တပ်မဲရုံများ လုံခြုံရေးအရ သင့်လျော်သည့်နေရာတွင် တပ်ရင်းမှူးနှင့် ညှိနိူင်းသတ်မှတ်ပေးရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

တပ်မဲရုံများ လုံခြုံရေးအရ သင့်လျော်သည့်နေရာတွင် တပ်ရင်းမှူးနှင့် ညှိနိူင်းသတ်မှတ်ပေးရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

တပ်မဲရုံများကို တပ်ရင်းတပ်ဖွဲ့၏ ပြင်ပ သင့်လျော်သည့်နေရာတွင် သတ်မှတ်ပေးရမည်ဟု ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အပေါ် လုံခြုံရေးအရ သင့်လျော်သည့်နေရာတွင် တပ်ရင်းမှူးနှင့် ညှိနှိုင်း၍ သတ်မှတ်ပေးရမည်ဟု ပြင်ဆင်ပေးရန် အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးမှ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

“နည်းဥပဒေ ၃၅ (က) ၃၉ (က)-၂ မှာ ထိုတပ်ရင်းတပ်ဖွဲ့၏ပြင်ပ သင့်လျော်သည့်နေရာတွင်  သတ်မှတ်ပေးရမည်ဟု ပြင်ဆင်ထားခြင်းကို လုံခြုံရေးအရ သင့်လျော်သည့်နေရာတွင် တပ်မှူးနှင့် ညှိနှိုင်း၍ သတ်မှတ်ပေးရမည်ဟု ပြင်ဆင်ချင်ပါတယ်။ကျိုးကြောင်းဖော်ပြချက်အရ မဲရုံများဟာ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်တဲ့အတွက် နိုင်ငံသားအားလုံး မဲပေးနိုင်ရန် လက်လှမ်းမှီဖို့လိုပါတယ်။ယေဘုယျမူတစ်ခုအနေနဲ့ မဲရုံနေရာသတ်မှတ်သည့်အခါ မဲပေးသည့်လူ၏ ပထဝီအနေအထားအရ ဖြန့်ကျက်ပြီးစဉ်းစားရပါမယ်။ဒါ့အပြင် မဲပေးသည့် နိုင်ငံသားများအတွက် လူသားလုံခြုံရေးသဘောတရားဖြစ်တဲ့ အကြမ်းဖက်မှုတို့မှ ကင်းဝေးစေရန်အတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လေ့လာကြည့်ရင် သောင်းကျန်းသူက အပြစ်မဲ့ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ တပ်မတော်သားများကို အကြမ်းဖက်တိုက်ခိုက်နေတာ တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့် မဲရုံသတ်မှတ်တဲ့အခါ လူသားလုံခြုံရေး၊ လူ့အခွင့်အရေးတို့ကို မဖြစ်မနေထည့်သွင်းစဉ်းစားရမယ်လို့ ပြောကြားလိုပါတယ်။ဆန္ဒမဲပေးရာမှာလည်း ပွင့်လင်းမြင်သာမှုရှိပြီး သတ်မှတ်ခွင့်ပြုထားတဲ့ ပုဂ္ဂိုလ်များနဲ့ မဲဆန္ဒရှင်များ ဝင်ထွက်သွားလာနိုင်တဲ့ လုံခြုံရေးအရ သင့်လျော်တဲ့နေရာမှာ သတ်မှတ်ပေးနိုင်ရေးအတွက် ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။ဒီနေရာမှာတင်ပြလိုတာက မည့်သည့်နေရာတွင် မဲပေးသည်ဖြစ်စေ မဲပေးသူ၏ သဘောထားက အဓိကဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။နိုင်ငံသားတိုင်းရဲ့ မူလရပိုင်ခွင့်အခွင်ရေးများကို အသိမှတ်ပြုနားလည်ပေးခြင်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးများ မြင့်တက်လာစေမှာဖြစ်ကြောင်း ဆွေးနွေးလိုပါတယ်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုကြည့်လျှင် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ မဲပေးတဲ့ မဲရုံမှာ တာဝန်ပေးထားတဲ့ မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူနှင့် မဲလက်မှတ်ထုတ်ပေးသူတို့ဟာ တပ်မိသားစုဝင်တွေ မဟုတ်ပါဘူး။သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ခန့်အပ်ထားတဲ့ ဝန်ထမ်းများသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မဲရုံအတွင်းမှာလည်း ရပ်ကွက်ကျေးရွာကော်မရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့ရဲ့ ကိုယ်စားလှယ်လောင်းများနဲ့ နေရာသတ်မှတ်ထားတာ တွေ့ရှိရပါတယ်။ဒါ့အပြင် မီဒီယာများကိုလည်း ဝင်ထွက်သွားလာ သတင်းရယူနိုင်အောင် ဆောင်ရွက်ပေးထားပြီး တပ်မဲရုံများ လွတ်လပ်ပြီး တရားမျှတစွာ စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်နေတာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေတာဖြစ်ကြောင်း လေးလေးနက်နက်ပြောကြားလိုပါတယ်။ဒါကြောင့် ဆွေးနွေးခဲ့တဲ့ပြင်ဆင်ချက်များအတိုင်း အတည်ပြုပေးသင့်ပါကြောင်း တင်ပြအပ်ပါတယ် ” ဟု တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးမှ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

