စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြစ်ရေများ ပြန်လည်ကျဆင်းလာနိုင်

စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြစ်ရေများ ပြန်လည်ကျဆင်းလာနိုင်

စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေသည့် မြစ်ရေများ အနည်းငယ်ပြန်လည်ကျဆင်းလာနိုင်တယ်လို့ မိုး/ဇလ မှ ယနေ့ သြဂုတ်လ ၈ ရက် မွန်လွဲ ၂ နာရီအချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လ ၈ ရက် မွန်းလွဲ ၁ နာရီ ခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် ရွှေကျင်မြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့်ကျ ဆင်းလာ နိုင်တယ်လို့ဆိုပါတယ်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး နောက်(၂) ရက်အတွင်း (၁)ပေခွဲခန့်ကျဆင်းလာနိုင်တယ်လို့ဆိုပါတယ်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၅)ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါတယ်။ငဝန်မြစ်ရေသည် သာပေါင်း မြို့တွင် စိုးရိမ်ရေ မှတ်အထက် ၅ စင်တီမီတာ ကျော်လွန်ရောက် ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၈

(  Zawgyi  )

 စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေရာက္ရွိေနသည့္ ျမစ္ေရမ်ား အနည္းငယ္ျပန္လည္က်ဆင္းလာႏိုင္တယ္လို႔ မိုး/ဇလ မွ ယေန႔ ၾသဂုတ္လ ၈ ရက္ မြန္လြဲ ၂ နာရီအခ်ိန္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၾသဂုတ္လ ၈ ရက္ မြန္းလြဲ ၁ နာရီ ခြဲအခ်ိန္တိုင္းထြာခ်က္အရ စစ္ေတာင္းျမစ္ေရသည္ ေ႐ႊက်င္ၿမိဳ႕တြင္ (၃)ေပခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ အထက္သို႔ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေနာက္(၂)ရက္အတြင္း (၁)ေပခြဲခန႔္က် ဆင္းလာ ႏိုင္တယ္လို႔ဆိုပါတယ္။

သံလြင္ျမစ္ေရသည္ ဘားအံၿမိဳ႕တြင္ (၂)ေပခြဲခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေနာက္(၂) ရက္အတြင္း (၁)ေပခြဲခန႔္က်ဆင္းလာႏိုင္တယ္လို႔ဆိုပါတယ္။

စစ္ေတာင္းျမစ္ေရသည္ မေဒါက္ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္ (၅)ေပခန႔္ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေနာက္ ၃ ရက္အတြင္း စိုးရိမ္ေရမွတ္ အထက္မွာ ဆက္လက္တည္ရွိႏိုင္တယ္လို႔ဆိုပါတယ္။ငဝန္ျမစ္ေရသည္ သာေပါင္း ၿမိဳ႕တြင္ စိုးရိမ္ေရ မွတ္အထက္ ၅ စင္တီမီတာ ေက်ာ္လြန္ေရာက္ ရွိေနၿပီး ေနာက္ ၁ ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ အထက္ ဆက္လက္တည္ရွိႏိုင္တယ္လို႔ သတင္းထုတ္ျပန္ထား ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ ၈