တပ်မတော်ကို ချောက်ချချင်တဲ့သူများနေပြီး၊ တပ်မတော်သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတော့မစွပ်ဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြား

တပ်မတော်ကို ချောက်ချချင်တဲ့သူများနေပြီး၊ တပ်မတော်သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတော့မစွပ်ဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြား

အိုင်စီဂျေ ဆုံးဖြတ်ပြီးသည့်နောက်ပိုင်း တပ်မတော်ကို ချောက်ချချင်တဲ့သူများနေပြီး၊ တပ်မတော်သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတော့မစွပ်ဘူးဟုတပ်မတော်သတင်းမှန်ပြန်ကြားရေး၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်။

ယနေ့မွန်းလွဲပိုင်း၊ နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှ အိုင်စီဂျေ ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်း တပ်မတော်အနေနဲ့ ဘယ်လိုအချက်အခဲတွေ ဘယ်လိုအခြေအနေမျိုးတွ‌ေ ရင်ဆိုင်နေရလဲဆိုသည်ကို မေးမြန်းမှုနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“အဓိက ကတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ နည်းနည်းပေါ့နော်။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ချောက်ချချင်တဲ့သူ များတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ချောက်ချချင်တဲ့သူ များတယ်ဆိုတာက တပ်မတော်တင်မကပါဘူး။အဲ့ဒီမှာလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးတော့ ခုနပြောတဲ့ဟာတွေ ထွက်လာတဲ့အချိန်မှာ ဒါတွေကိုဆက်လက်လုပ်ဆောင်နေဆဲလို့ မြင်လာအောင် ချောက်ချချင်တဲ့ဟာတွေများပါတယ်။အဲ့လိုလုပ်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။အရင်တုန်းက တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး သေတာကြေတာ တော်တော်နည်းတယ်။ရွာတွေမှာ အဲ့လိုဖြစ်တာမရှိဘူး အခုနောက်ပိုင်းမှာက ပိုပြီးဖြစ်လာတယ်။ခပ်စိပ်စိပ်ကလေးဖြစ်လာတယ်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ကတော့လုပ်ရကိုင်ရတဲ့နေရာမှာ ပိုပြီးတော့သတိထားဆောင်ရွက်နေရတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်“ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ သတင်းထောက်များမှ အိုင်စီဂျေ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ လက်နက်ကြီးတွေ ကျတာတွေ များလာတဲ့အတွက် အစိုးရရဲ့လုပ်ဆောင်မှုတွေအပေါ် အခက်အခဲဖြစ်အောင်လုပ်တယ်လို့ ဝေဖန်မှုတွေထွက်လာတဲ့အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဘယ်လိုပြန်လည်ပြောလိုပါသလဲဟု မေးမြန်းခဲ့ရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ “အရင်က အနှစ်နှစ်ဆယ်လောက် ဘာပြဿနာမှမဖြစ်ဘူး၊ ARSA ကိစ္စတွေ ဖြစ်တော့လည်း အဲ့ရွာတွေမှာ ဘာမှမဖြစ်ဘူး။အခုအချိန်မှ ဖြစ်တဲ့ဟာမျိုးတွ‌ေ ဖြစ်လာတယ်။အိုင်စီဂျေက ပြောလိုက်တဲ့ဟာက state ကိုပြောတာ ဖြစ်ပါတယ်။ state ဆိုတာသည် အားလုံးနဲ့အကျုံးဝင်ပါတယ်။ကျွန်တော်တို့ တပ်မ တော်ကလည်း အစိတ်အပိုင်းတစ်ခုဖြစ်တယ်။အဲ့ဒါတွေကို ကျွန်တော်တို့ တပ်မတော်ကလည်း ဘာဖြစ်လို့ လုပ်ကြံဖန်တီးရမှာလဲ၊ ကိုယ့်လည်ပင်းကိုယ် ကြိုး ကွင်းတော့မစွပ်ဘူးလို့ ပြောချင်ပါတယ်။ကိုယ့်လည်ပင်းကိုယ်တော့ ဘယ်ကောင်မှ လာပြီးတော့ကြိုးကွင်းထဲကိုသွားပြီးတော့ လည်ပင်းသွားစွပ်ပြီး မလုပ်ဘူးလို့ ပြောလိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၃

( Zawgyi )

အိုင္စီေဂ် ဆုံးျဖတ္ၿပီးသည့္ေနာက္ပိုင္း တပ္မေတာ္ကို ေခ်ာက္ခ်ခ်င္တဲ့သူမ်ားေနၿပီး၊ တပ္မေတာ္သည္ ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းေတာ့မစြပ္ဘူးဟုတပ္မေတာ္သတင္းမွန္ျပန္ၾကားေရး၊ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာၾကားခဲ့ပါတယ္။

