ဆယ်လအတွင်း ပြည်ပနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ဘီလျံ ၃၀ နီးပါး ရှိလာ

ဆယ်လအတွင်း ပြည်ပနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ဘီလျံ ၃၀ နီးပါး ရှိလာ

ဆယ်လအတွင်း ပြည်ပနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ဘီလျံ ၃၀ နီးပါး ရှိလာ

ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြားကုန်သွယ်မှုပမာဏမှာ ကန်ဒေါ် လာ ဘီလျံသုံးဆယ်နီးပါးရှိလာခဲ့ကြောင်း စက်တင်ဘာလအတွင်း ထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ်ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းဇယားအရ သိရ ပါတယ်။

စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ဆယ်လတာအတွင်း ပြည်ပ သို့ ကန် ဒေါ်လာ ၁၄ ဘီလျံ ကျော်(၁၄၀၄၇ ဒသမ ၄၇၂  သန်း)ကုန်တင်ပို့ခဲ့ရာမှာ ပင်လယ်ရေကြောင်းမှ ကန် ဒေါ်လာ ၇၈၇၆ ဒသမ ၁၆၀  သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၆၁၇၁ ဒသမ ၃၁၂ သန်းတင်ပို့ခဲ့ပြီး ပြည်ပမှ ကန်ဒေါ် လာ ၁၅ ဘီလျံကျော်( ၁၅၁၆၃  ဒသမ ၅၂၉သန်း) ပြန်လည် တင်သွင်းခဲ့ရာမှာ ပင်လယ်ရေ ကြောင်းမှ ကန်ဒေါ်လာ ၁၂၅၇၇  ဒသမ ၀၂၆ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ၂၅၈၆  ဒသမ ၅၀၃ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လတာအတွင်း ကုန်သွယ်ရာတွင် စုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလျံ ကျော် ( ၂၉၂၁၁ ဒသမ ၀၀၁ သန်း)ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ တစ်ဘီလျံကျော်(ကန်ဒေါ်လာ ၁၁၁၆ ဒသမ ၀၅၇ သန်း)  ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါ တယ်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကုန်သွယ်မှုတွင် ပြည်ပသို့ ပို့ကုန် ကန်ဒေါ်လာ၁၄၅၇ ဒသမ ၆၄၁ သန်း တင်ပို့ခဲ့ကာ ပြည်ပမှ ကန်ဒေါ်လာ၁၅၃၀ ဒသမ၆၄၆ သန်း ပြန်လည်တင်သွင်းကာ စုစုပေါင်းကန်ဒေါ်လာ  ၂၉၈၈ ဒသမ၂၈၇ သန်း ကုန်သွယ်ခဲ့ကာ ဇူလိုင်လအတွင်း ကုန်သွယ်ရေး လိုငွေကန် ဒေါ်လာ  ၇၃ ဒသမ ၀၀၅ သန်းဖြစ်ပေါ်ခဲ့ ပါတယ်။

ဇွန်လအတွင်း ကုန်သွယ်မှုကို ကြည့်ပါကလည်း  ဇွန်လအတွင်း ပို့ကုန် ၁၃၆၂ဒသမ ၄၀၉ သန်းတင် ပို့ကာ ပြည်ပမှ သွင်းကုန် ၁၅၂၁ဒသမ ၄၇၇ သန်း ပြန်သွင်းခဲ့ပြီး ဇွန်လအတွင်းကုန်သွယ်မှုကန်ဒေါ်လာ၂၈၈၃ ဒသမ ၈၃၄ သန်းကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ ကုန်သွယ်ရာမှာ တစ်လအတွင်း ကုန်သွယ်ရေးလိုငွေ ၁၅၉ ဒသမ ၀၅၈ သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့လများအတွင်း ပြည်ပနှင့် ကုန်သွယ်ရာမှာဖေဖေါ်ဝါရီလအတွင်း ကန်ဒေါ်လာ ၂၇၅၈ ဒသမ ၄၈၁ သန်း၊မတ်လအတွင်းကန်ဒေါ်လာ၃၁၀၇ ဒသမ ၄၈၉ သန်းနှင့် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃၀၁၉ ဒသမ ၅၉၂ သန်း၊ မေလတွင် ကန်ဒေါ်လာ ၃၀၄၇ ဒသမ ၂၅၇  သန်း နှင့် ဇွန်လတွင် ကန်ဒေါ်လာ  ၂၈၈၃ ဒသမ ၈၃၄   သန်းကုန်သွယ်ခဲ့သဖြင့် လစဉ် ကန်ဒါ်လာ သုံးဘီလျံနီးပါး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

