တရုတ်နှစ်ကူးကာလ ပြည်တွင်းဆန်ဈေးကျတတ်သော်လည်း ယခုနှစ်ထူးထူးခြားခြား အတက်ဘက်ရောက်နေ

တရုတ်နှစ်ကူးကာလ ပြည်တွင်းဆန်ဈေးကျတတ်သော်လည်း ယခုနှစ်ထူးထူးခြားခြား အတက်ဘက်ရောက်နေ

တရုတ်နှစ်သစ်ကူးကာလတွေမှာ ပြည်တွင်းမှာဆန်ဈေးကျတတ်ပေမယ့် အခုနှစ်မှာတော့ ဆန်ဈေးကမကျတဲ့အပြင် အတက်ဘက် ကိုပါရောက် သွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ကပြောပါတယ်။

“ကျွန်တော်တို့မှန်းထားတာက ဒေါ်လာဈေးကျတယ်၊ တရုတ်နှစ်သစ်ကူးလည်းဖြစ်တယ်ဆိုတော့ ဒီအတောအတွင်းမှာ ဒီဆန်ဈေးကျမယ် လို့ မှန်းထားတာ ပေါ့ အဲဒီအခြေအနေမျိုးမှာ တရုတ်ကဗိုင်းရပ်စ်ဖြစ်တယ် ဖြစ်တဲ့အတွက် တရုတ်ကိုပို့တဲ့ကုန်သည်တွေကလည်း ဆန်ကိုဝယ်စုတယ် ပြီးတော့ ပင်လယ် ရေကြောင်းကရောင်းတဲ့ကုန်သည်ကြီးတွေကလည်း စာချုပ်တွေချုပ်ထားတဲ့အတွက် အခု အချိန်မှာ သင်္ဘောတွေကပ်နေတဲ့အတွက် သူတို့လည်း အလုအ ယက်ဝယ်နေကြတယ်၊ ပြောင်းပြန်အချိုးဖြစ်သွားတာပေါ့၊ ထင်ထားတာ ထက်ပြောင်းပြန်ဖြစ်သွားတာပေါ့ ”လို့ ၎င်းကဆိုပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ ပြည်တွင်းကဆန်ကုန်သည်အများစုထင်မှတ်ထားတာက ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေချိန်လည်း ဖြစ်တာကြောင့် ဆန်တင်ပို့မှုရပ်သွားမယ်လို့ထင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်းဆန်တင်ပို့မှုမရပ်ခဲ့ကြောင်း၊ လတ်တလောအခြေအနေဟာ ပြည်တွင်းမှာလည်းဆန်စပါးဝယ်လို့ ကောင်းတဲ့အခြေအနေဖြစ်တာကြောင့် ဆန်တွေကိုကုန်သည်တွေက ဝယ်စုတာမျိုးတွေလည်း ရှိကြောင်း၊ ကုန်သည်တစ်ချို့မှာလည်း နိုင်ငံရပ်ခြားကို ဆန်အများအပြားရောင်းထားတဲ့အတွက် လတ်တလောအခြေအနေမှာ အလုအယက်ဝယ်နေရတဲ့အခြေအနေမျိုးတောင်ဖြစ်နေကြောင်း သိရပါတယ်။

“ထင်တဲ့အတိုင်းပြောရမယ်ဆိုရင်တော့ ဆန်ဈေးကတော့အကျဖက်မရှိတော့ဘူးပေါ့၊ အကျဖက်မရှိတော့ဘူးဆိုတာက နွေစပါး ဆိုရင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မစိုက်ကြရဘူး၊ ဆန်ရောင်းထားတဲ့အခြေအနေကလည်း များတယ်၊ တရုတ်ကလည်း ဝယ်ပြီဆိုတဲ့အချိန်ကျရင် အင်တိုက်အားတိုက်ဝယ် မယ်လို့ ခန့်မှန်းမိတယ်၊ နောက်တစ်ခုကက အခုက ကုန်သည်လက်ထဲမှာပဲ ဆန်စပါးကရှိနေတော့တာပေါ့ဗျာ စက်ပိုင်လက်ထဲမှာပဲရှိတယ် တောင်သူလက်ထဲမှာတော့မရှိသလောက်ပါပဲ၊ အဲဒါ ကြောင့်မို့လို့ ဆန်စပါးကကျစရာမရှိတော့ဘူးပေါ့ ”လို့လည်း ၎င်းကပြောပါတယ်။

