စိုက်ပျိုးရေး နည်းပညာ ဗဟုသုတနဲ့ ဈေးကွက် ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်းများ အတွက် တောင်သူလယ်သမားဖိုရမ် ကျင်းပပြုလုပ်

စိုက်ပျိုးရေး နည်းပညာ ဗဟုသုတနဲ့ ဈေးကွက် ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်းများ အတွက် တောင်သူလယ်သမားဖိုရမ် ကျင်းပပြုလုပ်

တောင်သူလယ်သမားတွေအနေနဲ့ ဒေသဈေးကွက်ကိုသာ ထိုးဖောက်နိုင်ပြီး စိုက်ပျိုးရေးနည်းပညာဗဟုသုတ တွေနဲ့ ဈေးကွက်ချိတ်ဆက်မှု ဆိုင်ရာအခွင့်အလမ်းတွေအတွက် ဖိုရမ်တစ်ရပ်ကို ယနေ့(နိုဝင်ဘာ ၁၅ ရက်) မနက်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က Grand mercure Hotel မှာ ကျင်းပခဲ့ပါတယ်။

“တောင်သူလယ်သမားတွေအနေနဲ့ ဈေးကွက်အခွင့်အလမ်းနဲ့ပတ်သက်ပြီး အားနည်းနေသေးတာ တွေ့ရပါတယ်၊ ကုန်စည်ဒိုင်တွေ၊ စူပါမားကတ်ကြီးတွေအပြင် ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ဖို့ဟာ အားနည်းသေးတဲ့ အခြေအနေကြောင့် လုပ်ကွက်ငယ် တောင်သူတွေအတွက် ဈေးကွက်နဲ့ချိတ်ဆက်နိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးနိုင်ဖို့ ယခုလိုဆွေးနွေးကြတာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM) အထွေထွေ အတွင်းရေးမှူး ဒေါ်သဲဝင့် က ပြောပါတယ်။

တောင်သူလယ်သမား တွေအနေနဲ့ ခေတ်မှီနည်းပညာများကိုအသုံးပြုပြီး အရည်သွေးမြင့်တဲ့ ကုန်စည်တွေ အဖြစ် ပြောင်းလဲ ထုတ်လုပ် လာစေရန်၊ စိုက်ပျိုးရေးနည်းပညာ ဗဟုသုတနဲ့ ဈေးကွက်ချိတ်ဆက်နိုင်မှု အခွင့် အလမ်းများ ရစေရန်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ မှာရှိတဲ့ တောင်သူများ အနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်လာနိုင်စေရန်၊ လုံခြုံစိတ်ချရသော စိုက်ပျိုးရေး စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်လာနိုင်ရန်၊ ယင်းတောင်သူတွေရဲ့ လူမူဖူလုံရေးနဲ့ လူမူကာကွယ်စောင့်ရှောက်ရေး ပိုမိုအကျူံးဝင် လာစေရန်၊ တောင်သူလယ်သမားများအတွက် ချမှတ်သောဖွံ့ဖြိုးရေးလုပ်ငန်း မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် တောင်သူလယ်သမား အစု အဖွဲ့များမှ ကိုယ်စားပြုပါဝင်လာစေရန် ရည်ရွယ်ကာ ကျင်းပခဲ့တာဖြစ်သလို နှစ်ရက်တာ ဆွေးနွေးသွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

အဆိုပါဖိုရမ်သို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုမှ လယ်သမားကိုယ်စားလှယ်ပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 ဇွဲမာန်
 ရန်ကုန်၊ နိုဝင်ဘာ ၁၅

(  Zawgyi  )

 ေတာင္သူလယ္သမားေတြအေနနဲ႔ ေဒသေဈးကြက္ကိုသာ ထိုးေဖာက္ႏိုင္ၿပီး စိုက္ပ်ိဳးေရးနည္းပညာဗဟုသုတ ေတြနဲ႔ ေဈးကြက္ခ်ိတ္ဆက္မႈ ဆိုင္ရာအခြင့္အလမ္းေတြအတြက္ ဖိုရမ္တစ္ရပ္ကို ယေန႔(ႏိုဝင္ဘာ ၁၅ ရက္) မနက္က ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္က Grand mercure Hotel မွာ က်င္းပခဲ့ပါတယ္။

“ေတာင္သူလယ္သမားေတြအေနနဲ႔ ေဈးကြက္အခြင့္အလမ္းနဲ႔ပတ္သက္ၿပီး အားနည္းေနေသးတာ ေတြ႕ရပါတယ္၊ ကုန္စည္ဒိုင္ေတြ၊ စူပါမားကတ္ႀကီးေတြအျပင္ ျပည္ပေဈးကြက္အထိ တင္ပို႔ႏိုင္ဖို႔ဟာ အားနည္းေသးတဲ့ အေျခအေနေၾကာင့္ လုပ္ကြက္ငယ္ ေတာင္သူေတြအတြက္ ေဈးကြက္နဲ႔ခ်ိတ္ဆက္ႏိုင္မယ့္ အေျခအေနမ်ိဳး ဖန္တီးေပးႏိုင္ဖို႔ ယခုလိုေဆြးေႏြးၾကတာ ျဖစ္ပါတယ္”လို႔ ျမန္မာႏိုင္ငံေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးေရးအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(AFFM) အေထြေထြ အတြင္းေရးမႉး ေဒၚသဲဝင့္ က ေျပာပါတယ္။

ေတာင္သူလယ္သမား ေတြအေနနဲ႔ ေခတ္မွီနည္းပညာမ်ားကိုအသုံးျပဳၿပီး အရည္ေသြးျမင့္တဲ့ ကုန္စည္ေတြ အျဖစ္ ေျပာင္းလဲ ထုတ္လုပ္ လာေစရန္၊ စိုက္ပ်ိဳးေရးနည္းပညာ ဗဟုသုတနဲ႔ ေဈးကြက္ခ်ိတ္ဆက္ႏိုင္မႈ အခြင့္ အလမ္းမ်ား ရေစရန္၊ လယ္ယာစိုက္ပ်ိဳးေရးက႑ မွာရွိတဲ့ ေတာင္သူမ်ား အေနနဲ႔ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေရးကို အထူးအေလးထားေဆာင္႐ြက္လာႏိုင္ေစရန္၊ လုံၿခဳံစိတ္ခ်ရေသာ စိုက္ပ်ိဳးေရး စားေသာက္ကုန္ ပစၥည္းမ်ား ထုတ္လုပ္လာႏိုင္ရန္၊ ယင္းေတာင္သူေတြရဲ႕ လူမူဖူလုံေရးနဲ႔ လူမူကာကြယ္ေစာင့္ေရွာက္ေရး ပိုမိုအက်ဴံးဝင္ လာေစရန္၊ ေတာင္သူလယ္သမားမ်ားအတြက္ ခ်မွတ္ေသာဖြံ႕ၿဖိဳးေရးလုပ္ငန္း မူဝါဒမ်ား၊ လုပ္ငန္းစဥ္မ်ားတြင္ ေတာင္သူလယ္သမား အစု အဖြဲ႕မ်ားမွ ကိုယ္စားျပဳပါဝင္လာေစရန္ ရည္႐ြယ္ကာ က်င္းပခဲ့တာျဖစ္သလို ႏွစ္ရက္တာ ေဆြးေႏြးသြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။

အဆိုပါဖိုရမ္သို႔ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ၁၁ ခုမွ လယ္သမားကိုယ္စားလွယ္ေပါင္း ၁၀၀ ဦးခန႔္ တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
 ရန္ကုန္၊ ႏိုဝင္ဘာ ၁၅