ဇွန်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိ

ဇွန်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိ 

သြဂုတ်လအတွင်း ထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် (နယ်စပ်စခန်းအလိုက်) ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအရ ပြီးခဲ့သည့် ဇွန်လအတွင်း အိမ်နီးချင်း ၅ နိုင်ငံနှင့် နယ်စပ်စခန်း ၁၆ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ သန်းရှစ်ရာကျော် ရှိတယ်လို့ သိရပါတယ်။

အဆိုပါစာရင်းဇယားအရ ပြီးခဲ့သည့် ဇွန်လအတွင်း နယ်စပ်စခန်း ၁၆ ခုမှ ပို့ကုန် ကန်ဒေါ်လာ ၅၅၈ ဒသမ ၂၂၅သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၂၄၃ ဒသမ ၉၉၅ သန်းရှိခဲ့ပြီး တစ်လအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈၀၂ ဒသမ ၂၂ သန်းရှိခဲ့ကြောင်း သိရပါတယ်။ဇွန်လအတွင်း ကုန်သွယ်မှုတွင် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၃၁၄ ဒသမ ၂၃ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ လအလိုက် ကုန်သွယ်မှုပမာဏမှာ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆၆၆ ဒသမ ၉၉၃ သန်းဖိုး၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၇၂၄ ဒသမ ၅၀၂ သန်းဖိုး၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၆၆၈ ဒသမ ၃၉၄ သန်း၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၁၇၂ ဒသမ ၇၆၉ သန်းဖိုး၊ ဖေဖေါ်ဝါရီလတွင် ကန်ဒေါ်လာ ၇၆၅ ဒသမ ၈၆ သန်းဖိုး၊ မတ်လတွင် ကန်ဒေါ်လာ ၉၅၃ ဒသမ ၇၅၅ သန်း၊ ဧပြီလတွင် ကန်ဒေါ်လာ ၁၁၁၁ ဒသမ ၁၇၇ သန်း၊ မေလတွင် ကန်ဒေါ်လာ ၁၀၇၈ ဒသမ ၁၃၃ သန်းနှင့် ဇွန်လတွင် ကန်ဒေါ်လာ ၈၀၂ ဒသမ ၂၂ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၃၈၅၂ ဒသမ ၁၀၆ သန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၆၆၉ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ၂၇၀ သန်း၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၇၄ ဒသမ ၇၆၇ သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၆၄၂ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၀၃ ဒသမ ၃၆၄ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၂၂၇ သန်း၊ နဘုလယ်/ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၉၉ ဒသမ ၃၉၈ သန်းကျော်၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၃၄ သန်းဖိုး စုစုပေါင်း နယ်စပ်စခန်း ၁၆ ခုမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈၀၃၆ ဒသမ ၅၉၂ သန်းဖိုး ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လအထိ ကိုးလတာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်ခဲ့ရာတွင် ကုန်သွယ်မှုပမာဏ ကန်ဒါ်လာ ၈၀၃၆ ဒသမ ၅၉၂ သန်း ဖြစ်ပေါ်ခဲ့ကာ အဆိုပါပမာဏတွင် ပို့ကုန် ကန်ဒေါ်လာ ၅၆၉၆ ဒသမ ၁၁၈ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၂၃၄၀ ဒသမ ၄၇၄ သန်းရှိကာ ကိုးလတာ ကာလအတွင်း ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၃၃၅၅ ဒသမ ၆၄၄ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် - ၂၀

( Zawgyi )

ၾသဂုတ္လအတြင္း ထုတ္ျပန္သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာေရးႏွစ္အလိုက္ (နယ္စပ္စခန္းအလိုက္) ပို႔ကုန္/သြင္းကုန္ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းအရ ၿပီးခဲ့သည့္ ဇြန္လအတြင္း အိမ္နီးခ်င္း ၅ ႏိုင္ငံႏွင့္ နယ္စပ္စခန္း ၁၆ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ သန္းရွစ္ရာေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