ဒါကြောင့်မို့လို့လည်း အခုနှစ်တရုတ်နှစ်သစ်ကူးကာလမှာ ဆန်ဈေးမကျဘဲ အတက်ဘက်ကိုတောင်ဦး တည်နေတာလို့  ဆန်ကုန်သည် တွေ ကပြောတာပါ။ မန္တလေးဆန်ကုန်သည်လောကရဲ့ လတ်တလောဆန်ဈေးနှုန်းက မန္တလေးမှာဆိုရင် မတ္တရာကထွက်တဲ့ တစ်သောင်း ရှစ်ထောင်ငါးရာဈေး လောက်ရှိတဲ့ ဆန်က အခု နှစ်သောင်းငါးရာလောက်ဖြစ်သွားပြီး ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာ တစ်အိတ်ကို နှစ်ထောင်လောက်တက်သွားတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံကို ပြည်တွင်းမှာစားသုံးနေတဲ့ ပေါ်ဆန်မွှေး ဧရာမင်း မဂျမ်းတောကလွဲလို့ ကျန်တာအကုန်လုံးနီးပါး ဆန်ကွဲကြမ်း အထိတင်ပို့ရတာဖြစ် တယ်လို့သိရပါတယ်။

KT
မန္တလေး ၊ ဖေဖော်ဝါရီ ၄

(  Zawgyi  )

 တ႐ုတ္ႏွစ္သစ္ကူးကာလေတြမွာ ျပည္တြင္းမွာဆန္ေဈးက်တတ္ေပမယ့္ အခုႏွစ္မွာေတာ့ ဆန္ေဈးကမက်တဲ့အျပင္ အတက္ဘက္ ကိုပါေရာက္ သြားတယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္၊ မႏၲေလးတိုင္းေဒသႀကီး ဆန္စပါး ကုန္သည္မ်ား အေထြေထြအတြင္းေရးမႉး ဦးစိုင္းေက်ာ္ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔မွန္းထားတာက ေဒၚလာေဈးက်တယ္၊ တ႐ုတ္ႏွစ္သစ္ကူးလည္းျဖစ္တယ္ဆိုေတာ့ ဒီအေတာအတြင္းမွာ ဒီဆန္ေဈးက်မယ္ လို႔ မွန္းထားတာ ေပါ့ အဲဒီအေျခအေနမ်ိဳးမွာ တ႐ုတ္ကဗိုင္းရပ္စ္ျဖစ္တယ္ ျဖစ္တဲ့အတြက္ တ႐ုတ္ကိုပို႔တဲ့ကုန္သည္ေတြကလည္း ဆန္ကိုဝယ္စုတယ္ ၿပီးေတာ့ ပင္လယ္ ေရေၾကာင္းကေရာင္းတဲ့ကုန္သည္ႀကီးေတြကလည္း စာခ်ဳပ္ေတြခ်ဳပ္ထားတဲ့အတြက္ အခု အခ်ိန္မွာ သေဘၤာေတြကပ္ေနတဲ့အတြက္ သူတို႔လည္း အလုအ ယက္ဝယ္ေနၾကတယ္၊ ေျပာင္းျပန္အခ်ိဳးျဖစ္သြားတာေပါ့၊ ထင္ထားတာ ထက္ေျပာင္းျပန္ျဖစ္သြားတာေပါ့ ”လို႔ ၎ကဆိုပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးကာလမွာ ျပည္တြင္းကဆန္ကုန္သည္အမ်ားစုထင္မွတ္ထားတာက ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားေနခ်ိန္လည္း ျဖစ္တာေၾကာင့္ ဆန္တင္ပို႔မႈရပ္သြားမယ္လို႔ထင္ခဲ့ေၾကာင္း၊ ဒါေပမယ့္လည္းဆန္တင္ပို႔မႈမရပ္ခဲ့ေၾကာင္း၊ လတ္တေလာအေျခအေနဟာ ျပည္တြင္းမွာလည္းဆန္စပါးဝယ္လို႔ ေကာင္းတဲ့အေျခအေနျဖစ္တာေၾကာင့္ ဆန္ေတြကိုကုန္သည္ေတြက ဝယ္စုတာမ်ိဳးေတြလည္း ရွိေၾကာင္း၊ ကုန္သည္တစ္ခ်ိဳ႕မွာလည္း ႏိုင္ငံရပ္ျခားကို ဆန္အမ်ားအျပားေရာင္းထားတဲ့အတြက္ လတ္တေလာအေျခအေနမွာ အလုအယက္ဝယ္ေနရတဲ့အေျခအေနမ်ိဳးေတာင္ျဖစ္ေနေၾကာင္း သိရပါတယ္။

