ဆယ့်တစ်လတာအတွင်း ဂျပန်-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော်ထိရှိလာ

ဆယ့်တစ်လတာအတွင်း ဂျပန်-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော်ထိရှိလာ

ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် (နိုင်ငံ အလိုက်) ပုံမှန်/နယ်စပ်ကုန်သွယ်မှု ပမာဏစာရင်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်တစ်လတာ အတွင်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော်ထိ ရှိလာခဲ့ကာ ယခင်ဘဏ္ဍာနှစ် များထက် ပိုမိုကုန်သွယ်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

ယခုထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ  ဂျပန်-မြန်မာ ကုန်သွယ်မှုပမာဏမှာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဩဂုတ်လကုန်အထိ ဆယ်တစ်လအတွင်း ဂျပန်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၅၁ ဒသမ ၃၄၃ သန်းတင်ပို့ပြီး ဂျပန်မှ သွင်းကုန် ၄၂၂ ဒသမ၇၉၂   သန်း ပြန်လည် တင်သွင်းခဲ့ ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၄၇  ဒသမ ၁၃၆ သန်းဖိုး ကုန်သွယ်ခဲ့ကာ မြန်မာဘက်မှ ကုန်သွယ်မှု ပိုငွေ ကန်ဒေါ်လာ ၈၂၈ ဒသမ ၅၅၁ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

လအတွင်း ကုန်သွယ်မှုကို ပြန်ကြည့်ပါက ဩဂုတ်လအတွင်း မြန်မာဘက်မှဂျပန်ဘက်သို့ ကန် ဒေါ်လာ ၁၅၂ ဒသမ ၃၆၇ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၃၅ ဒသမ ၆၁၈ သန်းတင်သွင်းကာ တစ်လအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၁၈၇ ဒသမ ၉၈၆ သန်းပမာဏကုန်သွယ်နိုင်ခဲ့ကာ မြန်မာဘက်မှ ကုန်သွယ်မှု ပိုငွေ ကန်ဒေါ်လာ ၁၁၆ ဒသမ ၇၄၉ သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယခင်ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ တစ်လအတွင်း ကုန်သွယ်မှုတွင် ဖေဖေါ်ဝါရီ လက အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၂၅၃ သန်း၊ မတ်လ က အမေရိကန် ဒေါ်လာ ၁၅၃ ဒသမ ၆၄၂ သန်းရှိ ကာ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ဝ၂၂ သန်း၊ မေလနှင့် ဇွန်လတွင် ကန်ဒေါ်လာ ၁၃၃၇ ဒသမ ၇ ၈၁သန်း၊ ဇူလိုင်လတွင် ကန်ဒေါ်လာ ၁၄၈ ဒသမ ၃၆၉ သန်းနှင့် ဩဂုတ်လတွင်  ကန်ဒေါ်လာ ၁၈၇ ဒသမ ၉၈၆ သန်းဖြင့် ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ဂျပန်-မြန်မာကုန်သွယ်မှုကို ပြန်ကြည့်ပါက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၁၈၀၉ ဒသမ ၄၈၆ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၃၀၅ ဒသမ ဝ၅၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၄၅ ဒသမ ၉၇၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀၃၁ ဒသမ ၇၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၁၉၂၁ ဒသမ ၉၀၄ သန်း၊ ၂၀၁၈ ကာလ တိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ် လာ၁၀၉၅ ဒသမ ၈၄ ၄ သန်း ကုန်သွယ်ခဲ့ကြောင်း လက်ရှိ စာရင်းအချက်အလက်များအရ သိရပါတယ်။    

PWA
Photo Credit:Petrol world.com
ရန်ကုန်၊ အောက်တိုဘာ ၁၉

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနက ေအာက္တိုဘာလအတြင္း ထုတ္ျပန္သည့္ ဘ႑ာႏွစ္အလိုက္ (ႏိုင္ငံ အလိုက္) ပုံမွန္/နယ္စပ္ကုန္သြယ္မႈ ပမာဏစာရင္းအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္တစ္လတာ အတြင္း ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ထိ ရွိလာခဲ့ကာ ယခင္ဘ႑ာႏွစ္ မ်ားထက္ ပိုမိုကုန္သြယ္မႈျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

ယခုထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ  ဂ်ပန္-ျမန္မာ ကုန္သြယ္မႈပမာဏမွာ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္ ဩဂုတ္လကုန္အထိ ဆယ္တစ္လအတြင္း ဂ်ပန္သို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၂၅၁ ဒသမ ၃၄၃ သန္းတင္ပို႔ၿပီး ဂ်ပန္မွ သြင္းကုန္ ၄၂၂ ဒသမ၇၉၂   သန္း ျပန္လည္ တင္သြင္းခဲ့ ကာ စုစုေပါင္း အေမရိကန္ေဒၚလာ ၁၆၄၇  ဒသမ ၁၃၆ သန္းဖိုး ကုန္သြယ္ခဲ့ကာ ျမန္မာဘက္မွ ကုန္သြယ္မႈ ပိုေငြ ကန္ေဒၚလာ ၈၂၈ ဒသမ ၅၅၁ သန္းျဖစ္ေပၚခဲ့ပါတယ္။

လအတြင္း ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ဩဂုတ္လအတြင္း ျမန္မာဘက္မွဂ်ပန္ဘက္သို႔ ကန္ ေဒၚလာ ၁၅၂ ဒသမ ၃၆၇ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၃၅ ဒသမ ၆၁၈ သန္းတင္သြင္းကာ တစ္လအတြင္း ကုန္သြယ္မႈ ကန္ေဒၚလာ ၁၈၇ ဒသမ ၉၈၆ သန္းပမာဏကုန္သြယ္ႏိုင္ခဲ့ကာ ျမန္မာဘက္မွ ကုန္သြယ္မႈ ပိုေငြ ကန္ေဒၚလာ ၁၁၆ ဒသမ ၇၄၉ သန္းျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ယခင္ထုတ္ျပန္သည့္ ကိန္းဂဏန္းအခ်က္အလက္မ်ားအရ တစ္လအတြင္း ကုန္သြယ္မႈတြင္ ေဖေဖၚဝါရီ လက အေမရိကန္ေဒၚလာ ၂၀၆ ဒသမ ၂၅၃ သန္း၊ မတ္လ က အေမရိကန္ ေဒၚလာ ၁၅၃ ဒသမ ၆၄၂ သန္းရွိ ကာ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၁၃၀ ဒသမ ဝ၂၂ သန္း၊ ေမလႏွင့္ ဇြန္လတြင္ ကန္ေဒၚလာ ၁၃၃၇ ဒသမ ၇ ၈၁သန္း၊ ဇူလိုင္လတြင္ ကန္ေဒၚလာ ၁၄၈ ဒသမ ၃၆၉ သန္းႏွင့္ ဩဂုတ္လတြင္  ကန္ေဒၚလာ ၁၈၇ ဒသမ ၉၈၆ သန္းျဖင့္ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း ဂ်ပန္-ျမန္မာကုန္သြယ္မႈကို ျပန္ၾကည့္ပါက ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္ တြင္ အေမရိကန္ ေဒၚလာ ၁၈၀၉ ဒသမ ၄၈၆ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၂၃၀၅ ဒသမ ဝ၅၈ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၈၄၅ ဒသမ ၉၇၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၂၀၃၁ ဒသမ ၇၉၁ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ ၁၉၂၁ ဒသမ ၉၀၄ သန္း၊ ၂၀၁၈ ကာလ တိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚ လာ၁၀၉၅ ဒသမ ၈၄ ၄ သန္း ကုန္သြယ္ခဲ့ေၾကာင္း လက္ရွိ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။    

PWA
Photo Credit:Petrol world.com
ရန္ကုန္၊ ေအာက္တိုဘာ ၁၉