KO
နေပြည်တော်၊ မတ် - ၂၃

( Zawgyi )

တပ္မဲ႐ုံမ်ားကို တပ္ရင္းတပ္ဖြဲ႕၏ ျပင္ပ သင့္ေလ်ာ္သည့္ေနရာတြင္ သတ္မွတ္ေပးရမည္ဟု ျပည္သူ႔လႊတ္ေတာ္၏ ျပင္ဆင္ခ်က္အေပၚ လုံၿခဳံေရးအရ သင့္ေလ်ာ္သည့္ေနရာတြင္ တပ္ရင္းမႉးႏွင့္ ညႇိႏႈိင္း၍ သတ္မွတ္ေပးရမည္ဟု ျပင္ဆင္ေပးရန္ အမ်ိဳးသားလႊတ္ေတာ္ တပ္မေတာ္သားကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး ေက်ာ္ေက်ာ္ဦးမွ အမ်ိဳးသားလႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၂) ရက္ေျမာက္ေန႔အစီအစဥ္ ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲနည္းဥပေဒမ်ားကို ပၪၥမအႀကိမ္ျပင္ဆင္သည့္ နည္းဥပေဒမ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခ်က္မ်ားတြင္ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္ပါတယ္။

“နည္းဥပေဒ ၃၅ (က) ၃၉ (က)-၂ မွာ ထိုတပ္ရင္းတပ္ဖြဲ႕၏ျပင္ပ သင့္ေလ်ာ္သည့္ေနရာတြင္  သတ္မွတ္ေပးရမည္ဟု ျပင္ဆင္ထားျခင္းကို လုံၿခဳံေရးအရ သင့္ေလ်ာ္သည့္ေနရာတြင္ တပ္မႉးႏွင့္ ညႇိႏႈိင္း၍ သတ္မွတ္ေပးရမည္ဟု ျပင္ဆင္ခ်င္ပါတယ္။က်ိဳးေၾကာင္းေဖာ္ျပခ်က္အရ မဲ႐ုံမ်ားဟာ ေ႐ြးေကာက္ပြဲျဖစ္စဥ္ရဲ႕ အေရးႀကီးသည့္ အစိတ္အပိုင္းျဖစ္တဲ့အတြက္ ႏိုင္ငံသားအားလုံး မဲေပးႏိုင္ရန္ လက္လွမ္းမွီဖို႔လိုပါတယ္။ေယဘုယ်မူတစ္ခုအေနနဲ႔ မဲ႐ုံေနရာသတ္မွတ္သည့္အခါ မဲေပးသည့္လူ၏ ပထဝီအေနအထားအရ ျဖန႔္က်က္ၿပီးစဥ္းစားရပါမယ္။ဒါ့အျပင္ မဲေပးသည့္ ႏိုင္ငံသားမ်ားအတြက္ လူသားလုံၿခဳံေရးသေဘာတရားျဖစ္တဲ့ အၾကမ္းဖက္မႈတို႔မွ ကင္းေဝးေစရန္အတြက္ ထည့္သြင္းစဥ္းစားသင့္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံတြင္ျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈေတြကို ေလ့လာၾကည့္ရင္ ေသာင္းက်န္းသူက အျပစ္မဲ့ျပည္သူ၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ အစိုးရဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႔ တပ္မေတာ္သားမ်ားကို အၾကမ္းဖက္တိုက္ခိုက္ေနတာ ေတြ႕ရွိရမွာျဖစ္ပါတယ္။ဒါေၾကာင့္ မဲ႐ုံသတ္မွတ္တဲ့အခါ လူသားလုံၿခဳံေရး၊ လူ႔အခြင့္အေရးတို႔ကို