၅ နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကန် ဒေါ်လာ ၃၃ ဘီလျံကျော်ဖြင့် ကုန်သွယ်မှု အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကန် ဒေါ်လာ ၂၉ ဘီလျံကျော်၊၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင်ကန်ဒေါ်လာ ၂၇ဘီလျံကျော်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်နှင့် ၂၀၁၈ ကာလတိုဘဏ္ဍာရေးနှစ် တွင် ကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်သွယ် ခဲ့ပြီးဘဏ္ဍာရေးနှစ်သစ် ခြောက်လတာကာလအတွင်းကန်ဒေါ်လာ ၁၇ဘီလျံကျော်ထိကုန်သွယ်ခဲ့ပါတယ်။     

PWA
ရန်ကုန်၊ စက်တင်ဘာ - ၂၁
Photo Credit : myanmarwaterportal.com

( Zawgyi )

ဆယ္လအတြင္း ျပည္ပႏွင့္ ကုန္သြယ္မႈ ကန္ေဒၚလာ ဘီလ်ံ ၃၀ နီးပါး ရွိလာ

ၿပီးခဲ့သည့္ ဇူလိုင္လကုန္အထိ ျမန္မာႏိုင္ငံႏွင့္ ျပည္ပႏိုင္ငံမ်ားအၾကားကုန္သြယ္မႈပမာဏမွာ ကန္ေဒၚ လာ ဘီလ်ံသုံးဆယ္နီးပါးရွိလာခဲ့ေၾကာင္း စက္တင္ဘာလအတြင္း ထုတ္ျပန္သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းဇယားအရ သိရ ပါတယ္။

စက္တင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ဆယ္လတာအတြင္း ျပည္ပ သို႔ ကန္ ေဒၚလာ ၁၄ ဘီလ်ံ ေက်ာ္(၁၄၀၄၇ ဒသမ ၄၇၂  သန္း)ကုန္တင္ပို႔ခဲ့ရာမွာ ပင္လယ္ေရေၾကာင္းမွ ကန္ ေဒၚလာ ၇၈၇၆ ဒသမ ၁၆၀  သန္းႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ကန္ေဒၚလာ ၆၁၇၁ ဒသမ ၃၁၂ သန္းတင္ပို႔ခဲ့ၿပီး ျပည္ပမွ ကန္ေဒၚ လာ ၁၅ ဘီလ်ံေက်ာ္( ၁၅၁၆၃  ဒသမ ၅၂၉သန္း) ျပန္လည္ တင္သြင္းခဲ့ရာမွာ ပင္လယ္ေရ ေၾကာင္းမွ ကန္ေဒၚလာ ၁၂၅၇၇  ဒသမ ၀၂၆ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ၂၅၈၆  ဒသမ ၅၀၃ သန္း တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္လတာအတြင္း ကုန္သြယ္ရာတြင္ စုစုေပါင္း ကန္ေဒၚလာ ၂၉ ဘီလ်ံ ေက်ာ္ ( ၂၉၂၁၁ ဒသမ ၀၀၁ သန္း)ကုန္သြယ္ႏိုင္ခဲ့ၿပီး ကုန္သြယ္မႈလိုေငြ တစ္ဘီလ်ံေက်ာ္(ကန္ေဒၚလာ ၁၁၁၆ ဒသမ ၀၅၇ သန္း)  ျဖစ္ေပၚခဲ့တယ္လို႔ သိရပါ တယ္။

