ဌာနေတိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်များ ပိုင်ဆိုင်မှုအခွင့်အရေးအပေါ် ဖိနှိပ်မှုပိုများလာဟု ဆို

ဌာနေတိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်များ ပိုင်ဆိုင်မှုအခွင့်အရေးအပေါ် ဖိနှိပ်မှုပိုများလာဟု ဆို

အစိုးရရဲ့ မြေနဲ့ပတ်သက်တဲ့ယန္တရားတွေဟာ ကယားပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတွေရဲ့ မြေနဲ့ အရင်းအမြစ် ပိုင်ဆိုင်မှု အခွင့်အရေးတွေ အပေါ် ဖိနှိပ်မှု ပိုမိုများပြားလာတာ တွေ့ရတယ်လို့ “ဖက်ဒရယ် မြေအုပ်ချုပ်စီမံမှုဆီသို့ အလှမ်းဝေးနေသေးသည့် နိုင်ငံ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု”အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာမှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်မြေလပ်မြေရိုင်းကဲ့သို့သော ဥပဒေတွေ ကြောင့် ဌာန တိုင်းရင်းသားတွေရဲ့ မြေနှင့် အရင်းအမြစ်တွေကို သိမ်းပိုက်ရန်၊ လက်ဦးမှုရယူရန် ချဉ်းကပ် လုပ်ဆောင်မှုတွေ ပိုမိုများလာတယ်လို့ စာမျက်နှာ ၄၅ မျက်နှာ ပါတဲ့ အဲ့ဒီအစီခံစာထဲမှာ ထည့်သွင်း ဖော်ပြ ထားတာဖြစ်ပါတယ်။

 “ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ ရည်ရွယ်ချက်ရှိပါတယ်။ ရည်ရွယ်ချက် ၃ ခုမှာ ပထမတစ်ခုကတော့ ကျွန်တော်တို့ အခုလက်ရှိနိုင်ငံမှာ မြေယာအခင်းအကျင်းက အဓိက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကဏ္ဍမှာ အဓိက မဖြစ်မနေ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ် တယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေက အစိုးရအဆက်ဆက်မှာလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ချဉ်းကပ်နေတယ်ပြောပေမယ့် လုံးဝဆန့်ကျင်နေတဲ့ အခြေအနေဖြစ်တယ်ဆိုတာ အဓိက ဖော်ထုတ်ချင်လို့ဖြစ်တယ်”လို့ အစီရင်ခံစာကို ထုတ်ဝေခဲ့တဲ့ ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှား ဆောင်ရွက်မှုကွန်ယက်မှ ညှိနှိုင်းရေးမှူး စောအယ်စေးက ပြောပါတယ်။

အဲ့ဒီအစီရင်ခံစာကို ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုကွန်ယက်က ရေးသား ထုတ်ဝေခဲ့ တာဖြစ်ပြီး ဒီကနေ့ သြဂုတ်လ ၂ဝ ရက်၊ ရန်ကုန်မြို့၊ အောခစ်ဟိုတယ်မှာ အစီရင်ခံစာ မိတ်ဆက်ခြင်းနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာအတွင်းမှာတော့ ကယားပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့မြေစီမံခန့်ခွဲမှုနဲ့ ခြိမ်းခြောက် ခံနေရမှုတွေ အကြောင်း၊ လယ်ယာမြေမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှာ တွေ့ရှိချက်များ၊ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ မြေလွတ်မြေရိုင်း ဥပဒေကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်နေ တဲ့ မြေသိမ်းခြင်းတွေကြောင့် နောက်ဆက်တွဲ ရင်ဆိုင်နေရမှုတွေကို အကျယ်တဝင့် ဖော်ပြထားတာ တွေ့ရပါ တယ်။

“ ကျွန်တော်တို့ ဒေသမှာရှိတဲ့ ဓလေ့ထုံတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို အသိအမှတ်မပြုဘူး၊ မလိုက်နာ၊ မလေးစားဘူး။ ကျွန်တော်တို့ကို ဒီလိုပဲ ဥပေက္ခာပြုထားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်နေတဲ့ ဒီ ဖက်ဒရယ် ဆိုတာက လုံးဝ ဖြစ်လာဖို့ကတော့ ဒီစာအုပ်မှာပါတဲ့ ခေါင်းစဉ်လိုပဲ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်က လုံးဝမရနိုင်ပါဘူး”လို့ ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှား ဆောင်ရွက်မှုကွန်ယက်မှ မြေယာကဏ္ဍအစီအစဉ်၏ ညှိနှိုင်းရေးမှူးဖြစ်သူ စောဖိုးဆွိက ပြောပါတယ်။