“ထင္တဲ့အတိုင္းေျပာရမယ္ဆိုရင္ေတာ့ ဆန္ေဈးကေတာ့အက်ဖက္မရွိေတာ့ဘူးေပါ့၊ အက်ဖက္မရွိေတာ့ဘူးဆိုတာက ေႏြစပါး ဆိုရင္လည္း တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔မစိုက္ၾကရဘူး၊ ဆန္ေရာင္းထားတဲ့အေျခအေနကလည္း မ်ားတယ္၊ တ႐ုတ္ကလည္း ဝယ္ၿပီဆိုတဲ့အခ်ိန္က်ရင္ အင္တိုက္အားတိုက္ဝယ္ မယ္လို႔ ခန႔္မွန္းမိတယ္၊ ေနာက္တစ္ခုကက အခုက ကုန္သည္လက္ထဲမွာပဲ ဆန္စပါးကရွိေနေတာ့တာေပါ့ဗ်ာ စက္ပိုင္လက္ထဲမွာပဲရွိတယ္ ေတာင္သူလက္ထဲမွာေတာ့မရွိသေလာက္ပါပဲ၊ အဲဒါ ေၾကာင့္မို႔လို႔ ဆန္စပါးကက်စရာမရွိေတာ့ဘူးေပါ့ ”လို႔လည္း ၎ကေျပာပါတယ္။

ဒါေၾကာင့္မို႔လို႔လည္း အခုႏွစ္တ႐ုတ္ႏွစ္သစ္ကူးကာလမွာ ဆန္ေဈးမက်ဘဲ အတက္ဘက္ကိုေတာင္ဦး တည္ေနတာလို႔  ဆန္ကုန္သည္ ေတြ ကေျပာတာပါ။ မႏၲေလးဆန္ကုန္သည္ေလာကရဲ႕ လတ္တေလာဆန္ေဈးႏႈန္းက မႏၲေလးမွာဆိုရင္ မတၱရာကထြက္တဲ့ တစ္ေသာင္း ရွစ္ေထာင္ငါးရာေဈး ေလာက္ရွိတဲ့ ဆန္က အခု ႏွစ္ေသာင္းငါးရာေလာက္ျဖစ္သြားၿပီး ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းမွာ တစ္အိတ္ကို ႏွစ္ေထာင္ေလာက္တက္သြားတယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံကို ျပည္တြင္းမွာစားသုံးေနတဲ့ ေပၚဆန္ေမႊး ဧရာမင္း မဂ်မ္းေတာကလြဲလို႔ က်န္တာအကုန္လုံးနီးပါး ဆန္ကြဲၾကမ္း အထိတင္ပို႔ရတာျဖစ္ တယ္လို႔သိရပါတယ္။

KT
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၄