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း ကုန္သြယ္မႈတြင္ ျပည္ပသို႔ ပို႔ကုန္ ကန္ေဒၚလာ၁၄၅၇ ဒသမ ၆၄၁ သန္း တင္ပို႔ခဲ့ကာ ျပည္ပမွ ကန္ေဒၚလာ၁၅၃၀ ဒသမ၆၄၆ သန္း ျပန္လည္တင္သြင္းကာ စုစုေပါင္းကန္ေဒၚလာ  ၂၉၈၈ ဒသမ၂၈၇ သန္း ကုန္သြယ္ခဲ့ကာ ဇူလိုင္လအတြင္း ကုန္သြယ္ေရး လိုေငြကန္ ေဒၚလာ  ၇၃ ဒသမ ၀၀၅ သန္းျဖစ္ေပၚခဲ့ ပါတယ္။

ဇြန္လအတြင္း ကုန္သြယ္မႈကို ၾကည့္ပါကလည္း  ဇြန္လအတြင္း ပို႔ကုန္ ၁၃၆၂ဒသမ ၄၀၉ သန္းတင္ ပို႔ကာ ျပည္ပမွ သြင္းကုန္ ၁၅၂၁ဒသမ ၄၇၇ သန္း ျပန္သြင္းခဲ့ၿပီး ဇြန္လအတြင္းကုန္သြယ္မႈကန္ေဒၚလာ၂၈၈၃ ဒသမ ၈၃၄ သန္းကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။ ထိုသို႔ ကုန္သြယ္ရာမွာ တစ္လအတြင္း ကုန္သြယ္ေရးလိုေငြ ၁၅၉ ဒသမ ၀၅၈ သန္းျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့လမ်ားအတြင္း ျပည္ပႏွင့္ ကုန္သြယ္ရာမွာေဖေဖၚဝါရီလအတြင္း ကန္ေဒၚလာ ၂၇၅၈ ဒသမ ၄၈၁ သန္း၊မတ္လအတြင္းကန္ေဒၚလာ၃၁၀၇ ဒသမ ၄၈၉ သန္းႏွင့္ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၃၀၁၉ ဒသမ ၅၉၂ သန္း၊ ေမလတြင္ ကန္ေဒၚလာ ၃၀၄၇ ဒသမ ၂၅၇  သန္း ႏွင့္ ဇြန္လတြင္ ကန္ေဒၚလာ  ၂၈၈၃ ဒသမ ၈၃၄   သန္းကုန္သြယ္ခဲ့သျဖင့္ လစဥ္ ကန္ဒၚလာ သုံးဘီလ်ံနီးပါး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

၅ ႏွစ္တာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ကန္ ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ျဖင့္ ကုန္သြယ္မႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္တြင္ ကန္ ေဒၚလာ ၂၉ ဘီလ်ံေက်ာ္၊၂၀၁၅-၂၀၁၆ဘ႑ာေရးႏွစ္တြင္ကန္ေဒၚလာ ၂၇ဘီလ်ံေက်ာ္၊၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္ႏွင့္ ၂၀၁၈ ကာလတိုဘ႑ာေရးႏွစ္ တြင္ ကန္ေဒၚလာ ၁၈ ဘီလ်ံေက်ာ္ ကုန္သြယ္ ခဲ့ၿပီးဘ႑ာေရးႏွစ္သစ္ ေျခာက္လတာကာလအတြင္းကန္ေဒၚလာ ၁၇ဘီလ်ံေက်ာ္ထိကုန္သြယ္ခဲ့ပါတယ္။     

PWA
ရန္ကုန္၊ စက္တင္ဘာ - ၂၁
Photo Credit : myanmarwaterportal.com