မျဖစ္မေနထည့္သြင္းစဥ္းစားရမယ္လို႔ ေျပာၾကားလိုပါတယ္။ဆႏၵမဲေပးရာမွာလည္း ပြင့္လင္းျမင္သာမႈရွိၿပီး သတ္မွတ္ခြင့္ျပဳထားတဲ့ ပုဂၢိဳလ္မ်ားနဲ႔ မဲဆႏၵရွင္မ်ား ဝင္ထြက္သြားလာႏိုင္တဲ့ လုံၿခဳံေရးအရ သင့္ေလ်ာ္တဲ့ေနရာမွာ သတ္မွတ္ေပးႏိုင္ေရးအတြက္ ျပင္ဆင္လိုျခင္းျဖစ္ပါတယ္။ဒီေနရာမွာတင္ျပလိုတာက မည့္သည့္ေနရာတြင္ မဲေပးသည္ျဖစ္ေစ မဲေပးသူ၏ သေဘာထားက အဓိကျဖစ္တယ္ဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။ႏိုင္ငံသားတိုင္းရဲ႕ မူလရပိုင္ခြင့္အခြင္ေရးမ်ားကို အသိမွတ္ျပဳနားလည္ေပးျခင္းအားျဖင့္ ဒီမိုကေရစီအခြင့္အေရးမ်ား ျမင့္တက္လာေစမွာျဖစ္ေၾကာင္း ေဆြးေႏြးလိုပါတယ္။၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲကိုၾကည့္လွ်င္ တပ္မေတာ္သားမ်ားႏွင့္ အတူေနမိသားစုဝင္မ်ား မဲေပးတဲ့ မဲ႐ုံမွာ တာဝန္ေပးထားတဲ့ မဲ႐ုံမႉး၊ ဒု-မဲ႐ုံမႉး၊ မဲစာရင္းစစ္ေဆးသူႏွင့္ မဲလက္မွတ္ထုတ္ေပးသူတို႔ဟာ တပ္မိသားစုဝင္ေတြ မဟုတ္ပါဘူး။သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ခန႔္အပ္ထားတဲ့ ဝန္ထမ္းမ်ားသာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။
မဲ႐ုံအတြင္းမွာလည္း ရပ္ကြက္ေက်း႐ြာေကာ္မရွင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ၎တို႔ရဲ႕ ကိုယ္စားလွယ္ေလာင္းမ်ားနဲ႔ ေနရာသတ္မွတ္ထားတာ ေတြ႕ရွိရပါတယ္။ဒါ့အျပင္ မီဒီယာမ်ားကိုလည္း ဝင္ထြက္သြားလာ သတင္းရယူႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားၿပီး တပ္မဲ႐ုံမ်ား လြတ္လပ္ၿပီး တရားမွ်တစြာ စီမံေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ဒီလိုေဆာင္႐ြက္ေနတာဟာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တစ္ဖက္တစ္လမ္းမွ ကူညီေဆာင္႐ြက္ေပးေနတာျဖစ္ေၾကာင္း ေလးေလးနက္နက္ေျပာၾကားလိုပါတယ္။ဒါေၾကာင့္ ေဆြးေႏြးခဲ့တဲ့ျပင္ဆင္ခ်က္မ်ားအတိုင္း အတည္ျပဳေပးသင့္ပါေၾကာင္း တင္ျပအပ္ပါတယ္ ” ဟု တပ္မေတာ္သားကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး ေက်ာ္ေက်ာ္ဦးမွ ထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ မတ္ - ၂၃