တရုတ် - မြန်မာ နှစ်နိုင်ငံ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသမည့် “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံ မိတ်ဆက်ပွဲကျင်းပ

တရုတ် - မြန်မာ နှစ်နိုင်ငံ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသမည့် “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံ မိတ်ဆက်ပွဲကျင်းပ

တရုတ် - မြန်မာ နှစ်နိုင်ငံ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသမည့် “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံ မိတ်ဆက်ပွဲအခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်၊ မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ Rosewood ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဌ Mr. Xu Lin ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး Mr. Yang Shouzheng နှင့် China Media Group ၏ အာရှ - အာဖရိကစင်တာ ညွှန်ကြားရေးမှူးချုပ်  Mr. AnXiaoyu နှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် ဥက္ကဌ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့အခမ်းအနားသို့ တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၉၄၉ ကနေပြီးတော့ ၂၀၁၉ အထိ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း (၇၀) ခန့် ကာလမှာ သူ့တိုင်းပြည်ကို ဖွံ့ဖြိုးလာအောင် ထူထောင်လာခဲ့တဲ့သမိုင်းကို ရိုက်ကူးပြသထားတယ်လို့ မြင်ရပါတယ်။အခုက အမြည်းလေးပဲကြည့်ရတာ အသေးစိတ်မကြည့်ရသေးဘူး။ဒါပေမယ့် သေချာတာကတော့ ၁၉၄၉ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေငြာတယ်။ကြေငြာပြီးတဲ့နောက် အခုနောက်ဆုံးမှာ တရုတ်ပြည်က ဘက်စုံဖွံ့ဖြိုးတိုးတက်လာတဲ့ အနေအထားတွေကို ပြသသွားတယ်။ဒါက တရုတ် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်ဖြစ်တယ်ပေါ့နော်။တရုတ်သမ္မတကြီး ရှီကျင့်ဖိန် မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့ဟာကို အထိမ်းအမှတ်ပြုပြီး သူတို့ပြသတဲ့ဟာဖြစ်တယ်။ဒါဟာ ဘာဖြစ်သလဲဆိုတော့ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုအတွက် အထောက်အကူဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမိုင်းကြောင်းသိရတယ်။သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို သိရတယ်။ဒီအထဲမှာကြည့်ရင်းနဲ့ ကျနော်တို့တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်အောင်ဆိုရင် ဘယ်ဟာတွေကတော့ ကျနော်တို့အတွက် အတုယူစရာဖြစ်တယ်ဆိုတာကို ကျနော်တို့လည်း စိတ်ကူးစိတ်သန်းတွေ ရတာပေါ့လေ။စိတ်ဓါတ်၊ ခွန်အားတွေလည်း ရနိုင်တာပေါ့ ကျနော်ကတော့ အဲ့လိုပဲမြင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး Mr. Yang Shouzheng ကလည်း “ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် တရုတ်နိုင်ငံရဲ့ နှစ် (၇၀) အတွင်းမှာ ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းကြီးကို အားလုံးပြည့်စုံစွာ ရိုက်ကူးတင်ဆက်ထားပြီးတော့ မြန်မာနိုင်ငံ ပြည်သူတွေအနေနဲ့လည်း အရမ်းကိုရင်းနှီးစွာ ခံစားရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့ နိုးထလာပြီး သာယာလာပြီးတော့ အင်အားကြီးမားတဲ့အဆင့်ကို ရောက်ရှိလာတဲ့အပိုင်းတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ကျနော်တို့ ဥက္ကဌကြီး ရှီကျင့်ဖိန် က မကြာခဏပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။တရုတ်နိုင်ငံ တရုတ်လူမျိုးတွေ တရုတ်အမျိုးသားတွေ နိုးထလာဖို့ဆိုတာ ကျနော်တို့ ဆိုင်းတွေဗုံတွေတီးနေလို့ အလွယ်တကူလေးဖြစ်လာမှာ မဟုတ်ပါဘူး။ဒါက