တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) တိုက်ခိုက်ခံရမှု တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ပြီး တပ်မတော်မှ လိုက်လံပိတ်ဆို့ရှင်းလင်း

တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) တိုက်ခိုက်ခံရမှု တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ပြီး တပ်မတော်မှ လိုက်လံပိတ်ဆို့ရှင်းလင်း

တပ်မတော် နည်းပညာတက္ကသိုလ်အတွင်းသို့ သြဂုတ် ၁၅ ရက် နံနက်အစောပိုင်းက လက်နက်ကြီး ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိခဲ့ကာ လက်ရှိတွင် အဆိုပါနယ်မြေတစ်ဝိုက်သို့ တပ်မတော်မှ လိုက်လံပိတ်ဆို့ရှင်းလင်းနေတယ်လို့ တပ်မတော်သတင်း မှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့နံနက်ပိုင်းက Opinion Leaders Media သို့ပြောကြားခဲ့ပါတယ်။

“ကျောင်းဝန်းထဲမှာရှိတဲ့ ပြင်ပဝန်ထမ်း တစ်ဦးသေဆုံးတယ်။ စစ်သည်တစ်ဦးထိခိုက်ဒဏ်ရာရတယ်။ နောက်နောင်ချိုမှာ ရှိတဲ့ တပ်ရင်းဌာနတွေ နဲ့နောင်ချိုမှာရှိတဲ့စစ်ဆေးရေးဂိတ်တွေကိုပစ်ခတ်ခဲ့တာရှိပါတယ်။အဲ့ဒီ နေရာတွေကိုလည်းကျနော်တို့တပ်တွေပို့ထားပြီးပါပြီ။ နယ်မြေ ရှင်းလင်းရေးတွေ ကိုဆက်လက်ဆောင်ရွက်နေပါတယ်။နောင်ချိုမှာဖြစ်ခဲ့တာက ဒီမနက် ၇ နာရီခွဲလောက်ကပါ၊ ဒဏ်ရာရတဲ့သူတော့ မရှိခဲ့ပါဘူး။ပြင်ဦးလွင်မှာ တော့လုံခြုံရေးအပိုင်းကိုထိန်းချုပ်နိုင်ပါပြီအခြေအနေတွေတည်ငြိမ်လျက်ရှိပါတယ်။ပြောရရင် တပ်မတော်က ရှမ်းဘက်မှာရှိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာတွေကိုပတ်စိပ်တိုက်ရှာဖွေပြီးတော့ နယ်မြေရှင်းလင်း ခဲ့တာတွေရှိပါတယ်။အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ဆက်နွယ် တဲ့ အဖွဲ့အစည်းတွေဖြစ်မယ်လို့ပဲယူဆရပါတယ်။ လာပစ်တဲ့အဖွဲ့ မည်သူမည်ဝါဆိုတာကတော့ ကျနော်တို့ဆက်လက်စိစစ်ဆောင်ရွက် ဆဲဖြစ် ပါတယ်” လို့ တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုမှာ ယနေ့သြဂုတ် ၁၅ ရက်နံနက် ၅ နာရီ မိနစ်၃၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်၍ ကနဦး သတင်းများအရ TNLA လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် တက္ကသိုလ်အတွင်းရှိ လူနေဆောင် ခေါင်မိုးတွေ အများအပြား ပျက်စီးခဲ့သလို မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ တပ်မတော်နဲ့နီးစပ် သူတ ချို့ ရဲ့ လူမှုရေးစာမျက်နှာ ရေးသားချက်တွေအရ နောင်ချို-ဂုတ်တွင်း ဂိတ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ကာ ပြင်ဦးလွင်အထွက် နောင်ချို မူးယစ်စစ်ဆေးရေးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးသည့် X Ray စက်ကို ပစ်ခတ်ခဲ့ ကာ ဂိတ်ကိုမီးရှို့ခဲ့ကြောင်းသိရပါတယ်။

(ထပ်မံဆက်သွယ်သိရှိရသမျှ ဆက်လက်ဖော်ပြပါမည်)

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် ၁၅

Photo Credit:fb/ Ba Ngyar Ye Yint/ကိုမျိုးသန့်အောင်

(  Zawgyi  )

 တပ္မေတာ္ နည္းပညာတကၠသိုလ္အတြင္းသို႔ ၾသဂုတ္ ၁၅ ရက္ နံနက္အေစာပိုင္းက လက္နက္ႀကီး ပစ္ခတ္ခံရမႈ ျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးၿပီး ဒဏ္ရာရရွိသူမ်ားရွိခဲ့ကာ လက္ရွိတြင္ အဆိုပါနယ္ေျမတစ္ဝိုက္သို႔ တပ္မေတာ္မွ လိုက္လံပိတ္ဆို႔ရွင္းလင္းေနတယ္လို႔ တပ္မေတာ္သတင္း မွန္ျပန္ ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔နံနက္ပိုင္းက Opinion Leaders Media သို႔ေျပာၾကားခဲ့ပါတယ္။

