တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဇွန်လအတွင်း ဒေါ်လာသန်း ၆၀၀ ကျော် လာရောက်ရင်းနှီးမြုပ်နှံ

တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဇွန်လအတွင်း ဒေါ်လာသန်း ၆၀၀ ကျော် လာရောက်ရင်းနှီးမြုပ်နှံ

စာရင်းအရ  ပြီးခဲ့သည့် မေလအတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန်ဒေါ်လာသန်း ၆၀၀ ကျော် လာရောက် ရင်းနှီးမြုပ်နှံခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ ကန်ဒေါ် လာ သုံးဘီလျံကျော်ထိ ရှိလာ ပြီဖြစ်ကြောင်း သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က ဇွန်လအတွက် ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ ဇွန်လအထိ ပြည်ပမှ FDI ဝင် ရောက်မှု ပမာဏမှာ ကန်ဒေါ်လာ ၃၁၅၉ ဒသမ ၇၄၁သန်းရှိခဲ့ရာ ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် ၃ လတာသာ လို တော့သည့်အတွက် ယခုဘဏ္ဍာနှစ် ပြည်ပရင်းနှီးမြုပ်နှံမှုပမာဏမှာ ဘဏ္ဍာနှစ် ၉ နှစ်အတွင်း အနည်းဆုံးဖြစ် လာဖွယ်ရှိနေပါတယ်။

ဇူလိုင်လအတွင်းထုတ်ပြန်သည့် ယခုထုတ်ပြန်ချက်အရ ဘရှုနိူင်းနိုင်ငံမှ ကန်ဒေါ်လာ ၃ ဒသမ ၁၈၉ သန်း၊ တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၁၁၄ ဒသမ ၁၂၈ သန်း၊ ဟောင်ကောင်မှ ကန်ဒေါ်လာ ၃၆ ဒသမ ၉၄၁ သန်း၊ ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ ၉ ဒသမ ၂၀၇ သန်း၊တောင်ကိုရီးယားမှ ကန်ဒေါ်လာ  ၁ ဒသမ ၃၇၇ သန်း၊ စင်ကာပူ မှ ကန်ဒေါ်လာ ၄၀၅ ဒသမ ၉၃၃ သန်း၊ထိုင်းမှ ကန်ဒေါ်လာ ၇၈ ဒသမ ၉၆၄ သန်း၊ဗြိတိန်မှ ကန်ဒေါ် လာ၄ ဒသ မ ၀၈၉ သန်း၊ဗီယက်နမ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနှင့် ထိုင်ဝမ်မှ ကန်ဒေါ်လာ ၄ ဒသမ ၉ သန်း အသီး သီး လာရောက်ရင်းနှီးမြုပ်နှံခဲ့တယ်ဆိုပါတယ်။

ဇွန်လအတွင်း ကန်ဒေါ်လာ သန်း ၆ဝဝကျော်လာရောက် ရင်းနှီးမြုပ်နှံခဲ့ရာ  လအလိုက် တွင် ယခင် ၈ လ ထက်ပိုခဲ့ပြီး ဧပြီလက နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၆၈၃ သန်း ၊ မေလ တွင် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈ သန်း၊ ဇွန်လတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကန်ဒေါ်လာ ၆၆၀ ဒသမ ၃၂၈ သန်း လာရောက် ရင်းနှီးမြုပ်နှံခဲ့သဖြင် ရင်းနှီးမြုပ်နှံမှုပမာဏ ပြန်လည်တိုးတက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းလာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအထိရှိရာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၀၈၉၂ ဒသမ ၀၆၁ သန်း(ဘီလျံ ၈၀ ကျော်)ရှိပြီးစင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် ဟောင်ကောင်တို့က အစဉ်လိုက် အများဆုံးရင်းနှီးမြုပ်နှံထားပါတယ်။

PWA
ရန်ကုန်၊ဇူလိုင် ၂၃

(  Zawgyi  )