ဒီကနေ့ သြဂုတ်လ ၂ဝ ရက်နေ့မှာ အခုလို အစီရင်ခံစာ မိတ်ဆက်ခြင်းပြုလုပ်ခဲ့တဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ဌာနေတိုင်းရင်းသားများ ရင်ဆိုင်နေရတဲ့ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဦးစားပေးဖြေရှင်းပေးရန်၊ ဌာနေ တိုင်းရင်းသားတွေရဲ့ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြု လေးစားလိုက်နာရန်နဲ့ အကာ အကွယ်ပေး အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရကို တိုက်တွန်းအကြံပြုထားတဲ့ အချက် ၆ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၂ဝ

( Zawgyi  )

 အစိုးရရဲ႕ ေျမနဲ႔ပတ္သက္တဲ့ယႏၲရားေတြဟာ ကယားျပည္နယ္အတြင္းရွိ ဌာေနတိုင္းရင္းသားေတြရဲ႕ ေျမနဲ႔ အရင္းအျမစ္ ပိုင္ဆိုင္မႈ အခြင့္အေရးေတြ အေပၚ ဖိႏွိပ္မႈ ပိုမိုမ်ားျပားလာတာ ေတြ႕ရတယ္လို႔ “ဖက္ဒရယ္ ေျမအုပ္ခ်ဳပ္စီမံမႈဆီသို႔ အလွမ္းေဝးေနေသးသည့္ ႏိုင္ငံ၏ ေျမယာက႑ ျပဳျပင္ေျပာင္းလဲမႈ”အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

 ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္၊ စက္တင္ဘာမွာ ျပင္ဆင္ျပ႒ာန္းလိုက္တဲ့ ေျမလြတ္ေျမလပ္ေျမ႐ိုင္းကဲ့သို႔ေသာ ဥပေဒေတြ ေၾကာင့္ ဌာန တိုင္းရင္းသားေတြရဲ႕ ေျမႏွင့္ အရင္းအျမစ္ေတြကို သိမ္းပိုက္ရန္၊ လက္ဦးမႈရယူရန္ ခ်ဥ္းကပ္ လုပ္ေဆာင္မႈေတြ ပိုမိုမ်ားလာတယ္လို႔ စာမ်က္ႏွာ ၄၅ မ်က္ႏွာ ပါတဲ့ အဲ့ဒီအစီခံစာထဲမွာ ထည့္သြင္း ေဖာ္ျပ ထားတာျဖစ္ပါတယ္။

 “ ဒီအစီရင္ခံစာနဲ႔ပတ္သက္ၿပီးေတာ့ ရည္႐ြယ္ခ်က္ရွိပါတယ္။ ရည္႐ြယ္ခ်က္ ၃ ခုမွာ ပထမတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ အခုလက္ရွိႏိုင္ငံမွာ ေျမယာအခင္းအက်င္းက အဓိက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ စစ္မွန္တဲ့ ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး က႑မွာ အဓိက မျဖစ္မေန အေရးႀကီးတဲ့ က႑တစ္ခုျဖစ္ တယ္။ ဒါေပမယ့္ ေျပာင္းလဲမႈေတြက အစိုးရအဆက္ဆက္မွာလုပ္ခဲ့တယ္။ ဒါေပမယ့္ ဒီေျပာင္းလဲမႈေတြက ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြ ေမွ်ာ္မွန္းတဲ့ စစ္မွန္တဲ့ ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စုကို ခ်ဥ္းကပ္ေနတယ္ေျပာေပမယ့္ လုံးဝဆန႔္က်င္ေနတဲ့ အေျခအေနျဖစ္တယ္ဆိုတာ အဓိက ေဖာ္ထုတ္ခ်င္လို႔ျဖစ္တယ္”လို႔ အစီရင္ခံစာကို ထုတ္ေဝခဲ့တဲ့ ကယားျပည္ လူ႔အခြင့္အေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အခြင့္အေရးလႈပ္ရွား ေဆာင္႐ြက္မႈကြန္ယက္မွ ညႇိႏႈိင္းေရးမႉး ေစာအယ္ေစးက ေျပာပါတယ္။

