ဆယ်ကျော်သက်များအကြား ကျန်းမာရေးအသိပညာပေးမှုသာမက အမူအကျင့်ပါ ပြောင်းလဲနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်မည်

ဆယ်ကျော်သက်များအကြား ကျန်းမာရေးအသိပညာပေးမှုသာမက အမူအကျင့်ပါ ပြောင်းလဲနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်မည်

ပြည်တွင်းက ဆယ်ကျော်သက် လူငယ်တွေရဲ့ကြားမှာ ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ဆောင်နေတဲ့ စံပယ်ဖြူ အစီအစဉ်မှာ ပညာပေးမှုသာမက လူငယ်တွေရဲ့ အမူအကျင့်တွေပါ ပြောင်းလဲနိုင်ဖို့ စီစဉ်နေတယ်လို့ တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ သိရပါတယ်။

“ဆယ်ကျော်သက်တိုင်း ကျန်းမာရေးအသိမြင့်မားပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်ကာ ပညာပေးနေတဲ့ ဒီအစီအစဉ်မှာ လူငယ်တွေအနေနဲ့ အမူအကျင့်တွေကိုပါ ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေအတွက် ထုတ်ဖော်ဆွေးနွေးပြီး လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်” လို့ ယင်းအစီအစဉ် ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေါက်တာဖြိုးသီဟ က ပြောပါတယ်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ စုပေါင်းကာ လုပ်ဆောင်တဲ့ စံပယ်ဖြူကဏ္ဍ ပညာပေးအစီအစဉ်မှာ ရန်ကုန်မြို့ အပါအဝင် ရန်ကုန်အနီးတစ်ဝိုက်မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွေမှာ လုပ်ဆောင်နေတာဖြစ်သလို အထူးသဖြင့် မိဘအုပ်ထိန်းသူတွေနဲ့ ဝေးကွာနေတဲ့ ဆယ်ကျော်သက် လူငယ်တွေဆီကို အပတ်စဉ်သွားရောက်ကာ သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို အုပ်စုငယ်များအလိုက် ပညာပေးနေကြောင်း၊ နောက်ပိုင်းမှာ အမူအကျင့်ဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း ပညာပေးလုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

“နောက်ပိုင်းလုပ်ဆောင်မယ့် အစီအစဉ်တွေမှာဆိုရင် အခုလိုဗဟုသုတရရှိရုံတင် မကဘူး၊ အမူအကျင့်တွေပါ ပြောင်းလဲပြီးတော့ ကောင်းမွန်တဲ့ အမူအကျင့်ကောင်းတွေနဲ့ ပြုမူနေထိုင်တတ်အောင် လေ့ကျင့်ပျိုးထောင်တာတွေနဲ့ လုပ်သွားမှာဖြစ်ပါတယ်၊ လုပ်ဆောင်သွားမယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် - ၁၅

( Zawgyi )

ျပည္တြင္းက ဆယ္ေက်ာ္သက္ လူငယ္ေတြရဲ႕ၾကားမွာ က်န္းမာေရးဆိုင္ရာ အသိပညာေပး လုပ္ေဆာင္ေနတဲ့ စံပယ္ျဖဴ အစီအစဥ္မွာ ပညာေပးမႈသာမက လူငယ္ေတြရဲ႕ အမူအက်င့္ေတြပါ ေျပာင္းလဲႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ တစ္ကိုယ္ေတာ္ ပရဟိတသမားမ်ားကြန္ရက္မွ သိရပါတယ္။

“ဆယ္ေက်ာ္သက္တိုင္း က်န္းမာေရးအသိျမင့္မားၿပီး မိမိနဲ႔ မိမိပတ္ဝန္းက်င္ကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ႏိုင္ေစဖို႔ ရည္႐ြယ္ကာ ပညာေပးေနတဲ့ ဒီအစီအစဥ္မွာ လူငယ္ေတြအေနနဲ႔ အမူအက်င့္ေတြကိုပါ ေျပာင္းလဲႏိုင္မယ့္ နည္းလမ္းေတြအတြက္ ထုတ္ေဖာ္ေဆြးေႏြးၿပီး လုပ္ကိုင္သြားၾကမွာ ျဖစ္ပါတယ္” လို႔ ယင္းအစီအစဥ္ ပညာေပးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ေဒါက္တာၿဖိဳးသီဟ က ေျပာပါတယ္။

တစ္ကိုယ္ေတာ္ ပရဟိတသမားမ်ားကြန္ရက္မွ စုေပါင္းကာ လုပ္ေဆာင္တဲ့ စံပယ္ျဖဴက႑ ပညာေပးအစီအစဥ္မွာ ရန္ကုန္ၿမိဳ႕ အပါအဝင္ ရန္ကုန္အနီးတစ္ဝိုက္မွာရွိတဲ့ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြ၊ သီလရွင္ေက်ာင္းေတြ၊ လူငယ္ဖြံ႕ၿဖိဳးေရး ပရဟိတေဂဟာေတြမွာ လုပ္ေဆာင္ေနတာျဖစ္သလို အထူးသျဖင့္ မိဘအုပ္ထိန္းသူေတြနဲ႔ ေဝးကြာေနတဲ့ ဆယ္ေက်ာ္သက္ လူငယ္ေတြဆီကို အပတ္စဥ္သြားေရာက္ကာ သိသင့္သိထိုက္တဲ့ က်န္းမာေရးဆိုင္ရာ အသိပညာဗဟုသုတမ်ားကို အုပ္စုငယ္မ်ားအလိုက္ ပညာေပးေနေၾကာင္း၊ ေနာက္ပိုင္းမွာ အမူအက်င့္ဆိုင္ရာ ကိစၥရပ္မ်ားအတြက္ကိုလည္း ပညာေပးလုပ္ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

“ေနာက္ပိုင္းလုပ္ေဆာင္မယ့္ အစီအစဥ္ေတြမွာဆိုရင္ အခုလိုဗဟုသုတရရွိ႐ုံတင္ မကဘူး၊ အမူအက်င့္ေတြပါ ေျပာင္းလဲၿပီးေတာ့ ေကာင္းမြန္တဲ့ အမူအက်င့္ေကာင္းေတြနဲ႔ ျပဳမူေနထိုင္တတ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္တာေတြနဲ႔ လုပ္သြားမွာျဖစ္ပါတယ္၊ လုပ္ေဆာင္သြားမယ့္ နည္းလမ္းေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးတာေတြကိုလည္း လုပ္ေဆာင္ေနပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ - ၁၅