တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ။

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှနိုင်ငံတော်သမ္မတထံသို့ပေးပို့လာသည့်ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်ပေးရန် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်အား ယနေ့ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော် သို့တင်ပြခဲ့ပါတယ်။

“လစ်လပ်လျက်ရှိသောပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရာထူးနေရာတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့ လာသည့် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ် တာဝန်ပေးလို ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂၃၂၊ပုဒ်မခွဲ(ဂ)နှင့်ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ-၁၂၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များ အရ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီ ချက်ရယူနိုင်ပါရန်ပေးပို့အပ်ပါသည် ဟု  နိုင်ငံတော်သမ္မတထံမှ အဆိုတင်ပြလာသည့်အတွက်  အဆိုပါ ပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ခန့်အပ်ရန် သဘောတူညီကြောင်း ကြေငြာခြင်း (သို့မဟုတ်) ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန်ကွက်ကြောင်း အဆိုတင်သွင်း အစီအစဉ်ကို (၁၀-၂-၂၀၂၀)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အစည်းအဝေးတွင်ဆောင်ရွက်ရန် လျာထားပါတယ်။

နိုင်ငံတော်သမ္မတမှ ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုရဝန်ကြီးအဖြစ်ခန့်အပ်ရန်အဆိုတင်ပြ ထား သည့်ပုဂ္ဂိုလ်မှာ ပုဒ်မ-၂၃၂၊ ပုဒ်မခွဲ(က)ပါသတ်မှတ်ထားတဲ့အရည်အချင်းနှင့်မပြည်စုံကြောင်းသက် သေ အထင် အရှားပြ၍ကန့်ကွက်လိုသည့်ရှိပါက မနက်ဖြန် (၇-၂-၂၀၂၀)ညနေ(၄)နာရီနောက်ဆုံးထား၍ အမည်စာရင်း ပေးပို့နိုင် ကြောင်းအသိပေးကြေငြာပါတယ် ”ဟု ပြည်ထောင်စု လွှတ်တော် နာယကမှလွှတ်တော်သို့ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော် ၊ ဖေဖော်ဝါရီ ၆

(  Zawgyi  )

 တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွႏိုင္ငံေတာ္သမၼတထံသို႔ေပးပို႔လာသည့္ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေနရာတြင္ ခန႔္အပ္တာဝန္ေပးရန္ တပ္မေတာ္စစ္ဖက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္အား ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စု လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး စတုတၳေန႔အစီအစဥ္မွာ ျပည္ေထာင္စုလႊတ္ေတာ္ နာယကမွ လႊတ္ေတာ္ သို႔တင္ျပခဲ့ပါတယ္။

“လစ္လပ္လ်က္ရွိေသာျပည္ထဲေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးရာထူးေနရာတြင္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မွ ေပးပို႔ လာသည့္ တပ္မေတာ္စစ္ဖက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္၊ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္အား ခန႔္အပ္ တာဝန္ေပးလို ပါသျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ-၂၃၂၊ပုဒ္မခြဲ(ဂ)ႏွင့္ျပည္ေထာင္စု အစိုးရအဖြဲ႕ဥပေဒပုဒ္မ-၁၂၊ ပုဒ္မခြဲ(ခ)တို႔ပါ ျပဌာန္းခ်က္မ်ား အရ ျပည္ေထာင္စု လႊတ္ေတာ္၏ သေဘာတူညီ ခ်က္ရယူႏိုင္ပါရန္ေပးပို႔အပ္ပါသည္ ဟု  ႏိုင္ငံေတာ္သမၼတထံမွ အဆိုတင္ျပလာသည့္အတြက္  အဆိုပါ ပုဂၢိဳလ္ႏွင့္ စပ္လ်ဥ္းၿပီး ကန႔္ကြက္မႈ တစ္စုံတစ္ရာ မရွိပါက ခန႔္အပ္ရန္ သေဘာတူညီေၾကာင္း ေၾကျငာျခင္း (သို႔မဟုတ္) ကန႔္ကြက္လိုသည့္ ကိုယ္စားလွယ္ရွိပါက ကန္ကြက္ေၾကာင္း အဆိုတင္သြင္း အစီအစဥ္ကို (၁၀-၂-၂၀၂၀)ရက္ေန႔တြင္ က်င္းပ ျပဳလုပ္မည့္ အစည္းအေဝးတြင္ေဆာင္႐ြက္ရန္ လ်ာထားပါတယ္။

ႏိုင္ငံေတာ္သမၼတမွ ျပည္ထဲေရး ဝန္ႀကီးဌာနျပည္ေထာင္စုရဝန္ႀကီးအျဖစ္ခန႔္အပ္ရန္အဆိုတင္ျပ ထား သည့္ပုဂၢိဳလ္မွာ ပုဒ္မ-၂၃၂၊ ပုဒ္မခြဲ(က)ပါသတ္မွတ္ထားတဲ့အရည္အခ်င္းႏွင့္မျပည္စုံေၾကာင္းသက္ ေသ အထင္ အရွားျပ၍ကန႔္ကြက္လိုသည့္ရွိပါက မနက္ျဖန္ (၇-၂-၂၀၂၀)ညေန(၄)နာရီေနာက္ဆုံးထား၍ အမည္စာရင္း ေပးပို႔ႏိုင္ ေၾကာင္းအသိေပးေၾကျငာပါတယ္ ”ဟု ျပည္ေထာင္စု လႊတ္ေတာ္ နာယကမွလႊတ္ေတာ္သို႔ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္ ၊ ေဖေဖာ္ဝါရီ ၆