ဆွေးနွေးညှိနှိုင်းလို့အသင့်မဖြစ်သေးတာကို ချန်လှပ်ထားဖို့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ ခေါင်းဆောင်အကြံပြု

ဆွေးနွေးညှိနှိုင်းလို့အသင့်မဖြစ်သေးတာကို ချန်လှပ်ထားဖို့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ ခေါင်းဆောင်အကြံပြု

ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းလို့ အသင့်မဖြစ်သေးတဲ့ အချက်တွေကို အစည်းအဝေးမှာ မဆွေးနွေးဘဲ ချန်လှပ်ထားသင့်တယ်လို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ NRPC မှာ ပြုလုပ်တဲ့ အစိုးရနဲ့ NCA-S-EAO ညှိနှိုင်းအစည်းအဝေးမှာ NCA-S-EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုခဲ့တာပါ။“ယုံကြည်မှုတည်ဆောက်ခြင်း ကို ပိုမိုခိုင်မာလာအောင် နှစ်ဦးနှစ်ဖက်က ကြိုးပမ်းဆောင်ရွက်နေတဲ့ အခိုက်အတန့်ဖြစ်လို့ နှစ်ဖက် ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးတဲ့ တစ်ချို့အကြောင်းအရာတွေကို ဒီအစည်းအဝေးမှာ ချန်လှပ်ထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။

ဒါအပြင် အခုပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေဟာ တစ်ဦးတစ်ဖွဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်နေတာမဟုတ်ဘဲ ပြည်ထောင်စု ကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက်နေတာကို သတိပြုဖို့ကိုလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုခဲ့ပါတယ်။အခုပြုလုပ် နေတဲ့ အစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေးကို အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေတက်ရောက်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်လို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ဆွေးနွေးသွားမှာပါ။

ဇေယျာမော်
ဓါတ်ပုံ- NCA-S-EAO
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇

(  Zawgyi  )

 ယုံၾကည္မႈတည္ေဆာက္ေနတဲ့ အခ်ိန္ကာလ ျဖစ္တာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ေဆြးေႏြးညႇိႏႈိင္းလို႔ အသင့္မျဖစ္ေသးတဲ့ အခ်က္ေတြကို အစည္းအေဝးမွာ မေဆြးေႏြးဘဲ ခ်န္လွပ္ထားသင့္တယ္လို႔ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားအဖြဲ႕ေတြရဲ႕ ညႇိႏႈိင္းေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ NRPC မွာ ျပဳလုပ္တဲ့ အစိုးရနဲ႔ NCA-S-EAO ညႇိႏႈိင္းအစည္းအေဝးမွာ NCA-S-EAO ညႇိႏႈိင္းေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာဆိုခဲ့တာပါ။“ယုံၾကည္မႈတည္ေဆာက္ျခင္း ကို ပိုမိုခိုင္မာလာေအာင္ ႏွစ္ဦးႏွစ္ဖက္က ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ အခိုက္အတန႔္ျဖစ္လို႔ ႏွစ္ဖက္ ေဆြးေႏြးညႇိႏႈိင္းဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ တစ္ခ်ိဳ႕အေၾကာင္းအရာေတြကို ဒီအစည္းအေဝးမွာ ခ်န္လွပ္ထားဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္” လို႔ ဗိုလ္မႉးႀကီး စိုင္းငင္းက ဆိုပါတယ္။

ဒါအျပင္ အခုျပဳလုပ္ေနတဲ့ ေဆြးေႏြးပြဲေတြဟာ တစ္ဦးတစ္ဖြဲ႕ ေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္ေနတာမဟုတ္ဘဲ ျပည္ေထာင္စု ေကာင္းက်ိဳးအတြက္ ဦးတည္ေဆာင္႐ြက္ေနတာကို သတိျပဳဖို႔ကိုလည္း ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာဆိုခဲ့ပါတယ္။အခုျပဳလုပ္ ေနတဲ့ အစည္းအေဝးကို ႏွစ္ရက္ၾကာ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္ျပင္ဆင္ေရးကို အပစ္ရပ္လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြတက္ေရာက္ႏိုင္ဖို႔ ေဆြးေႏြးသြားမွာျဖစ္လို႔ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ေတြမွာလည္း အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏိုင္ဖို႔ ေဆြးေႏြးသြားမွာပါ။

ေဇယ်ာေမာ္
ဓါတ္ပုံ- NCA-S-EAO
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၇