တစ်နိုင်ငံလုံး အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူပေါင်း ၂၄၀၀၀ကျော် လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး

တစ်နိုင်ငံလုံး အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူပေါင်း ၂၄၀၀၀ကျော် လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး

မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အဖြစ် မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် အသီးသီးက အကျဉ်းသား၊ အကျဉ်းသူပေါင်း ၂၄၈၉၆ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတမှ ဒီကနေ့(ဧပြီ ၁၇ရက်) မနက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်မှာ သေဒဏ်ကျခံ သူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက် မရှိ)သို့ လည်းကောင်း၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက် ကျခံနေသူ များကို နှစ် ၄၀ သို့ လည်းကောင်း၊ နှစ် ၄၀ အထက် ကျခံနေသူများကို နှစ် ၄၀ သို့ လျှော့ပေါ့၍ လည်းကောင်း၊ နှစ် ၄၀ အောက်ကျခံသူများကို ၎င်းတို့ကျခံ နေသော ပြစ်ဒဏ်၏ လေးပုံတစ်ပုံကို လည်းကောင်း အသီးသီးလျှော့ချပေးလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလို လျှော့ပေါ့တာတွေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွင် ယခင် က ထုတ်ပြန်ခဲ့ဖူးသော ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့် များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ လျှော့ချပြီး သူများ ယခု နှစ် ၄၀ သို့ လျှော့ပေါ့မှုမှာ ပါဝင်တာမျိုးမရှိဘူးလို့ သိရပါတယ်။ထိုပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ ပြည်တွင်းက အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ကျခံနေတဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၈၇ ဦးပါဝင်ပြီး ၎င်းတို့ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြည်နှင်ဒဏ်ပေးလိုက် တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ဧပြီ ၁၇

(  Zawgyi  )

 ျမန္မာ့ႏွစ္သစ္ကူးအခါသမယ အထိမ္းအမွတ္အျဖစ္ ျမန္မာ တစ္ႏိုင္ငံလုံးမွာ ရွိတဲ့ အက်ဥ္းေထာင္ အသီးသီးက အက်ဥ္းသား၊ အက်ဥ္းသူေပါင္း ၂၄၈၉၆ ဦးတို႔ကို ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးလိုက္တယ္လို႔ ႏိုင္ငံေတာ္သမၼတမွ ဒီကေန႔(ဧၿပီ ၁၇ရက္) မနက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ ေသဒဏ္က်ခံ သူမ်ားကို ေထာင္ဒဏ္တစ္သက္ (လြတ္ရက္ မရွိ)သို႔ လည္းေကာင္း၊ ႏွစ္အကန႔္အသတ္မရွိႏွင့္ ေထာင္ဒဏ္ တစ္သက္ က်ခံေနသူ မ်ားကို ႏွစ္ ၄၀ သို႔ လည္းေကာင္း၊ ႏွစ္ ၄၀ အထက္ က်ခံေနသူမ်ားကို ႏွစ္ ၄၀ သို႔ ေလွ်ာ့ေပါ့၍ လည္းေကာင္း၊ ႏွစ္ ၄၀ ေအာက္က်ခံသူမ်ားကို ၎တို႔က်ခံ ေနေသာ ျပစ္ဒဏ္၏ ေလးပုံတစ္ပုံကို လည္းေကာင္း အသီးသီးေလွ်ာ့ခ်ေပးလိုက္တယ္လို႔ သိရပါတယ္။

အဲ့ဒီလို ေလွ်ာ့ေပါ့တာေတြနဲ႔ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္တြင္ ယခင္ က ထုတ္ျပန္ခဲ့ဖူးေသာ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန႔္ မ်ားအရ ေသဒဏ္မွ ေထာင္ဒဏ္တစ္သက္သို႔ ေလွ်ာ့ခ်ၿပီး သူမ်ား ယခု ႏွစ္ ၄၀ သို႔ ေလွ်ာ့ေပါ့မႈမွာ ပါဝင္တာမ်ိဳးမရွိဘူးလို႔ သိရပါတယ္။ထိုျပစ္ဒဏ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြထဲမွာ ျပည္တြင္းက အက်ဥ္းေထာင္၊ အက်ဥ္းစခန္းအသီးသီးမွာ က်ခံေနတဲ့ ႏိုင္ငံျခားသား အက်ဥ္းသား/သူ ၈၇ ဦးပါဝင္ၿပီး ၎တို႔ကို စည္းကမ္းသတ္မွတ္ခ်က္ မထားဘဲ ျပည္ႏွင္ဒဏ္ေပးလိုက္ တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ဧၿပီ ၁၇