စွန့်ပစ်အမှိုက်ကို ပြန်လည်အသုံးချနိုင်သော အသိပညာပေးမည့် အမှိုက်မှရွှေဖြစ် ဓာတ်ပုံပြပွဲ ရက် ၂၀ ကျော်ကြာ ကျင်းပမည်

စွန့်ပစ်အမှိုက်ကို ပြန်လည်အသုံးချနိုင်သော အသိပညာပေးမည့် အမှိုက်မှရွှေဖြစ် ဓာတ်ပုံပြပွဲ ရက် ၂၀ ကျော်ကြာ ကျင်းပမည်

စွန့်ပစ်အမှိုက်တွေထဲကနေ အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်စေဖို့ အသိပညာများပေးမယ့် “အမှိုက်မှရွှေဖြစ် ”လို့ နာမည်ရတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့က ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) မှာ ရက် ၂၀ ကျော်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ “အမှိုက်မှရွှေဖြစ်” လို့ နာမည်ရတဲ့ ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာမှ ဒီဇိုင်းပညာရှင် ၅၃ ဦးက ဖန်တီးပြုလုပ်ထားကြတဲ့ ပစ္စည်းပေါင်း ၇၆ မျိုးကို ခင်းကျင်းပြသတာတွေ၊ စွန့်ပစ်ပစ္စည်းကနေ ပြန်လည်အသုံးချနိုင်တဲ့ ပစ္စည်းတွေအဖြစ် လုပ်ဆောင်နိုင်အောင် လက်မှုပညာဖြင့် လက်တွေ့လုပ်ဆောင် ပြသမှုတွေလည်း ပါဝင်မှာဖြစ်သလို မိမိကိုယ်တိုင် ဖန်တီးလုပ်ကိုင်နိုင်မယ့် အစီအစဉ်တွေနဲ့ “DO IT YOURSELF” ကောင်တာတွေကိုလည်း စီစဉ်ကာ အများပြည်သူကြားမှာ စွန့်ပစ်ပစ္စည်းတွေရဲ့ အသုံးဝင်ပုံကို တွင်တွင်ကျယ်ကျယ်ဖြစ်ဖို့ ရည်ရွယ်ထား ကြတာပဲ ဖြစ်ပါတယ်။

“တကယ်တော့ ဒီလိုစွန့်ပစ်ပစ္စည်းကနေ ပြန်လည်အသုံးချနိုင်တဲ့ အသိပညာတွေကို ပြန့်ပွားအောင်လုပ်တာ အများကြီးကောင်းပါတယ်၊ ပြည်တွင်းမှာလည်း NGO တွေကနေ ဦးဆောင်ပြီး ကော်ဖီမစ်အိတ်ခွံတို့၊ တခြားစွန့်ပစ်ပစ္စည်းတွေကနေ လုပ်နေတာတွေတော့ ရှိတယ်၊ သူတို့ဆီက နည်းပညာတွေလည်း ရရှိတာပေါ့၊ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲပါပဲ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ ဦးစည်သူလွင် က သုံးသပ်ပြောပြပါတယ်။

ထိုဓာတ်ပုံပြပွဲဟာ ဂျာမနီနိုင်ငံက ပစ္စည်းအဟောင်း စုဆောင်းသူတွေကနေတစ်ဆင့် ပေါ်ပေါက်လာတာဖြစ်ပြီး ဂျာမနီနိုင်ငံ Hamburg မြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့မှာလည်း အခုလိုကျင်းပခဲ့သလို ရန်ကုန်မြို့မှာတော့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

စြန႔္ပစ္အမႈိက္ေတြထဲကေန အက်ိဳးရွိေအာင္ ျပန္လည္အသုံးခ်ႏိုင္ေစဖို႔ အသိပညာမ်ားေပးမယ့္ “အမႈိက္မွေ႐ႊျဖစ္ ”လို႔ နာမည္ရတဲ့ ဓာတ္ပုံျပပြဲကို ရန္ကုန္ၿမိဳ႕က ဝန္ႀကီးမ်ား႐ုံး (ယခင္အတြင္းဝန္႐ုံး) မွာ ရက္ ၂၀ ေက်ာ္ၾကာ က်င္းပသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါ “အမႈိက္မွေ႐ႊျဖစ္” လို႔ နာမည္ရတဲ့ ဓာတ္ပုံျပပြဲကို ဒီဇင္ဘာ ၁၅ ရက္မွ စတင္ကာ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္အထိ က်င္းပမွာျဖစ္ၿပီး ႏိုင္ငံတကာမွ ဒီဇိုင္းပညာရွင္ ၅၃ ဦးက ဖန္တီးျပဳလုပ္ထားၾကတဲ့ ပစၥည္းေပါင္း ၇၆ မ်ိဳးကို ခင္းက်င္းျပသတာေတြ၊ စြန႔္ပစ္ပစၥည္းကေန ျပန္လည္အသုံးခ်ႏိုင္တဲ့ ပစၥည္းေတြအျဖစ္ လုပ္ေဆာင္ႏိုင္ေအာင္ လက္မႈပညာျဖင့္ လက္ေတြ႕လုပ္ေဆာင္ ျပသမႈေတြလည္း ပါဝင္မွာျဖစ္သလို မိမိကိုယ္တိုင္ ဖန္တီးလုပ္ကိုင္ႏိုင္မယ့္ အစီအစဥ္ေတြနဲ႔ “DO IT YOURSELF” ေကာင္တာေတြကိုလည္း စီစဥ္ကာ အမ်ားျပည္သူၾကားမွာ စြန႔္ပစ္ပစၥည္းေတြရဲ႕ အသုံးဝင္ပုံကို တြင္တြင္က်ယ္က်ယ္ျဖစ္ဖို႔ ရည္႐ြယ္ထား ၾကတာပဲ ျဖစ္ပါတယ္။

“တကယ္ေတာ့ ဒီလိုစြန႔္ပစ္ပစၥည္းကေန ျပန္လည္အသုံးခ်ႏိုင္တဲ့ အသိပညာေတြကို ျပန႔္ပြားေအာင္လုပ္တာ အမ်ားႀကီးေကာင္းပါတယ္၊ ျပည္တြင္းမွာလည္း NGO ေတြကေန ဦးေဆာင္ၿပီး ေကာ္ဖီမစ္အိတ္ခြံတို႔၊ တျခားစြန႔္ပစ္ပစၥည္းေတြကေန လုပ္ေနတာေတြေတာ့ ရွိတယ္၊ သူတို႔ဆီက နည္းပညာေတြလည္း ရရွိတာေပါ့၊ စိတ္ဝင္စားစရာေကာင္းတဲ့ ပြဲပါပဲ” လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေနတဲ့ ဦးစည္သူလြင္ က သုံးသပ္ေျပာျပပါတယ္။

ထိုဓာတ္ပုံျပပြဲဟာ ဂ်ာမနီႏိုင္ငံက ပစၥည္းအေဟာင္း စုေဆာင္းသူေတြကေနတစ္ဆင့္ ေပၚေပါက္လာတာျဖစ္ၿပီး ဂ်ာမနီႏိုင္ငံ Hamburg ၿမိဳ႕၊ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕၊ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တို႔မွာလည္း အခုလိုက်င္းပခဲ့သလို ရန္ကုန္ၿမိဳ႕မွာေတာ့ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