တတိယအကြိမ်မြောက် အသေးစားစက်မှုလက်မှုပြပွဲတွင် မြန်မာ့ရိုးရာပန်း ၁၀ မျိုးပြပွဲပါဝင်မည်

တတိယအကြိမ်မြောက် အသေးစားစက်မှုလက်မှုပြပွဲတွင် မြန်မာ့ရိုးရာပန်း ၁၀ မျိုးပြပွဲပါဝင်မည်

 မန္တလေးမှာကျင်းပမယ့် တတိယအကြိမ်မြောက် အသေးစားစက်မှုလက်မှုပြပွဲမှာ မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်း ပြပွဲပါထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးဦးအောင်သင်းက Opinion Leaders Media ကိုပြောပါတယ်။

"ကွယ်ပျောက်နေတဲ့ မြန်မာ့ရိုးရာပန်း ၁၀ မျိုးကို ပြန်လည်ဖော်ထုတ်ပေးတာပါ၊ အသေးစား စက်မှုလက်မှုပြပွဲလုပ်တာကတော့ ဒီနှစ်ဆို တတိယအကြိမ်ပါ၊ ဒီတတိယအကြိမ်မှာ မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲပါ ထည့်သွင်းကျင်းပဖို့စီစဉ်လိုက်တာ ပါ" လို့ ၎င်းကဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူးပြီး တတိယ အကြိမ်မြောက် အသေးစားစက်မှုလက်မှုနဲ့ မြန်မာ့ရိုး ရာပန်းဆယ်မျိုး လက်မှုအနုပညာထုတ် ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲဆိုပြီး လာမယ့်ဒီဇင်ဘာ ၂၂ ရက် မှ ၂၄ ရက်အထိ ၃ ရက်ကျင်းပ သွားမှာပါ။

၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အသေးစားစက်မှုလက်မှုပြပွဲဆိုတာ အထူးသဖြင့် မှတ်ပုံတင် ထားတဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် တွေအတွက် အရောင်းမြှင့်တင်ပေး တဲ့ပွဲတော် တစ်ခုဖြစ်ပြီး ပြပွဲလာကြည့်ကြမယ့် အသေးစားလုပ်ငန်းရှင်တွေအတွက် အထောက်အကူပြု ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဦးအောင်သင်းကပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့အသေးစားစက်မှု လက်မှု လုပ်ငန်း ရှင်တွေကို အရောင်းမြှင့်တင်ပေးတာပါ၊ နောက်တစ်ချက်ကတော့ ကွယ်ပျောက်နေတဲ့ မြန်မာ့ ရိုးရာပန်းဆယ်မျိုးကို ပြန်လည်ဖော်ထုတ်ပေးတာပါ နောက်ပြီးတော့ ကျွန်တော်တို့ပြပွဲ ဆီကို လာကြည့်ကြမယ့် အသေးစားလုပ်ငန်းရှင်တွေအတွက် အထောက်အကူပြုဖို့ လုပ်ငန်းရှင်တွေနဲ့ မြန်မာ့ရိုးရာပန်းဆယ်မျိုးအကြောင်း ပြည်သူက သိရှိအောင် ဒါ ပြပွဲကျင်းပရတဲ့ရည်ရွယ်ချက်တွေပါ" လို့ ၎င်းကဆိုပါတယ်။

ပြပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးပရိုမိုရှင်းဧရိယာမှာ ပန်း ၁၀ မျိုး လက်မှု အနုပညာပြခန်းက အခန်းပေါင်း ၆၀၊ စားသောက်ကုန်ပြခန်း ၂၇ ခန်း၊ လူသုံးကုန်နှင့်အလှကုန်ပြခန်း ၁၆ ခန်း၊ အထွေထွေစက်မှုလက်မှုလုပ်ငန်းပြခန်း ၁၇ ခန်း စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၂၀ နဲ့ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး ဒီဇင်ဘာ ၁၂ 

(  Zawgyi  )  မႏၲေလးမွာက်င္းပမယ့္ တတိယအႀကိမ္ေျမာက္ အေသးစားစက္မႈလက္မႈျပပြဲမွာ ျမန္မာ့႐ိုးရာပန္း ၁၀ မ်ိဳး လက္မႈအႏုပညာထုတ္ကုန္ပစၥည္း ျပပြဲပါထည့္သြင္းက်င္းပသြားမွာျဖစ္တယ္လို႔ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန မႏၲေလးတိုင္းေဒသႀကီးဦးစီးမႉးဦးေအာင္သင္းက Opinion Leaders Media ကိုေျပာပါတယ္။