အဲ့ဒီအစီရင္ခံစာကို ကယားျပည္ လူ႔အခြင့္အေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအခြင့္အေရး လႈပ္ရွား ေဆာင္႐ြက္မႈကြန္ယက္က ေရးသား ထုတ္ေဝခဲ့ တာျဖစ္ၿပီး ဒီကေန႔ ၾသဂုတ္လ ၂ဝ ရက္၊ ရန္ကုန္ၿမိဳ႕၊ ေအာခစ္ဟိုတယ္မွာ အစီရင္ခံစာ မိတ္ဆက္ျခင္းနဲ႔ သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ ခဲ့တာျဖစ္ပါတယ္။ အစီရင္ခံစာအတြင္းမွာေတာ့ ကယားျပည္နယ္အတြင္းရွိ ဌာေနတိုင္းရင္းသားေတြရဲ႕ ႐ိုးရာဓေလ့ေျမစီမံခန႔္ခြဲမႈနဲ႔ ၿခိမ္းေျခာက္ ခံေနရမႈေတြ အေၾကာင္း၊ လယ္ယာေျမမွတ္ပုံတင္ျခင္းလုပ္ငန္းစဥ္မွာ ေတြ႕ရွိခ်က္မ်ား၊ ေဒသခံ ဌာေနတိုင္းရင္းသားေတြရဲ႕ ေျမလြတ္ေျမ႐ိုင္း ဥပေဒေၾကာင့္ ရင္ဆိုင္ေနရတဲ့ အခက္အခဲမ်ား၊ လက္ရွိျဖစ္ေပၚေန တဲ့ ေျမသိမ္းျခင္းေတြေၾကာင့္ ေနာက္ဆက္တြဲ ရင္ဆိုင္ေနရမႈေတြကို အက်ယ္တဝင့္ ေဖာ္ျပထားတာ ေတြ႕ရပါ တယ္။

“ ကြၽန္ေတာ္တို႔ ေဒသမွာရွိတဲ့ ဓေလ့ထုံတမ္းေတြ၊ ႐ိုးရာယဥ္ေက်းမႈေတြကို အသိအမွတ္မျပဳဘူး၊ မလိုက္နာ၊ မေလးစားဘူး။ ကြၽန္ေတာ္တို႔ကို ဒီလိုပဲ ဥေပကၡာျပဳထားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ လိုခ်င္ေနတဲ့ ဒီ ဖက္ဒရယ္ ဆိုတာက လုံးဝ ျဖစ္လာဖို႔ကေတာ့ ဒီစာအုပ္မွာပါတဲ့ ေခါင္းစဥ္လိုပဲ အလွမ္းေဝးေနဦးမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းေနတဲ့ ဖက္ဒရယ္က လုံးဝမရႏိုင္ပါဘူး”လို႔ ကယားျပည္ လူ႔အခြင့္အေရးႏွင့္ သဘာဝ ပတ္ဝန္း က်င္ဆိုင္ရာ အခြင့္အေရးလႈပ္ရွား ေဆာင္႐ြက္မႈကြန္ယက္မွ ေျမယာက႑အစီအစဥ္၏ ညႇိႏႈိင္းေရးမႉးျဖစ္သူ ေစာဖိုးဆြိက ေျပာပါတယ္။

ဒီကေန႔ ၾသဂုတ္လ ၂ဝ ရက္ေန႔မွာ အခုလို အစီရင္ခံစာ မိတ္ဆက္ျခင္းျပဳလုပ္ခဲ့တဲ့အျပင္ စစ္မွန္တဲ့ ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ရာမွာ ဌာေနတိုင္းရင္းသားမ်ား ရင္ဆိုင္ေနရတဲ့ ေျမနဲ႔ အရင္းအျမစ္ဆိုင္ရာ အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြကို ဦးစားေပးေျဖရွင္းေပးရန္၊ ဌာေန တိုင္းရင္းသားေတြရဲ႕ ေျမနဲ႔ အရင္းအျမစ္ဆိုင္ရာ အခြင့္အေရးမ်ားကို အသိအမွတ္ျပဳ ေလးစားလိုက္နာရန္နဲ႔ အကာ အကြယ္ေပး အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ အစိုးရကို တိုက္တြန္းအႀကံျပဳထားတဲ့ အခ်က္ ၆ ခ်က္ပါ ထုတ္ျပန္ခ်က္တစ္ေစာင္ကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၂ဝ