ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ငြိမး်ချမ်းရေး စကားဝိုင်းကျင်းပ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ငြိမး်ချမ်းရေး စကားဝိုင်းကျင်းပ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် “တပြည်လုံးစစ်ရပ်စဲရေး အားလုံး တန်းတူရည်တူ ပါဝင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ငြိမး်ချမ်းရေးစကားဝိုင်းကို ဒီကနေ့ ဇူလိူင် ၂၃ ရက်၊ နံနက်ပိုင်းအချိန်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန် ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နှင့်ဆရာကြီး၏မိသားစုဝင်များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနား သို့ တက်ရောက်လာကြသူများက ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲများနှင့် ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်တွင်ကျဆုံးသွားကြသောရဟန်းရှင်၊လူ ကျောင်းသားပြည်သူ အပေါင်းအတွက်တစ်မိနစ်ငြိမ်သက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်နှင့် စည်းလုံး ညီညွတ်သော တိ်ုင်းရင်းသားမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွှန့်လွင် တို့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၅)နှစ်မြောက် အထိမ်း အမှတ်ပွဲမှာအမှတ်တရစကားများကုုုိလည်း ပြောကြားပေးခဲ့ကြပါတယ်။
ထို့အတူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ သဘောထားထုတ်ပြန်ကြေညာချက် တစ်ရပ်ကိုလည်း ဒီကနေ့တွင် ထုတ်ပြန်ပေးခဲ့ပါတယ်။ယင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေး သွေးစည်းညီညွတ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ဖို့ အပါအဝင် တပ်မတော်ခေါင်းဆောင်ကြီးများအနေဖြင့် အမျိုးသား ကာကွယ်ရေး တပ်မတော်ကြီးအဖြစ် မိမိတို့၏နေရာအမှန်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ကြဖို့နှင့် အစိုးရ၊တပ်မတော်၊လွှတ်တော်၊ နို်င်ငံရေး အင်အားစု၊တိုင်းရင်းသားအင်အားစု၊တတ်သိပညာရှင်စသည့် တိုင်းပြည်၏ အဓိကအင်အားစုကြီးများ ကိုယ်စားပြုခေါင်းဆောင် များ လူပုဂ္ဂိုလ်များပါဝင်မည့် ဆွေးနွေးပွဲကြီးမှ အများလက်ခံသဘောတူသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
ဖော်ဆောင်ရေး အခြေခံဥပဒေမူကြမ်း တရပ်တည်တည်ငြိမ်ငြိမ်ပေါ်ထွက်လာစေဖို့ကိုလည်း တိုက်တွန်းရေးသား ဖော်ပြခဲ့ပါတယ်။
ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၃
(  Zawgyi  )
 ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် “တပြည်လုံးစစ်ရပ်စဲရေး အားလုံး တန်းတူရည်တူ ပါဝင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ဒီကနေ့ ဇူလိုင် ၂၃ ရက်၊ နံနက်ပိုင်းအချိန်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်နှင့် စည်းလုံး ညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွှန့်လွင် တို့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၅)နှစ်မြောက် အထိမ်း အမှတ်ပွဲမှာအမှတ်တရစကားများကိုလည်း ပြောကြားပေးခဲ့ကြပါတယ်။
ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၃