"ကြယ္ေပ်ာက္ေနတဲ့ ျမန္မာ့႐ိုးရာပန္း ၁၀ မ်ိဳးကို ျပန္လည္ေဖာ္ထုတ္ေပးတာပါ၊ အေသးစား စက္မႈလက္မႈျပပြဲလုပ္တာကေတာ့ ဒီႏွစ္ဆို တတိယအႀကိမ္ပါ၊ ဒီတတိယအႀကိမ္မွာ ျမန္မာ့႐ိုးရာပန္း ၁၀ မ်ိဳး လက္မႈအႏုပညာထုတ္ကုန္ပစၥည္းျပပြဲပါ ထည့္သြင္းက်င္းပဖို႔စီစဥ္လိုက္တာ ပါ" လို႔ ၎ကဆိုပါတယ္။

မႏၲေလးတိုင္းေဒသႀကီး အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွႀကီးမႉးၿပီး တတိယ အႀကိမ္ေျမာက္ အေသးစားစက္မႈလက္မႈနဲ႔ ျမန္မာ့႐ိုး ရာပန္းဆယ္မ်ိဳး လက္မႈအႏုပညာထုတ္ ကုန္ပစၥည္းျပပြဲႏွင့္ ေဈးေရာင္းပြဲဆိုၿပီး လာမယ့္ဒီဇင္ဘာ ၂၂ ရက္ မွ ၂၄ ရက္အထိ ၃ ရက္က်င္းပ သြားမွာပါ။

၂၀၁၆ ခုႏွစ္က စတင္က်င္းပခဲ့တဲ့ အေသးစားစက္မႈလက္မႈျပပြဲဆိုတာ အထူးသျဖင့္ မွတ္ပုံတင္ ထားတဲ့အေသးစားစက္မႈလက္မႈလုပ္ငန္းရွင္ ေတြအတြက္ အေရာင္းျမႇင့္တင္ေပး တဲ့ပြဲေတာ္ တစ္ခုျဖစ္ၿပီး ျပပြဲလာၾကည့္ၾကမယ့္ အေသးစားလုပ္ငန္းရွင္ေတြအတြက္ အေထာက္အကူျပဳ ဖို႔ ရည္႐ြယ္တာျဖစ္တယ္လို႔လည္း ဦးေအာင္သင္းကေျပာပါတယ္။

"ရည္႐ြယ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ဆီမွာ မွတ္ပုံတင္ထားတဲ့အေသးစားစက္မႈ လက္မႈ လုပ္ငန္း ရွင္ေတြကို အေရာင္းျမႇင့္တင္ေပးတာပါ၊ ေနာက္တစ္ခ်က္ကေတာ့ ကြယ္ေပ်ာက္ေနတဲ့ ျမန္မာ့ ႐ိုးရာပန္းဆယ္မ်ိဳးကို ျပန္လည္ေဖာ္ထုတ္ေပးတာပါ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ျပပြဲ ဆီကို လာၾကည့္ၾကမယ့္ အေသးစားလုပ္ငန္းရွင္ေတြအတြက္ အေထာက္အကူျပဳဖို႔ လုပ္ငန္းရွင္ေတြနဲ႔ ျမန္မာ့႐ိုးရာပန္းဆယ္မ်ိဳးအေၾကာင္း ျပည္သူက သိရွိေအာင္ ဒါ ျပပြဲက်င္းပရတဲ့ရည္႐ြယ္ခ်က္ေတြပါ" လို႔ ၎ကဆိုပါတယ္။

ျပပြဲကို မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဂၤလာမႏၲေလးပ႐ိုမိုရွင္းဧရိယာမွာ ပန္း ၁၀ မ်ိဳး လက္မႈ အႏုပညာျပခန္းက အခန္းေပါင္း ၆၀၊ စားေသာက္ကုန္ျပခန္း ၂၇ ခန္း၊ လူသုံးကုန္ႏွင့္အလွကုန္ျပခန္း ၁၆ ခန္း၊ အေထြေထြစက္မႈလက္မႈလုပ္ငန္းျပခန္း ၁၇ ခန္း စုစုေပါင္း ဆိုင္ခန္းေပါင္း ၁၂၀ နဲ႔ျပသသြားမွာျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ဒီဇင္ဘာ ၁၂