ပြည်သူလူထုတစ်ရပ်လုံး ကြိုးစားအားထုတ်လာမှသာ ဖြစ်ပါတယ်။ပြောရရင် တရုတ် - မြန်မာ နှစ်နိုင်ငံဟာဆိုရင် နယ်နမိတ်ချင်းထိစပ်နေပြီးတော့ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ကံကြမ္မာတူအသိုင်းအဝိုင်း ဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လည်း တရုတ် - မြန်မာ နှစ်နိုင်ငံကြားထဲမှာ အိပ်မက်တွေရှိနေပါတယ်။တရုတ် - မြန်မာ ကြားထဲမှာဆိုရင်  ခေတ်သစ်ပိုးလမ်းမကြီးလည်း ရှိပါတယ်။တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်လည်း တည်ဆောက်ထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ မြန်မာနဲ့ တရုတ်နိုင်ငံကြားမှာ စီးပွားရေးကူးသန်းရောင်းဝယ်မှုတွေ ကြားထဲကနေတစ်ဆင့် အဆင့်ဆင့်နယ်ပယ်အသီးသီးမှာ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ “လမ်းမကြီးထက် ဒို့ချီတက်” မြန်မာဘာသာစကား နောက်ခံစကားပြော မှတ်တမ်းရုပ်သံကို China Media Group မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပိုင်းလျှင်မိနစ် ၃၀ ကြာမြင့်ကာ စုစုပေါင်း၂၄ ပိုင်း ပါဝင်သည့် မှတ်တမ်းရုပ်သံ အစီအစဉ်ဖြစ်ပါတယ်။ယင်းမှတ်တမ်းရုပ်သံ အစီအစဉ်ကို ယနေ့ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကာ SKY NET ရုပ်သံလိုင်းများတွင် စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ထိုမှတ်တမ်းရုပ်သံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ကာလတစ်လျှောက် လမ်းသစ်ထွင်ရာမှာ ကြုံဆုံခဲ့သည့် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ရပ်များနှင့် အရေးကြီးသည့် သမိုင်းဝင်အခမ်းအနားများကို မှတ်တမ်းတင်ထားကာ တရုတ်ပြည်သူ ထောင်ပေါင်းများစွာတို့၏ နေ့စဉ်လူနေမှုဘ၀  ပြောင်းလဲမှုကို ဖော်ပြထားသော မှတ်တမ်းရုပ်သံတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၅

( Zawgyi )

တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံ ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ျပသမည့္ “လမ္းမႀကီးထက္ ဒို႔ခ်ီတက္” မွတ္တမ္း႐ုပ္သံ မိတ္ဆက္ပြဲအခမ္းအနားကို ဒီကေန႔ ဇန္နဝါရီ ၁၅ ရက္၊ မြန္းလြဲ ၂ နာရီအခ်ိန္က ရန္ကုန္ၿမိဳ႕၊ ကမ္းနားလမ္းမွာရွိတဲ့ Rosewood ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အခမ္းအနားသို႔ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ ျပန္ၾကားေရး႐ုံး ဥကၠဌ Mr. Xu Lin ၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံး သံမႉး Mr. Yang Shouzheng ႏွင့္ China Media Group ၏ အာရွ - အာဖရိကစင္တာ ၫႊန္ၾကားေရးမႉးခ်ဳပ္  Mr. AnXiaoyu ႏွင့္ ေ႐ႊသံလြင္မီဒီယာကုမၸဏီလီမိတက္ ဥကၠဌ ဦးေက်ာ္ဝင္းႏွင့္ တာဝန္ရွိသူမ်ား အပါအဝင္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ဒီကေန႔အခမ္းအနားသို႔ တက္ေရာက္လာတဲ့ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္ က “တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ၁၉၄၉ ကေနၿပီးေတာ့ ၂၀၁၉ အထိ ျဖတ္သန္းခဲ့တဲ့ ႏွစ္ေပါင္း (၇၀) ခန႔္ ကာလမွာ သူ႔တိုင္းျပည္ကို ဖြံ႕ၿဖိဳးလာေအာင္ ထူေထာင္လာခဲ့တဲ့သမိုင္းကို ႐ိုက္ကူးျပသထားတယ္လို႔ ျမင္ရပါတယ္။အခုက အျမည္းေလးပဲၾကည့္ရတာ အေသးစိတ္မၾကည့္ရေသးဘူး။ဒါေပမယ့္ ေသခ်ာတာကေတာ့ ၁၉၄၉ မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအျဖစ္ ေၾကျငာတယ္။ေၾကျငာၿပီးတဲ့ေနာက္ အခုေနာက္ဆုံးမွာ တ႐ုတ္ျပည္က ဘက္စုံဖြံ႕ၿဖိဳးတိုးတက္လာတဲ့ အေနအထားေတြကို ျပသသြားတယ္။ဒါက တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အထိမ္းအမွတ္ျဖစ္တယ္ေပါ့ေနာ္။တ႐ုတ္သမၼတႀကီး ရွီက်င့္ဖိန္ ျမန္မာႏိုင္ငံကို