တရုတ်တစ်သျှူးငှက်ပျော ထိန်းချုပ်ရေး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေး

တရုတ်တစ်သျှူးငှက်ပျော ထိန်းချုပ်ရေး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေး

ကချင်ပြည်နယ်မှာ ဘိန်းအစားထိုး သီးနှံအနေနဲ့ စိုက်ပျိုးနေတဲ့ တရုတ်တစ်သျှူးငှက်ပျောတွေကို စနစ်တကျစိုက်ပျိုးဖို့နဲ့ အခွန်ဘဏ္ဍာရရှိဖို့ လိုအပ်နေတဲ့အကြောင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်အတွင်းက သစ်တောဧရိယာတွေမှာပါ စိုက်ပျိုးလာနေတဲ့ တစ်သျှူးငှက်ပျော စိုက်ပျိုးတာတွေကို တားမြစ်တာတွေ ဥပဒေနဲ့ ထိန်းချုပ်တာတွေ မလုပ်ဘူးဆိုရင် သစ်တောတွေပြုန်းတီးပြီး သဘာဝဘေးအန္တရာယ်တွေ ကြုံလာရနိုင်တယ်လို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး က ဆိုပါတယ်။

“တစ်သျှူးငှက်ပျောစိုက်ခင်းတွေဟာ သာမန်အရပ်သားတွေရဲ့ မြေယာမှာသာမက အစိုးရသစ်တောကြိုးဝိုင်းအတွင်းမှာပါ ချဲ့ထွင်စိုက်ပျိုးနေပါတယ်။မျက်စိတစ်ဆုံး ကျယ်ဝန်းတဲ့ ငှက်ပျောစိုက်ခင်းတွေနဲ့ ဥဒဟိုသွားလာနေတဲ့ နိုင်ငံခြားသား တရုတ်ပိုင်ကားတွေကိုလည်း တွေ့နေရပါတယ်” လို့ ဒေါက်တာခင်မကြီး က ပြောပါတယ်။

တရုတ်တစ်သျှူးငှက်ပျောတွေကို ဘိန်းအစားထိုး သီးနှံအနေနဲ့ ၂၀၀၆-၂၀၀၇ ခုနှစ်ကတည်းက စတင်စိုက်ပျိုးလာနေပြီး လက်ရှိ ကချင်ပြည်နယ်အတွင်း ဧက တစ်သိန်းကျော် စိုက်ပျိုးနေတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုနေကြပါတယ်။ဒါ့အပြင် တရုတ် တစ်သျှူးငှက်ပျော စိုက်ပျိုးရာမှာ ပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေ အလွန်အကျွံသုံးပြီး စိုက်ပျိုးနေတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးထိခိုက်တာ၊ သဘာဝမြေဆီလွှာတွေ ပျက်စီးတာ၊ သစ်တောတွေပြုန်းတီးတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

“တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီး အများဆုံးအကျိုးရရှိသွားသူက တရုတ်နိုင်ငံသား၊ စီးပွားရေးမသမာသူ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ဆိုးကျိုးတွေကိုတော့ ဒေသခံတွေနဲ့ မြန်မာနိုင်ငံကပဲ ခံစားလိုက်ရပါတယ်” လို့ ပဲခူးတိုင်းမဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် က ပြောပါတယ်။

ကချင်ဒေသမှာ တရုတ်တစ်သျှူးငှက်ပျောတွေကို စည်းကမ်းတကျ ထိန်းချုပ်နိုင်ဖို့ ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်တားမြစ်နိုင်ဖို့ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေကို ရရှိနိုင်ဖို့ ဌာနဆိုင်ရာအားလုံး ဟန်ချက်ညီညီပါဝင်ရေး အဆိုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း က တင်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဆိုကို မနေ့ကကျင်းပတဲ့ အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့သလို ဒီနေ့မှာလည်း ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးခဲ့ပါတယ်။ကျန်ရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးမယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌက ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စတင်စိုက်ပျိုးခဲ့တဲ့ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း လုပ်ငန်းတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး အခုဆိုရင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာပါ တစ်သျှူးငှက်ပျောတွေကို စိုက်ပျိုးလာနေတာ ဖြစ်ပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၄
Photo Credit : businessfocus.co.ug

( Zawgyi )

ကခ်င္ျပည္နယ္မွာ ဘိန္းအစားထိုး သီးႏွံအေနနဲ႔ စိုက္ပ်ိဳးေနတဲ့ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာေတြကို စနစ္တက်စိုက္ပ်ိဳးဖို႔နဲ႔ အခြန္ဘ႑ာရရွိဖို႔ လိုအပ္ေနတဲ့အေၾကာင္းကို ဒီဇင္ဘာ ၁၃ ရက္ေန႔က က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ ကိုယ္စားလွယ္ေတြက ဆက္လက္ေဆြးေႏြးခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္အတြင္းက သစ္ေတာဧရိယာေတြမွာပါ စိုက္ပ်ိဳးလာေနတဲ့ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးတာေတြကို တားျမစ္တာေတြ ဥပေဒနဲ႔ ထိန္းခ်ဳပ္တာေတြ မလုပ္ဘူးဆိုရင္ သစ္ေတာေတြျပဳန္းတီးၿပီး သဘာဝေဘးအႏၲရာယ္ေတြ ႀကဳံလာရႏိုင္တယ္လို႔ ကခ်င္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၈) လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္မႀကီး က ဆိုပါတယ္။

“တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္းေတြဟာ သာမန္အရပ္သားေတြရဲ႕ ေျမယာမွာသာမက အစိုးရသစ္ေတာႀကိဳးဝိုင္းအတြင္းမွာပါ ခ်ဲ႕ထြင္စိုက္ပ်ိဳးေနပါတယ္။မ်က္စိတစ္ဆုံး က်ယ္ဝန္းတဲ့ ငွက္ေပ်ာစိုက္ခင္းေတြနဲ႔ ဥဒဟိုသြားလာေနတဲ့ ႏိုင္ငံျခားသား တ႐ုတ္ပိုင္ကားေတြကိုလည္း ေတြ႕ေနရပါတယ္” လို႔ ေဒါက္တာခင္မႀကီး က ေျပာပါတယ္။

တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာေတြကို ဘိန္းအစားထိုး သီးႏွံအေနနဲ႔ ၂၀၀၆-၂၀၀၇ ခုႏွစ္ကတည္းက စတင္စိုက္ပ်ိဳးလာေနၿပီး လက္ရွိ ကခ်င္ျပည္နယ္အတြင္း ဧက တစ္သိန္းေက်ာ္ စိုက္ပ်ိဳးေနတာျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေထာက္ျပေျပာဆိုေနၾကပါတယ္။ဒါ့အျပင္ တ႐ုတ္ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးရာမွာ ပိုးသတ္ေဆးေတြ၊ ဓါတ္ေျမၾသဇာေတြ အလြန္အကြၽံသုံးၿပီး စိုက္ပ်ိဳးေနတာေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရးထိခိုက္တာ၊ သဘာဝေျမဆီလႊာေတြ ပ်က္စီးတာ၊ သစ္ေတာေတြျပဳန္းတီးတာ စတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ခံစားေနရတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုပါတယ္။

“တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးျခင္းနဲ႔ ပတ္သက္ၿပီး အမ်ားဆုံးအက်ိဳးရရွိသြားသူက တ႐ုတ္ႏိုင္ငံသား၊ စီးပြားေရးမသမာသူ လုပ္ေဆာင္ေနတဲ့ ကုမၸဏီေတြနဲ႔ အက်င့္ပ်က္ဝန္ထမ္းေတြပဲ ျဖစ္ပါတယ္။ဆိုးက်ိဳးေတြကိုေတာ့ ေဒသခံေတြနဲ႔ ျမန္မာႏိုင္ငံကပဲ ခံစားလိုက္ရပါတယ္” လို႔ ပဲခူးတိုင္းမဲဆႏၵနယ္ အမွတ္ (၁၁) လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝင္းျမင့္ က ေျပာပါတယ္။

ကခ်င္ေဒသမွာ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာေတြကို စည္းကမ္းတက် ထိန္းခ်ဳပ္ႏိုင္ဖို႔ ေဘးထြက္ဆိုးက်ိဳးေတြကို ႀကိဳတင္တားျမစ္ႏိုင္ဖို႔ ရသင့္ရထိုက္တဲ့ အခြန္ဘ႑ာေတြကို ရရွိႏိုင္ဖို႔ ဌာနဆိုင္ရာအားလုံး ဟန္ခ်က္ညီညီပါဝင္ေရး အဆိုကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၄ ရက္ေန႔က ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခြန္ဝင္းေသာင္း က တင္သြင္းခဲ့တာျဖစ္ပါတယ္။အဲ့ဒီအဆိုကို မေန႔ကက်င္းပတဲ့ အစည္းအေဝးမွာ ကိုယ္စားလွယ္ ၅ ဦးက ေဆြးေႏြးခဲ့သလို ဒီေန႔မွာလည္း ကိုယ္စားလွယ္ ၃ ဦးက ေဆြးေႏြးခဲ့ပါတယ္။က်န္ရွိတဲ့ ကိုယ္စားလွယ္ေတြအေနနဲ႔ ဒီဇင္ဘာ ၁၆ ရက္ေန႔မွာ က်င္းပမယ့္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ ဆက္လက္ေဆြးေႏြးမယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌက ေၾကညာခဲ့ပါတယ္။

ကခ်င္ျပည္နယ္အတြင္းမွာ စတင္စိုက္ပ်ိဳးခဲ့တဲ့ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးျခင္း လုပ္ငန္းေတြဟာ ပိုမိုက်ယ္ျပန႔္လာေနၿပီး အခုဆိုရင္ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း စတဲ့ေဒသေတြမွာပါ တစ္သွ်ဴးငွက္ေပ်ာေတြကို စိုက္ပ်ိဳးလာေနတာ ျဖစ္ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၄
Photo Credit : businessfocus.co.ug