ဌာနေတိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရဖို့ ဆက်လက် တောင်းဆိုမည်ဟု ဟူးကောင်းချိုင့်ဝှမ်းဒေသခံများဆို

ဌာနေတိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရဖို့ ဆက်လက် တောင်းဆိုမည်ဟု ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများဆို

ရသင့်ရထိုက်တဲ့ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုရဖို့ဆက်လက်ရပ်တည်တောင်းဆိုသွားမယ်လို့ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသခံများက တောင်းဆိုလိုက်ပါတယ်။

သြဂုတ် ၂၀ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့တဲ့ ဟူးကောင်းချိုင့်ဝှမ်းသမိုင်းနဲ့ ဌာနေတိုင်းရင်းသားတွေ ပယင်းမှော်တွေက နောက်ကြောင်းသမိုင်းကိုဖော်ပြထားသည့် “သွေးစွန်း သော ပယင်း”လို့အမည်ပေးထားတဲ့ အစီရင်ခံစာမိတ်ဆက်ပွဲမှာ ဟူးကောင်းချိုင့်ဝှမ်း ဒေသခံဌာနေ တိုင်းရင်းသားတွေ က ယခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ဖက်ဒရယ်ဖြစ်လာဖို့ကအရေးကြီးတယ်။ဒါမှမဟုတ်ရင်ပြဿနာတွေကိုရှင်းဖို့မလွယ်ဘူး။ဒါကြောင့်မို့ရှေ့ဆက်ပြီးတော့မှကျနော်တို့ရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတွေ ကျနော်တို့ရဲ့ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ဖို့အတွက် ကျနော်တို့ကလိုအပ်သလောက် ပါဝင်ကူညီသွားမယ်။
ဒေသခံ လူထုနဲ့လက်တွဲပြီးရသင့်ရထိုက်တဲ့ဌာနေ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးတွေကိုရဖို့အတွက် ဆက်လက် ရပ်တည်တောင်းဆို သွား မယ်။ ရှေ့ဆက်ကူညီ သွား မယ်။ ပြည်တွင်းရော၊ပြည်ထောင်စုအတွင်းကရော ပြည်နယ်အစိုးရရော CSO တွေရောနိုင်ငံတကာအဖွဲ့အစည်း တွေရော အားလုံးကတိုက်တိုက်တွန်းတွန်းနဲ့လုပ်သင့် တဲ့ဟာတွေကိုရှေ့ဆက်လုပ်သွား မယ်ဆိုတဲ့ ဟာကို ကျနော် တို့ ရည်မှန်းထားပါတယ်။”လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့(KDNG)မှ ကိုစာဂျီ ကပြောပါတယ်။

ဒါ့အပြင်ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့နှင့်ဒေသခံများမှဒီကနေ့ထုတ်ပြန်လိုက်သည့်“သွေးစွန်းသောပယင်း” အမည်ရှိ အစီရင်ခံစာတွင် ပြည်ထောင်စုအစိုးရနှင့်ကချင်ပြည်နယ်အစိုးရတို့က တနိုင်းမြို့မှာရှိတဲ့ပြည်သူတွေ နေရပ်ကို အမြန်ဆုံးပြန်နိုင်ရေးကိုဆောင်ရွက်ပေးရန်၊IDP စခန်းများတွင်ရှိနေကြသည့်ဌာနေတိုင်းရင်းသားများ အတွက်အစိုးရဘက်ကနေလူသားချင်းစာနာဖို့နဲ့ ထောက်ပံံမှုတွေပေးဖို့ အပါအဝင် ကချင် တိုင်းရင်းသားဒေသ တွေမှာ ထိုးစစ်ဆင်တာတွေကိုရပ်ပေးဖို့အကြံပြုတောင်းဆိုထား ပါတယ်။

“ဒီအစီရင်ခံစာစာအုပ်ကိုရေးသားရတာက ဟူးကောင်းချိုင့်ဝှမ်းရဲ့သမိုင်းနဲ့ဟူးကောင်းချိုင့်ဝှမ်းရဲ့ ဌာနေတိုင်းရင်း သား တွေ ပယင်းမှော်တွေ ကနောက်ကြောင်း သမိုင်းကိုတင်ပြဖို့ဖြစ်ပါတယ်။”လို့ ကိုစာဂျီ ကဆက်လက်ပြောပြခဲ့ပါတယ်။ ဒီကနေ့ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက် အဖွဲ့နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသခံများပူးပေါင်း ပြုလုပ်ခဲ့တဲ့ “သွေးစွန်းသော ပယင်း” အစီရင်ခံစာ မိတ်ဆက်ပွဲတွင် KDNG အဖွဲ့မှ ကိုစာဂျီ၊ကိုဇော်မိုင်နှင့် ဒေသခံများဖြစ်ကြသည့် ကို ဆိုင်းအောင်၊ဒေါ်လုဆိုင်း တို့က ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများ အကြောင်းနှင့် အစီခံစာ ပါ အကြံပြုချက်၊တောင်းဆိုချက်တွေကို အဓိကထားရှင်းလင်းပြောကြား ခဲ့တာပဲဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၂၀

(  Zawgyi  )

 ရသင့္ရထိုက္တဲ့ဌာေနတိုင္းရင္းသားေတြရဲ႕အခြင့္အေရးေတြကိုရဖို႔ဆက္လက္ရပ္တည္ေတာင္းဆိုသြားမယ္လို႔ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္အဖြဲ႕ႏွင့္ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသခံမ်ားက ေတာင္းဆိုလိုက္ပါတယ္။

