တာဝန်ယူရမည် တာဝန်ခံရမည် တာဝန်ကျေရမည် ဟု သူရဦးရွှေမန်းဆို

  တာဝန်ယူရမည် တာဝန်ခံရမည် တာဝန်ကျေရမည် ဟု သူရဦးရွှေမန်းဆို

လုပ်သင့်လုပ်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုပြီး တာဝန်ယူရမည်၊ တာဝန်ခံရမည်၊ တာဝန်ကျေရမည်ဟု ပြည်သူ့ကောင်းကျိုးဆောင် ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း ကပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားမှုကို သြဂုတ် ၈ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစရှိသည့်မြို့နယ်များရှိ UBP ပါတီရုံးတွင်ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ စဉ် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့တာပါ။

ထိုသို့တွေ့ဆုံရာတွင် UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်း က "တောင်သူလယ်သမားများ ပြောကြားချက်အရ ကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမိုသိရှိ ရသဖြင့် စိတ်မကောင်းဖြစ်မိပါတယ်၊နားလည်စာနာပါတယ်။ နိုင်ငံမှာ အများစုဖြစ်တဲ့တောင်သူလယ်သမား များရဲ့ ဘဝတိုးတက်မြင့်မားရေးအတွက်ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ယူစဉ် ကတောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊အောက်တိုဘာလမှာ ပြဌာန်းပေးခဲ့ပြီးဖြစ်ပါတယ်။တောင်သူလယ်သမားများရဲ့အရင်းအနှီး အတွက် လိုအပ်သည့်ချေးငွေနဲ့အကူအညီပေးဖို့နည်းပညာနဲ့သွင်းအားစုများပံပိုးပေးဖို့လယ်ယာထုတ်ကုန်များအတွက် သင့်တင့်သောဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးကူညီဆောင်ရွက်ဖို့ ပျက်စီးဆုံးရှုံးမှုများအတွက်ကူညီပံပိုးရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကိုအကာအကွယ်ပေးပြီး အကျိုးစီးပွားကိုမြှင့်တင်ပေးရန်ဆိုသည့်ရည်ရွယ်ချက်တွေနဲ့ခိုင်မာစွာရပ်တည်ဆောင်ရွက်ပေးနိုင်အောင်ဥပဒေပြဌာန်းပြီးဖြစ်ပါတယ်။ဒီဥပဒေအတိုင်းဆောင်ရွက်ပေးနိုင်လျှင် ယခုအခက်အခဲများကို ပြေလည်အောင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

ယင်းကဲ့သို့တွေ့ဆုံစဉ်တရားဥပဒေစိုးမိုးရေး၊ဥပဒေရေးရာကိစ္စရပ်များ၊လယ်ယာမြေဆိုင်ရာကိစ္စရပ်များ၊ပညာရေး၊ကျန်းမာရေး၊ပါတီစည်းရုံးရေးနှင့်ပါတီဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာကြသူဒေသခံများ က ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီးမေးမြန်းအကြံပြုမှုများကို ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

 ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၉
ဓါတ်ပုံ - UBP

(  Zawgyi  )

 လုပ္သင့္လုပ္ထိုက္သည္မ်ားကို ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရန္လိုၿပီး တာဝန္ယူရမည္၊ တာဝန္ခံရမည္၊ တာဝန္ေက်ရမည္ဟု ျပည္သူ႔ေကာင္းက်ိဳးေဆာင္ ပါတီ ေခါင္းေဆာင္ သူရဦးေ႐ႊမန္း ကေျပာၾကားလိုက္ပါတယ္။ အဆိုပါေျပာၾကားမႈကို ၾသဂုတ္ ၈ ရက္ေန႔က ဒီပဲယင္းၿမိဳ႕နယ္၊ ကြၽန္းလွၿမိဳ႕နယ္၊ တန႔္ဆည္ၿမိဳ႕နယ္ႏွင့္ ေရဦးၿမိဳ႕နယ္ အစရွိသည့္ၿမိဳ႕နယ္မ်ားရွိ UBP ပါတီ႐ုံးတြင္ေဒသခံျပည္သူလူထုႏွင့္ေတြ႕ဆုံ စဥ္ ၎ကအထက္ပါအတိုင္းေျပာၾကားခဲ့တာပါ။

ထိုသို႔ေတြ႕ဆုံရာတြင္ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္း က "ေတာင္သူလယ္သမားမ်ား ေျပာၾကားခ်က္အရ ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားကို ပိုမိုသိရွိ ရသျဖင့္ စိတ္မေကာင္းျဖစ္မိပါတယ္၊နားလည္စာနာပါတယ္။ ႏိုင္ငံမွာ အမ်ားစုျဖစ္တဲ့ေတာင္သူလယ္သမား မ်ားရဲ႕ ဘဝတိုးတက္ျမင့္မားေရးအတြက္ျပည္ေထာင္စု လႊတ္ေတာ္နာယက တာဝန္ယူစဥ္ ကေတာင္သူလယ္သမားအခြင့္အေရးကာကြယ္ေရးႏွင့္အက်ိဳးစီးပြားျမႇင့္တင္ေရးဥပေဒကို ၂၀၁၃ ခုႏွစ္၊ေအာက္တိုဘာလမွာ ျပဌာန္းေပးခဲ့ၿပီးျဖစ္ပါတယ္။ေတာင္သူလယ္သမားမ်ားရဲ႕အရင္းအႏွီး အတြက္ လိုအပ္သည့္ေခ်းေငြနဲ႔အကူအညီေပးဖို႔နည္းပညာနဲ႔သြင္းအားစုမ်ားပံပိုးေပးဖို႔လယ္ယာထုတ္ကုန္မ်ားအတြက္ သင့္တင့္ေသာေဈးႏႈန္းႏွင့္ ေဈးကြက္ရရွိေရးကူညီေဆာင္႐ြက္ဖို႔ ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ကူညီပံပိုးရန္၊ ေတာင္သူလယ္သမားမ်ား၏ အခြင့္အေရးကိုအကာအကြယ္ေပးၿပီး အက်ိဳးစီးပြားကိုျမႇင့္တင္ေပးရန္ဆိုသည့္ရည္႐ြယ္ခ်က္ေတြနဲ႔ခိုင္မာစြာရပ္တည္ေဆာင္႐ြက္ေပးႏိုင္ေအာင္ဥပေဒျပဌာန္းၿပီးျဖစ္ပါတယ္။ဒီဥပေဒအတိုင္းေဆာင္႐ြက္ေပးႏိုင္လွ်င္ ယခုအခက္အခဲမ်ားကို ေျပလည္ေအာင္ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ယင္းကဲ့သို႔ေတြ႕ဆုံစဥ္တရားဥပေဒစိုးမိုးေရး၊ဥပေဒေရးရာကိစၥရပ္မ်ား၊လယ္ယာေျမဆိုင္ရာကိစၥရပ္မ်ား၊ပညာေရး၊က်န္းမာေရး၊ပါတီစည္း႐ုံးေရးႏွင့္ပါတီဖြဲ႕စည္းေရးဆိုင္ရာကိစၥရပ္မ်ားကို တက္ေရာက္လာၾကသူေဒသခံမ်ား က ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကၿပီးေမးျမန္းအႀကံျပဳမႈမ်ားကို ပါတီ၏ေခါင္းေဆာင္ သူရဦးေ႐ႊမန္းက ျပန္လည္ ရွင္းလင္းေျဖၾကားေပးခဲ့တယ္လို႔လည္း သိရပါတယ္။

 ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၉
ဓါတ္ပုံ - UBP