တစ်နိုင်ငံလုံးစာဖတ်ရှိန်မြင့်တင်ရေး အတွက်စာတတ်သူ တိုင်းစာဖတ်ရေးလှုပ် ရှားမှုများဆောင်ရွ က်သွားမည်

 တစ်နိုင်ငံလုံးစာဖတ်ရှိန် မြင့်တင်ရေး အတွက် စာတတ်သူတိုင်း စာဖတ်ရေးလှု ပ်ရှားမှုများဆောင်ရွက်သွားမည်

တစ်နိုင်ငံလုံးစာဖတ်ရှိန်မြင့်တင်ရေးအတွက်စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုများဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်းက ပြောကြားခဲ့ပါတယ်။“စာတတ်သူတိုင်းစာဖတ်ရေး ဆိုတဲ့လှုပ်ရှားမှုနဲ့ပတ်သက်လို့စီစဉ်ထားရှိမှုကိုရှင်းလင်းတင်ပြခြင်းဖြစ်ပါ တယ်။အားလုံးသိပြီးဖြစ်တဲ့အတိုင်းပြည်သူတိုင်းစာပေဖတ်ရှု့လေ့လာတဲ့အလေအထ ပိုမိုကျယ်ပြန့်တိုး တက် လာဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကလေးစာပေပွဲတော်တွေ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွေ၊စာအုပ်ဈေးရောင်းပွဲတော်တွေကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။အခုနေပြည်တော်မှာစာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားကိုMICC-2 မှာဒီဇင် ဘာ လ(၂၀နဲ့၂၁ )ရက်နေ့မှာကျင်းပပြုလုပ်ဖို့စီစဉ်ထားပါတယ်။ဒီအခမ်း အနားကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့မြန်မာတစ်ဝန်းလုံးမှာစာတတ်မြောက်တဲ့သူတိုင်းစာတွေဖတ်ရှုတဲ့အလေ့အထကောင်းများပိုမို တိုးတက်လာဖို့အတွက်အားပေးလှုံ့ဆော်ဖို့ဖြစ်ပါတယ်။

ဒီလိုလှုပ်ရှားမှုကိုလည်းနိုင်ငံအနှံ့မှာဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့စည်းရုံးလှုံ့ဆော်ဖို့အတွက်ရည်ရွယ်ပါတယ်” လို့ ပြန်ကြားရေးဒုဝန်ကြီးဦးအောင်လှထွန်းကပြောပါတယ်။ယင်းလှုပ်ရှားမှုအခမ်းအနားအားပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနများအပြင်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊မြန်မာနိုင်ငံစာကြည့်တိုက်များအသင်း၊မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊(MPAPF)၊ရှန်းတီဘောလန်းတီယာအဆိုဆေးရှင်းတို့နဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး

လှုပ်ရှားမှုပွဲတော်မှာမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိစာကြည့်တိုက်များအနက်ဆန်းသစ်တီထွင်မှုအကောင်းဆုံးစာကြည့်တိုက်(၂၀)ကိုဆုများချီးမြင့်ပေးသွားဖို့အစီအစဉ်ရှိပါကြောင်း၊ပြည်သူတွေစာဖတ်ရှိန်မြင့်တင်ရေးနှင့်ကျောင်းစာကြည့်တိုက်လုပ်ငန်းဆို င်ရာဆွေးနွေးပွဲ(၅)ခု၊စာတမ်းဖတ်ပွဲတွင်စာတမ်း(၃)စောင်ဖတ်ကြားဆွေးနွေ းခြင်းနှင့်စုစုပေါင်းပြခန်းပေါင်း(၂၆)ခန်းလျာထားကြောင်းဒု-ဝန်ကြီးမှပြောကြားခဲ့ပါတယ်၊ယနေ့မွန်းလွဲ(၁)နာရီအချိန်နေပြည်တော်၊ ပြန်ကြားရေးဝန်ြ ကီးဌာနတွင်ကျင်းပပြုလုပ်သည့်စာတတ် မြောက်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုအစီအင်စဉ်နှင့်ပတ်သက်၍သတင်းမီဒီယာများအားတွေ့ဆုံရှင်းလင်း ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ဒီဇင်ဘာ-၁၅ 

(  Zawgyi  )






PTG
နေပြည်တော်၊ဒီဇင်ဘာ-၁၅