အဆိုပါစာရင္းဇယားအရ ၿပီးခဲ့သည့္ ဇြန္လအတြင္း နယ္စပ္စခန္း ၁၆ ခုမွ ပို႔ကုန္ ကန္ေဒၚလာ ၅၅၈ ဒသမ ၂၂၅သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၂၄၃ ဒသမ ၉၉၅ သန္းရွိခဲ့ၿပီး တစ္လအတြင္း ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၈၀၂ ဒသမ ၂၂ သန္းရွိခဲ့ေၾကာင္း သိရပါတယ္။ဇြန္လအတြင္း ကုန္သြယ္မႈတြင္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၃၁၄ ဒသမ ၂၃ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ လအလိုက္ ကုန္သြယ္မႈပမာဏမွာ ေအာက္တိုဘာလတြင္ အေမရိကန္ေဒၚလာ ၆၆၆ ဒသမ ၉၉၃ သန္းဖိုး၊ ႏိုဝင္ဘာလတြင္ ကန္ေဒၚလာ ၇၂၄ ဒသမ ၅၀၂ သန္းဖိုး၊ ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၆၆၈ ဒသမ ၃၉၄ သန္း၊ ဇန္နဝါရီလတြင္ အေမရိကန္ေဒၚလာ ၁၁၇၂ ဒသမ ၇၆၉ သန္းဖိုး၊ ေဖေဖၚဝါရီလတြင္ ကန္ေဒၚလာ ၇၆၅ ဒသမ ၈၆ သန္းဖိုး၊ မတ္လတြင္ ကန္ေဒၚလာ ၉၅၃ ဒသမ ၇၅၅ သန္း၊ ဧၿပီလတြင္ ကန္ေဒၚလာ ၁၁၁၁ ဒသမ ၁၇၇ သန္း၊ ေမလတြင္ ကန္ေဒၚလာ ၁၀၇၈ ဒသမ ၁၃၃ သန္းႏွင့္ ဇြန္လတြင္ ကန္ေဒၚလာ ၈၀၂ ဒသမ ၂၂ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ရွစ္လတာ ကာလအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ေဒၚလာ ၃၈၅၂ ဒသမ ၁၀၆ သန္း၊ လြယ္ဂ်ယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၃၃ ဒသမ ၆၆၉ သန္း၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၄၈၂ ဒသမ၂၇၀ သန္း၊ ကန္ပိုက္တီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၂၇၄ ဒသမ ၇၆၇ သန္း၊ တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၆၇ ဒသမ ၆၄၂ သန္း၊ ျမဝတီ နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၇၀၃ ဒသမ ၃၆၄ သန္း၊ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၈၅ ဒသမ ၂၂၇ သန္း၊ နဘုလယ္/ထီးခီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၁၉၉၉ ဒသမ ၃၉၈ သန္းေက်ာ္၊ တမူး နယ္စပ္ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၈၂ ဒသမ ၇၃၄ သန္းဖိုး စုစုေပါင္း နယ္စပ္စခန္း ၁၆ ခုမွ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၈၀၃၆ ဒသမ ၅၉၂ သန္းဖိုး ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဇြန္လအထိ ကိုးလတာ ကာလအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ ကုန္သြယ္ခဲ့ရာတြင္ ကုန္သြယ္မႈပမာဏ ကန္ဒၚလာ ၈၀၃၆ ဒသမ ၅၉၂ သန္း ျဖစ္ေပၚခဲ့ကာ အဆိုပါပမာဏတြင္ ပို႔ကုန္ ကန္ေဒၚလာ ၅၆၉၆ ဒသမ ၁၁၈ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၂၃၄၀ ဒသမ ၄၇၄ သန္းရွိကာ ကိုးလတာ ကာလအတြင္း ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၃၃၅၅ ဒသမ ၆၄၄ သန္း ျဖစ္ေပၚခဲ့ပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ - ၂၀