အလည္အပတ္လာေရာက္တဲ့ဟာကို အထိမ္းအမွတ္ျပဳၿပီး သူတို႔ျပသတဲ့ဟာျဖစ္တယ္။ဒါဟာ ဘာျဖစ္သလဲဆိုေတာ့ ႏွစ္ႏိုင္ငံ အျပန္အလွန္နားလည္မႈအတြက္ အေထာက္အကူျဖစ္ပါတယ္။ဒါကိုၾကည့္ျခင္းအားျဖင့္ ျမန္မာက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ သမိုင္းေၾကာင္းသိရတယ္။သူ႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္လာပုံကို သိရတယ္။ဒီအထဲမွာၾကည့္ရင္းနဲ႔ က်ေနာ္တို႔တိုင္းျပည္လည္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ဆိုရင္ ဘယ္ဟာေတြကေတာ့ က်ေနာ္တို႔အတြက္ အတုယူစရာျဖစ္တယ္ဆိုတာကို က်ေနာ္တို႔လည္း စိတ္ကူးစိတ္သန္းေတြ ရတာေပါ့ေလ။စိတ္ဓါတ္၊ ခြန္အားေတြလည္း ရႏိုင္တာေပါ့ က်ေနာ္ကေတာ့ အဲ့လိုပဲျမင္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံး သံမႉး Mr. Yang Shouzheng ကလည္း “ဒီမွတ္တမ္း႐ုပ္ရွင္မွာဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ႏွစ္ (၇၀) အတြင္းမွာ ျဖတ္သန္းခဲ့တဲ့ လမ္းေၾကာင္းႀကီးကို အားလုံးျပည့္စုံစြာ ႐ိုက္ကူးတင္ဆက္ထားၿပီးေတာ့ ျမန္မာႏိုင္ငံ ျပည္သူေတြအေနနဲ႔လည္း အရမ္းကိုရင္းႏွီးစြာ ခံစားရမွာျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံအေနနဲ႔ ႏိုးထလာၿပီး သာယာလာၿပီးေတာ့ အင္အားႀကီးမားတဲ့အဆင့္ကို ေရာက္ရွိလာတဲ့အပိုင္းေတြကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။က်ေနာ္တို႔ ဥကၠဌႀကီး ရွီက်င့္ဖိန္ က မၾကာခဏေျပာတဲ့ စကားတစ္ခြန္းရွိပါတယ္။တ႐ုတ္ႏိုင္ငံ တ႐ုတ္လူမ်ိဳးေတြ တ႐ုတ္အမ်ိဳးသားေတြ ႏိုးထလာဖို႔ဆိုတာ က်ေနာ္တို႔ ဆိုင္းေတြဗုံေတြတီးေနလို႔ အလြယ္တကူေလးျဖစ္လာမွာ မဟုတ္ပါဘူး။ဒါက ျပည္သူလူထုတစ္ရပ္လုံး ႀကိဳးစားအားထုတ္လာမွသာ ျဖစ္ပါတယ္။ေျပာရရင္ တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံဟာဆိုရင္ နယ္နမိတ္ခ်င္းထိစပ္ေနၿပီးေတာ့ သဘာဝအေလွ်ာက္ျဖစ္ေပၚေနတဲ့ ကံၾကမၼာတူအသိုင္းအဝိုင္း ျဖစ္ပါတယ္။အဲ့ဒါေၾကာင့္မို႔လည္း တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံၾကားထဲမွာ အိပ္မက္ေတြရွိေနပါတယ္။တ႐ုတ္ - ျမန္မာ ၾကားထဲမွာဆိုရင္  ေခတ္သစ္ပိုးလမ္းမႀကီးလည္း ရွိပါတယ္။တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန္လည္း တည္ေဆာက္ထားတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္မို႔ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံၾကားမွာ စီးပြားေရးကူးသန္းေရာင္းဝယ္မႈေတြ ၾကားထဲကေနတစ္ဆင့္ အဆင့္ဆင့္နယ္ပယ္အသီးသီးမွာ အခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ကိုလည္း ေမွ်ာ္လင့္ထားပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ “လမ္းမႀကီးထက္ ဒို႔ခ်ီတက္” ျမန္မာဘာသာစကား ေနာက္ခံစကားေျပာ မွတ္တမ္း႐ုပ္သံကို China Media Group မွ ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး တစ္ပိုင္းလွ်င္မိနစ္ ၃၀ ၾကာျမင့္ကာ စုစုေပါင္း၂၄ ပိုင္း ပါဝင္သည့္ မွတ္တမ္း႐ုပ္သံ အစီအစဥ္ျဖစ္ပါတယ္။ယင္းမွတ္တမ္း႐ုပ္သံ အစီအစဥ္ကို ယေန႔ဇန္နဝါရီ ၁၅ ရက္ေန႔မွ စတင္ကာ SKY NET ႐ုပ္သံလိုင္းမ်ားတြင္ စတင္ထုတ္လႊင့္ျပသသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ဒါ့အျပင္ ထိုမွတ္တမ္း႐ုပ္သံသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္သည့္ ကာလတစ္ေလွ်ာက္ လမ္းသစ္ထြင္ရာမွာ ႀကဳံဆုံခဲ့သည့္ စိတ္လႈပ္ရွားဖြယ္ရာျဖစ္ရပ္မ်ားႏွင့္ အေရးႀကီးသည့္ သမိုင္းဝင္အခမ္းအနားမ်ားကို မွတ္တမ္းတင္ထားကာ တ႐ုတ္ျပည္သူ ေထာင္ေပါင္းမ်ားစြာတို႔၏ ေန႔စဥ္လူေနမႈဘ၀  ေျပာင္းလဲမႈကို ေဖာ္ျပထားေသာ မွတ္တမ္း႐ုပ္သံတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၅