တတိယ သုံးလပတ်ကာလအထိ ကန်ဒေါ်လာသုံးဘီလျံသာရှိသဖြင့် ဘဏ္ဍာနှစ် ၈ နှစ်အတွင်း FDI ဝင်ရောက်မှု ဒုတိယအနည်းဆုံး နှစ် ဖြစ်လာဖွယ်ရှိ

တတိယ သုံးလပတ်ကာလအထိ ကန်ဒေါ်လာသုံးဘီလျံသာရှိသဖြင့် ဘဏ္ဍာနှစ် ၈ နှစ်အတွင်း FDI ဝင်ရောက်မှု ဒုတိယအနည်းဆုံး နှစ် ဖြစ်လာဖွယ်ရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ  တတိယသုံးလပတ် အထိ FDI ဝင်ရောက်မှုမှာ ကန်ဒေါ်လာ ၃၁၅၉ ဒသမ ၇၄၁ သန်းသာရှိသေးသဖြင့် ဘဏ္ဍာနှစ် ၈ နှစ်အတွင်း ဒုတိယ မြောက်ဝင်ရောက်မှု အနည်းဆုံးဘဏ္ဍာနှစ် ဖြစ် လာဖွယ်ရှိနေပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့သည့် လအလိုက် FDI ဝင်ရောက်မှု ထုတ်ပြန်ချက်များကို ကြည့်ပါက မေလ အတွင်း FDI ဝင်ရောက်မှုမှာ ကန်ဒေါ်လာ သန်း၁၀၀ အောက်လျော့နည်းခဲ့ပြီး ဇွန်လတွင်မှ ကန်ဒေါ်လာ သန်း ၆၆၀ ကျော်ခဲ့တာကိုတွေ့ရပါတယ်။ အထူး သဖြင့် ဘဏ္ဍာရေးကာလကို နိုင်ငံတကာနည်းတူ အောက်တိုဘာလမှ စတင်သည့်စနစ်သို့ ယခုဘဏ္ဍာနှစ်တွင် ပြောင်းခဲ့သလို ရခိုင်အရေးက်ိစ္စကလည်း ဇူလိုင်၊ သြဂုတ်၊စက်တင် ဘာလများတွင် နိုင်ငံတကာဖိအားများခဲ့သဖြင့် ပြည်ပFDI ဝင်ရောက်မှု့ ထိုးကျခဲ့သည်ကို တွေ့ရတယ်။

ပြီးခဲ့သည့် ကာလတို ဘတ်ဂျက်ကာလဖြစ်သည့် ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ် ၆ လတာကာလ အတွင်း ကန်ဒေါ်လာ ၁၇၆၄ဒသမ ၇၀၁ သန်းဝင်ရောက်ခဲ့သော်လည်း ဘဏ္ဍာရေးနှစ်သစ်အစ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကန်ဒေါ်လာ ၃ရသန်းကျော်သာဝင်ရောက်ခဲ့သည်ကို တွေ့ရပါ တယ်။

ယခုဘဏ္ဍာနှစ်ဇွန်လအတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကန်ဒေါ်လာ သန်း ၆၆၀ ကျော်ဝင်ရောက်ခဲ့သော် လည်း တတိယ သုံးလပတ်ကာလကုန်ဆုံးသည့် ဇွန်လအထိ FDI ပမာဏမှာ ကန်ဒေါ်လာ သုံးဘီလျံကျော်သာ ရှိသဖြင့် ဘဏ္ဍာနှစ် ၈ နှစ်အတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အပြီး ဒုတိယမြောက် FDIဝင်ရောက်မှု အနည်းဆုံးနှစ် ဖြစ်လာဖွယ်ရှိနေပါတယ်။

(DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းများအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၄၀၉ရဒသမ ၁၁၄  သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၁၀ ဒသမ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၄၈၆ဒသမ ၁၂၃   သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ၆၆၄၉ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၅၇၁၈ဒသမ ၀၈၆ သန်း၊ ၂၀၁၈(ကာလတို) ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၇၆၄ဒသမ ၇၀၁ သန်း အသီးသီးဝင်ရောက်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ဇူလိုင်၂၃

(  Zawgyi  )

 ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈ ဦးစီးဌာန (DICA)က ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းအရ  တတိယသုံးလပတ္ အထိ FDI ဝင္ေရာက္မႈမွာ ကန္ေဒၚလာ ၃၁၅၉ ဒသမ ၇၄၁ သန္းသာရွိေသးသျဖင့္ ဘ႑ာႏွစ္ ၈ ႏွစ္အတြင္း ဒုတိယ ေျမာက္ဝင္ေရာက္မႈ အနည္းဆုံးဘ႑ာႏွစ္ ျဖစ္ လာဖြယ္ရွိေနပါတယ္။

မၾကာခင္က ထုတ္ျပန္ခဲ့သည့္ လအလိုက္ FDI ဝင္ေရာက္မႈ ထုတ္ျပန္ခ်က္မ်ားကို ၾကည့္ပါက ေမလ အတြင္း FDI ဝင္ေရာက္မႈမွာ ကန္ေဒၚလာ သန္း၁၀၀ ေအာက္ေလ်ာ့နည္းခဲ့ၿပီး ဇြန္လတြင္မွ ကန္ေဒၚလာ သန္း ၆၆၀ ေက်ာ္ခဲ့တာကိုေတြ႕ရပါတယ္။ အထူး သျဖင့္ ဘ႑ာေရးကာလကို နိုင္ငံတကာနည္းတူ ေအာက္တိုဘာလမွ စတင္သည့္စနစ္သို႔ ယခုဘ႑ာႏွစ္တြင္ ေျပာင္းခဲ့သလို ရခိုင္အေရးက္ိစၥကလည္း ဇူလိုင္၊ ၾသဂုတ္၊စက္တင္ ဘာလမ်ားတြင္ နိုင္ငံတကာဖိအားမ်ားခဲ့သျဖင့္ ျပည္ပFDI ဝင္ေရာက္မႈ႔ ထိုးက်ခဲ့သည္ကို ေတြ႕ရတယ္။

ၿပီးခဲ့သည့္ ကာလတို ဘတ္ဂ်က္ကာလျဖစ္သည့္ ၂၀၁၈ ဧၿပီမွ စက္တင္ဘာအထိ္ ၆ လတာကာလ အတြင္း ကန္ေဒၚလာ ၁၇၆၄ဒသမ ၇၀၁ သန္းဝင္ေရာက္ခဲ့ေသာ္လည္း ဘ႑ာေရးႏွစ္သစ္အစ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္ နိုင္ငံေပါင္း ၇ နိုင္ငံမွ ကန္ေဒၚလာ ၃ရသန္းေက်ာ္သာဝင္ေရာက္ခဲ့သည္ကို ေတြ႕ရပါ တယ္။

ယခုဘ႑ာႏွစ္ဇြန္လအတြင္း နိုင္ငံေပါင္း ၁၀ နိုင္ငံမွ ကန္ေဒၚလာ သန္း ၆၆၀ ေက်ာ္ဝင္ေရာက္ခဲ့ေသာ္ လည္း တတိယ သုံးလပတ္ကာလကုန္ဆုံးသည့္ ဇြန္လအထိ FDI ပမာဏမွာ ကန္ေဒၚလာ သုံးဘီလ်ံေက်ာ္သာ ရွိသျဖင့္ ဘ႑ာႏွစ္ ၈ ႏွစ္အတြင္း ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္အၿပီး ဒုတိယေျမာက္ FDIဝင္ေရာက္မႈ အနည္းဆုံးႏွစ္ ျဖစ္လာဖြယ္ရွိေနပါတယ္။

(DICA)က ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းမ်ားအရ ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၄၆၄၄ ဒသမ ၄၆၀ သန္း၊ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၁၄၁၉ ဒသမ ၄၆၇ သန္း၊ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၄၀၉ရဒသမ ၁၁၄  သန္း၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀၁၀ ဒသမ၅၃၃ သန္း၊ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၉၄၈၆ဒသမ ၁၂၃   သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ၆၆၄၉ဒသမ ၈၁၂ သန္း၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၅၇၁၈ဒသမ ၀၈၆ သန္း၊ ၂၀၁၈(ကာလတို) ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၁၇၆၄ဒသမ ၇၀၁ သန္း အသီးသီးဝင္ေရာက္ခဲ့ပါတယ္။

PWA
ရန္ကုန္၊ဇူလိုင္၂၃