 စာရင္းအရ  ၿပီးခဲ့သည့္ ေမလအတြင္း နိုင္ငံေပါင္း ၁၀ နိုင္ငံမွ ျမန္မာနိုင္ငံသို႔ ကန္ေဒၚလာသန္း ၆၀၀ ေက်ာ္ လာေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့သျဖင့္ လက္ရွိဘ႑ာႏွစ္အတြင္း ျပည္ပမွ ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ ကန္ေဒၚ လာ သုံးဘီလ်ံေက်ာ္ထိ ရွိလာ ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈ ဦးစီးဌာန (DICA)က ဇြန္လအတြက္ ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းအရ ဇြန္လအထိ ျပည္ပမွ FDI ဝင္ ေရာက္မႈ ပမာဏမွာ ကန္ေဒၚလာ ၃၁၅၉ ဒသမ ၇၄၁သန္းရွိခဲ့ရာ ယခုဘ႑ာႏွစ္ကုန္ဆုံးရန္ ၃ လတာသာ လို ေတာ့သည့္အတြက္ ယခုဘ႑ာႏွစ္ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈပမာဏမွာ ဘ႑ာႏွစ္ ၉ ႏွစ္အတြင္း အနည္းဆုံးျဖစ္ လာဖြယ္ရွိေနပါတယ္။

ဇူလိုင္လအတြင္းထုတ္ျပန္သည့္ ယခုထုတ္ျပန္ခ်က္အရ ဘရႈနိူင္းနိုင္ငံမွ ကန္ေဒၚလာ ၃ ဒသမ ၁၈၉ သန္း၊ တ႐ုတ္နိုင္ငံမွ ကန္ေဒၚလာ ၁၁၄ ဒသမ ၁၂၈ သန္း၊ ေဟာင္ေကာင္မွ ကန္ေဒၚလာ ၃၆ ဒသမ ၉၄၁ သန္း၊ ဂ်ပန္နိုင္ငံမွ ကန္ေဒၚလာ ၉ ဒသမ ၂၀၇ သန္း၊ေတာင္ကိုရီးယားမွ ကန္ေဒၚလာ  ၁ ဒသမ ၃၇၇ သန္း၊ စင္ကာပူ မွ ကန္ေဒၚလာ ၄၀၅ ဒသမ ၉၃၃ သန္း၊ထိုင္းမွ ကန္ေဒၚလာ ၇၈ ဒသမ ၉၆၄ သန္း၊ၿဗိတိန္မွ ကန္ေဒၚ လာ၄ ဒသ မ ၀၈၉ သန္း၊ဗီယက္နမ္မွ ကန္ေဒၚလာ ၁ ဒသမ ၆ သန္းႏွင့္ ထိုင္ဝမ္မွ ကန္ေဒၚလာ ၄ ဒသမ ၉ သန္း အသီး သီး လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့တယ္ဆိုပါတယ္။

ဇြန္လအတြင္း ကန္ေဒၚလာ သန္း ၆ဝဝေက်ာ္လာေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့ရာ  လအလိုက္ တြင္ ယခင္ ၈ လ ထက္ပိုခဲ့ၿပီး ဧၿပီလက နိုင္ငံေပါင္း ၁၀ နိုင္ငံမွ အေမရိကန္ေဒၚလာ ၅၄၅ ဒသမ ၆၈၃ သန္း ၊ ေမလ တြင္ နိုင္ငံေပါင္း ၇ နိုင္ငံမွ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈ သန္း၊ ဇြန္လတြင္ နိုင္ငံေပါင္း ၁၀ နိုင္ငံမွ ကန္ေဒၚလာ ၆၆၀ ဒသမ ၃၂၈ သန္း လာေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့သျဖင္ ရင္းႏွီးျမဳပ္ႏွံမႈပမာဏ ျပန္လည္တိုးတက္လာခဲ့ပါတယ္။

ျမန္မာနိုင္ငံအတြင္းလာေရာက္ရင္းႏွီးျမဳပ္ႏွံလုပ္ကိုင္သည့္ နိုင္ငံေပါင္း ၄၉ နိုင္ငံအထိရွိရာ စုစုေပါင္း ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ ၈၀၈၉၂ ဒသမ ၀၆၁ သန္း(ဘီလ်ံ ၈၀ ေက်ာ္)ရွိၿပီးစင္ကာပူ၊ တ႐ုတ္၊ ထိုင္းႏွင့္ ေဟာင္ေကာင္တို႔က အစဥ္လိုက္ အမ်ားဆုံးရင္းႏွီးျမဳပ္ႏွံထားပါတယ္။

PWA
ရန္ကုန္၊ဇူလိုင္ ၂၃