းသားတွေထဲက ဦးဆောင်သူလို့ယူဆရသူ ထူးခန့်သော်(ကျောက်ပန်းတောင်း အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသားသမဂ္ဂအတွင်းရေးမှူး)၊ အောင်မျိုးကို(မန္တလေးပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ)နဲ့  မူဇူးဇန်(ဗကသအဖွဲ့ဝင်)တို့ ၃ ဦးကို ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ ၃ ဦးဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီး (ပ)၆၀/၂၀၂၀၊ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ နဲ့အမှုဖွင့်ထားတာဖြစ်တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနက  မတ်လကုန်အထိ ပညာသင်ကာလတိုးမြှင့်တာကို အမြန်ဆုံးဖြေရှင်းပေးဖို့ဆိုပြီး မန္တလေးမြို့မှာ ယမန်နေ့မနက် ၁၀ နာရီခွဲအချိန်ခန့်က  မန္တလေးပညာရေး ကော လိပ် အတွင်း ကျောင်းသားကျောင်းသူငါးဆယ်ဦးခန့် ဆန္ဒပြခဲ့ကြပါတယ်။၎င်းတို့ဟာ စာသင်ဆောင်ဝင်ပေါက်တွေကို ပိတ်ရပ်ပြီး တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် လည်း ဆရာမတွေက တောင်းပန်ခဲ့ ရတာကိုလည်း လူမှုကွန်ရက် စာမျက်နှာတွေ အရသိရပါတယ်။

KT
မန္တလေး ၊ ဖေဖော်ဝါရီ ၅
ဓာတ်ပုံ အင်တာနက်

(  Zawgyi  )

 မႏၲေလးပညာေရးေကာလိပ္အတြင္းက စာသင္ေဆာင္ဝင္ေပါက္ေတြကိုပိတ္ရပ္ၿပီး ဆႏၵျပခဲ့ၾကသူ ေတြထဲက ဦးေဆာင္သူ ၃ ဦးကို သက္ဆိုင္ရာ နယ္ေျမရဲစခန္းက ၿငိမ္းစုစီဥပေဒနဲ႔ အမႈဖြင့္လိုက္တယ္လို႔ သိရပါတယ္။ ယမန္ေန႔ မနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္ မႏၲေလး ပညာေရးေကာလိပ္အတြင္းမွာမႏၲေလးပညာေရးေကာလိပ္ ေက်ာင္းသားေက်ာင္းသူေတြက လူစုလူေဝးနဲ႔ ဆႏၵျပေႂကြးေၾကာ္ေနတယ္လို႔ သတင္းအရ သက္ဆိုင္ရာနယ္ေျမ တာဝန္ရွိသူေတြက သြားေရာက္စစ္ေဆးခဲ့တာမွာ ဆႏၵျပေက်ာင္းသားေက်ာင္းသူေတြဟာ တိုင္းပညာေရးမႉး႐ုံး ေရွ႕ေရာက္ေန႔ၿပီး ႐ုံးရဲ႕အေရွ႕မွာ ခြပ္ေဒါင္းအလံေတြကိုင္ေဆာင္ထားတဲ့ေက်ာင္းသားေက်ာင္းသူငါး ဆယ္ခန႔္ ေႂကြးေၾကာသံေတြနဲ႔ဆႏၵျပေနၾကေၾကာင္း၊ ၎တို႔ဟာမတ္လကုန္အထိစာေမးပြဲစစ္ေဆးျခင္းအားခ်က္ခ်င္းရပ္၊ သုေတသနကို အေျခမခံေသာပညာေရးစနစ္အလိုမရွိ၊အာဏာရွင္ဆန္ေသာပညာေရးေျပာင္းလဲမႈအလိုမရွိစတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ အတူ ပညာေရး ဝန္ႀကီးဌာနမွတာဝန္ရွိသူေတြ အျမန္ဆုံးလာေရာက္ေျဖရွင္းေပးဖို႔ ေတာင္းဆို ခဲ့ၾကေၾကာင္း၊ ခြင့္ျပဳခ်က္မရွိဘဲ အမ်ားျပည္သူ သြားလာတဲ့လမ္းေပၚမွာ စီတန္းလွည့္လည္ဆႏၵထုတ္ ေဖာ္တာ မ်ိဳးမလုပ္ဖို႔ တာဝန္ရွိသူေတြကေဖ်ာင္းဖ်ေျပာဆိုေပမယ့္လည္း ဆႏၵျပ အဖြဲ႕က လမ္း ၃၀ အတိုင္းအေရွ႕ဘက္သို႔ ဆက္လက္ထြက္ခဲ့ၿပီး ပညာေရးေကာလိပ္ထဲဝင္ေရာက္သြားခဲ့ေၾကာင္း အဆိုပါ ကိစၥနဲ႔ ပတ္သက္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲမႉး (ယာယီ) က တရားလို ျပဳလုပ္တိုင္ၾကားတာေၾကာင့္ နယ္ေျမအပိုင္ရဲစခန္းျဖစ္တဲ့ ခ်မ္းေအး သာစံၿမိဳ႕ နယ္ အမွတ္ ၃ ရဲစခန္းက ဆႏၵျပေက်ာင္းသားေတြထဲက ဦးေဆာင္သူလို႔ယူဆရသူ ထူးခန႔္ေသာ္(ေက်ာက္ပန္းေတာင္း အစိုးရ စက္မႈလက္မႈသိပၸံေက်ာင္းသားသမဂၢအတြင္းေရးမႉး)၊ ေအာင္မ်ိဳးကို(မႏၲေလးပညာေရး တကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠ႒)နဲ႔  မူဇူးဇန္(ဗကသအဖြဲ႕ဝင္)တို႔ ၃ ဦးကို ၿငိမ္းစုစီဥပေဒနဲ႔ အမႈဖြင့္အေရးယူ ေဆာင္႐ြက္ေနတာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ ၎တို႔ ၃ ဦးဖမ္းဆီးရမိဖို႔ ရဲတပ္ဖြဲ႕က ေဆာင္႐ြက္ေနၿပီး (ပ)၆၀/၂၀၂၀၊ ၂၀၁၆ ခုႏွစ္ ၿငိမ္းခ်မ္းစြာစုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာဥပေဒပုဒ္မ ၁၉ နဲ႔အမႈဖြင့္ထားတာျဖစ္တယ္လို႔ ရဲစခန္းတာဝန္ရွိသူက ေျပာပါတယ္။ ပညာေရးဝန္ႀကီးဌာနက  မတ္လကုန္အထိ ပညာသင္ကာလတိုးျမႇင့္တာကို အျမန္ဆုံးေျဖရွင္းေပးဖို႔ဆိုၿပီး မႏၲေလးၿမိဳ႕မွာ ယမန္ေန႔မနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္က  မႏၲေလးပညာေရး ေကာ လိပ္ အတြင္း ေက်ာင္းသားေက်ာင္းသူငါးဆယ္ဦးခန႔္ ဆႏၵျပခဲ့ၾကပါတယ္။၎တို႔ဟာ စာသင္ေဆာင္ဝင္ေပါက္ေတြကို ပိတ္ရပ္ၿပီး ေတာင္းဆိုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တဲ့ အတြက္ လည္း ဆရာမေတြက ေတာင္းပန္ခဲ့ ရတာကိုလည္း လူမႈကြန္ရက္ စာမ်က္ႏွာေတြ အရသိရပါတယ္။

KT
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၅
ဓာတ္ပုံ အင္တာနက္