ယေန႔မြန္းလြဲပိုင္း၊ ေနျပည္ေတာ္၊ တပ္မေတာ္စစ္သမိုင္းျပတိုက္တြင္ ျပဳလုပ္သည့္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားမွ အိုင္စီေဂ် ဆုံးျဖတ္ၿပီးတဲ့ေနာက္ပိုင္း တပ္မေတာ္အေနနဲ႔ ဘယ္လိုအခ်က္အခဲေတြ ဘယ္လိုအေျခအေနမ်ိဳးတြ‌ေ ရင္ဆိုင္ေနရလဲဆိုသည္ကို ေမးျမန္းမႈႏွင့္ပတ္သက္၍ ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“အဓိက ကေတာ့ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ နည္းနည္းေပါ့ေနာ္။ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ေခ်ာက္ခ်ခ်င္တဲ့သူ မ်ားတယ္လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္တယ္။ေခ်ာက္ခ်ခ်င္တဲ့သူ မ်ားတယ္ဆိုတာက တပ္မေတာ္တင္မကပါဘူး။အဲ့ဒီမွာလုပ္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ခုနေျပာတဲ့ဟာေတြ ထြက္လာတဲ့အခ်ိန္မွာ ဒါေတြကိုဆက္လက္လုပ္ေဆာင္ေနဆဲလို႔ ျမင္လာေအာင္ ေခ်ာက္ခ်ခ်င္တဲ့ဟာေတြမ်ားပါတယ္။အဲ့လိုလုပ္ေနတဲ့ အပိုင္းေတြလည္း ရွိပါတယ္။အရင္တုန္းက တိုက္ပြဲေတြျဖစ္လာတဲ့အခ်ိန္မွာ ဘဂၤါလီေတြနဲ႔ ပတ္သက္ၿပီးေတာ့ မြတ္ဆလင္ေတြနဲ႔ပတ္သက္ၿပီး ေသတာေၾကတာ ေတာ္ေတာ္နည္းတယ္။႐ြာေတြမွာ အဲ့လိုျဖစ္တာမရွိဘူး အခုေနာက္ပိုင္းမွာက ပိုၿပီးျဖစ္လာတယ္။ခပ္စိပ္စိပ္ကေလးျဖစ္လာတယ္။ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနနဲ႔ကေတာ့လုပ္ရကိုင္ရတဲ့ေနရာမွာ ပိုၿပီးေတာ့သတိထားေဆာင္႐ြက္ေနရတယ္လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္“ ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ သတင္းေထာက္မ်ားမွ အိုင္စီေဂ် ဆုံးျဖတ္ခ်က္ခ်ၿပီးတဲ့ေနာက္မွာ လက္နက္ႀကီးေတြ က်တာေတြ မ်ားလာတဲ့အတြက္ အစိုးရရဲ႕လုပ္ေဆာင္မႈေတြအေပၚ အခက္အခဲျဖစ္ေအာင္လုပ္တယ္လို႔ ေဝဖန္မႈေတြထြက္လာတဲ့အေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနနဲ႔ ဘယ္လိုျပန္လည္ေျပာလိုပါသလဲဟု ေမးျမန္းခဲ့ရာမွာ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွ “အရင္က အႏွစ္ႏွစ္ဆယ္ေလာက္ ဘာျပႆနာမွမျဖစ္ဘူး၊ ARSA ကိစၥေတြ ျဖစ္ေတာ့လည္း အဲ့႐ြာေတြမွာ ဘာမွမျဖစ္ဘူး။အခုအခ်ိန္မွ ျဖစ္တဲ့ဟာမ်ိဳးတြ‌ေ ျဖစ္လာတယ္။အိုင္စီေဂ်က ေျပာလိုက္တဲ့ဟာက state ကိုေျပာတာ ျဖစ္ပါတယ္။ state ဆိုတာသည္ အားလုံးနဲ႔အက်ဳံးဝင္ပါတယ္။ကြၽန္ေတာ္တို႔ တပ္မ ေတာ္ကလည္း အစိတ္အပိုင္းတစ္ခုျဖစ္တယ္။အဲ့ဒါေတြကို ကြၽန္ေတာ္တို႔ တပ္မေတာ္ကလည္း ဘာျဖစ္လို႔ လုပ္ႀကံဖန္တီးရမွာလဲ၊ ကိုယ့္လည္ပင္းကိုယ္ ႀကိဳး ကြင္းေတာ့မစြပ္ဘူးလို႔ ေျပာခ်င္ပါတယ္။ကိုယ့္လည္ပင္းကိုယ္ေတာ့ ဘယ္ေကာင္မွ လာၿပီးေတာ့ႀကိဳးကြင္းထဲကိုသြားၿပီးေတာ့ လည္ပင္းသြားစြပ္ၿပီး မလုပ္ဘူးလို႔ ေျပာလိုပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၃