ၾသဂုတ္ ၂၀ ရက္၊နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ Orchid Hotel တြင္ ျပဳလုပ္ခဲ့တဲ့ ဟူးေကာင္းခ်ိဳင့္ဝွမ္းသမိုင္းနဲ႔ ဌာေနတိုင္းရင္းသားေတြ ပယင္းေမွာ္ေတြက ေနာက္ေၾကာင္းသမိုင္းကိုေဖာ္ျပထားသည့္ “ေသြးစြန္း ေသာ ပယင္း”လို႔အမည္ေပးထားတဲ့ အစီရင္ခံစာမိတ္ဆက္ပြဲမွာ ဟူးေကာင္းခ်ိဳင့္ဝွမ္း ေဒသခံဌာေန တိုင္းရင္းသားေတြ က ယခုလိုေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

“ဖက္ဒရယ္ျဖစ္လာဖို႔ကအေရးႀကီးတယ္။ဒါမွမဟုတ္ရင္ျပႆနာေတြကိုရွင္းဖို႔မလြယ္ဘူး။ဒါေၾကာင့္မို႔ေရွ႕ဆက္ၿပီးေတာ့မွက်ေနာ္တို႔ရဲ႕ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းေရးေတြ က်ေနာ္တို႔ရဲ႕ေခတ္မီဖြံ႕ၿဖိဳးတဲ့ႏိုင္ငံျဖစ္ဖို႔အတြက္ က်ေနာ္တို႔ကလိုအပ္သေလာက္ ပါဝင္ကူညီသြားမယ္။
ေဒသခံ လူထုနဲ႔လက္တြဲၿပီးရသင့္ရထိုက္တဲ့ဌာေန တိုင္းရင္း သားေတြရဲ႕ အခြင့္အေရးေတြကိုရဖို႔အတြက္ ဆက္လက္ ရပ္တည္ေတာင္းဆို သြား မယ္။ ေရွ႕ဆက္ကူညီ သြား မယ္။ ျပည္တြင္းေရာ၊ျပည္ေထာင္စုအတြင္းကေရာ ျပည္နယ္အစိုးရေရာ CSO ေတြေရာႏိုင္ငံတကာအဖြဲ႕အစည္း ေတြေရာ အားလုံးကတိုက္တိုက္တြန္းတြန္းနဲ႔လုပ္သင့္ တဲ့ဟာေတြကိုေရွ႕ဆက္လုပ္သြား မယ္ဆိုတဲ့ ဟာကို က်ေနာ္ တို႔ ရည္မွန္းထားပါတယ္။”လို႔ ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္အဖြဲ႕(KDNG)မွ ကိုစာဂ်ီ ကေျပာပါတယ္။

ဒါ့အျပင္ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္အဖြဲ႕ႏွင့္ေဒသခံမ်ားမွဒီကေန႔ထုတ္ျပန္လိုက္သည့္“ေသြးစြန္းေသာပယင္း” အမည္ရွိ အစီရင္ခံစာတြင္ ျပည္ေထာင္စုအစိုးရႏွင့္ကခ်င္ျပည္နယ္အစိုးရတို႔က တႏိုင္းၿမိဳ႕မွာရွိတဲ့ျပည္သူေတြ ေနရပ္ကို အျမန္ဆုံးျပန္ႏိုင္ေရးကိုေဆာင္႐ြက္ေပးရန္၊IDP စခန္းမ်ားတြင္ရွိေနၾကသည့္ဌာေနတိုင္းရင္းသားမ်ား အတြက္အစိုးရဘက္ကေနလူသားခ်င္းစာနာဖို႔နဲ႔ ေထာက္ပံံမႈေတြေပးဖို႔ အပါအဝင္ ကခ်င္ တိုင္းရင္းသားေဒသ ေတြမွာ ထိုးစစ္ဆင္တာေတြကိုရပ္ေပးဖို႔အႀကံျပဳေတာင္းဆိုထား ပါတယ္။

“ဒီအစီရင္ခံစာစာအုပ္ကိုေရးသားရတာက ဟူးေကာင္းခ်ိဳင့္ဝွမ္းရဲ႕သမိုင္းနဲ႔ဟူးေကာင္းခ်ိဳင့္ဝွမ္းရဲ႕ ဌာေနတိုင္းရင္း သား ေတြ ပယင္းေမွာ္ေတြ ကေနာက္ေၾကာင္း သမိုင္းကိုတင္ျပဖို႔ျဖစ္ပါတယ္။”လို႔ ကိုစာဂ်ီ ကဆက္လက္ေျပာျပခဲ့ပါတယ္။ ဒီကေန႔ကခ်င္လူမႈဖြံ႕ၿဖိဳးေရး ကြန္ရက္ အဖြဲ႕ႏွင့္ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသခံမ်ားပူးေပါင္း ျပဳလုပ္ခဲ့တဲ့ “ေသြးစြန္းေသာ ပယင္း” အစီရင္ခံစာ မိတ္ဆက္ပြဲတြင္ KDNG အဖြဲ႕မွ ကိုစာဂ်ီ၊ကိုေဇာ္မိုင္ႏွင့္ ေဒသခံမ်ားျဖစ္ၾကသည့္ ကို ဆိုင္းေအာင္၊ေဒၚလုဆိုင္း တို႔က ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသအတြင္းရွိ ဌာေနတိုင္းရင္းသားမ်ား အေၾကာင္းႏွင့္ အစီခံစာ ပါ အႀကံျပဳခ်က္၊ေတာင္းဆိုခ်က္ေတြကို အဓိကထားရွင္းလင္းေျပာၾကား ခဲ့တာပဲျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၂၀