“ေက်ာင္းဝန္းထဲမွာရွိတဲ့ ျပင္ပဝန္ထမ္း တစ္ဦးေသဆုံးတယ္။ စစ္သည္တစ္ဦးထိခိုက္ဒဏ္ရာရတယ္။ ေနာက္ေနာင္ခ်ိဳမွာ ရွိတဲ့ တပ္ရင္းဌာနေတြ နဲ႔ေနာင္ခ်ိဳမွာရွိတဲ့စစ္ေဆးေရးဂိတ္ေတြကိုပစ္ခတ္ခဲ့တာရွိပါတယ္။အဲ့ဒီ ေနရာေတြကိုလည္းက်ေနာ္တို႔တပ္ေတြပို႔ထားၿပီးပါၿပီ။ နယ္ေျမ ရွင္းလင္းေရးေတြ ကိုဆက္လက္ေဆာင္႐ြက္ေနပါတယ္။ေနာင္ခ်ိဳမွာျဖစ္ခဲ့တာက ဒီမနက္ ၇ နာရီခြဲေလာက္ကပါ၊ ဒဏ္ရာရတဲ့သူေတာ့ မရွိခဲ့ပါဘူး။ျပင္ဦးလြင္မွာ ေတာ့လုံၿခဳံေရးအပိုင္းကိုထိန္းခ်ဳပ္ႏိုင္ပါၿပီအေျခအေနေတြတည္ၿငိမ္လ်က္ရွိပါတယ္။ေျပာရရင္ တပ္မေတာ္က ရွမ္းဘက္မွာရွိတဲ့ မူးယစ္ေဆးဝါးခ်က္လုပ္တဲ့ေနရာေတြကိုပတ္စိပ္တိုက္ရွာေဖြၿပီးေတာ့ နယ္ေျမရွင္းလင္း ခဲ့တာေတြရွိပါတယ္။အဲ့ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ဆက္ႏြယ္ တဲ့ အဖြဲ႕အစည္းေတြျဖစ္မယ္လို႔ပဲယူဆရပါတယ္။ လာပစ္တဲ့အဖြဲ႕ မည္သူမည္ဝါဆိုတာကေတာ့ က်ေနာ္တို႔ဆက္လက္စိစစ္ေဆာင္႐ြက္ ဆဲျဖစ္ ပါတယ္” လို႔ တပ္မ ေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္ခံရမႈမွာ ယေန႔ၾသဂုတ္ ၁၅ ရက္နံနက္ ၅ နာရီ မိနစ္၃၀ ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယခုတိုက္ခိုက္မႈနဲ႔ ပတ္သက္၍ ကနဦး သတင္းမ်ားအရ TNLA လက္နက္ကိုင္အဖြဲ႕က လာေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ တိုက္ခိုက္မႈေၾကာင့္ တကၠသိုလ္အတြင္းရွိ လူေနေဆာင္ ေခါင္မိုးေတြ အမ်ားအျပား ပ်က္စီးခဲ့သလို ေမာ္ေတာ္ယာဥ္ေတြလည္း ထိခိုက္ပ်က္စီးမႈရွိတယ္လို႔ သိရပါတယ္။ တပ္မေတာ္နဲ႔နီးစပ္ သူတ ခ်ိဳ႕ ရဲ႕ လူမႈေရးစာမ်က္ႏွာ ေရးသားခ်က္ေတြအရ ေနာင္ခ်ိဳ-ဂုတ္တြင္း ဂိတ္မွာလည္း တိုက္ပြဲေတြ ျဖစ္ပြား ခဲ့ကာ ျပင္ဦးလြင္အထြက္ ေနာင္ခ်ိဳ မူးယစ္စစ္ေဆးေရးဂိတ္ရွိ မူးယစ္ေဆးဝါးစစ္ေဆးသည့္ X Ray စက္ကို ပစ္ခတ္ခဲ့ ကာ ဂိတ္ကိုမီးရႈိ႕ခဲ့ေၾကာင္းသိရပါတယ္။

(ထပ္မံဆက္သြယ္သိရွိရသမွ် ဆက္လက္ေဖာ္ျပပါမည္)

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ ၁၅

Photo Credit:fb/ Ba Ngyar Ye Yint/ကိုမ်ိဳးသန႔္ေအာင္